ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......
Sunday, September 22, 2013
( ကျန်းမာရေး ဆိုင်ရာ ကမ္ဘာ့ စကားပုံများ
( ကျန်းမာရေး ဆိုင်ရာ ကမ္ဘာ့ စကားပုံများ )***************************အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)အစားလွန်၍ သေဆုံးရသူ ဦးရေမှာ စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရ သူများထက် ပိုလွန်နေသည်။ (ပြင်သစ်)တန် ဆေး၊ လွန် ဘေး။(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်)
ခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ
ခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ
ခုခံအားကျဆင်းမူ ကူးစက်ရောဂါ Acquired Immunodeficiency Syndrome (AIDS) ဆိုသည်မှာ Human Immunodeficiency Virus(HIV) ခေါ် ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ခန္ဓာကိုယ်တွင်းရှိ ရောဂါကို ခုခံတိုက်ဖျက်သည့် စနစ်၏ လုပ်ငန်းထမ်းဆောင်မှုများ ကျဆင်းကာ အခြားသော ကူးစက်ရောဂါများ၊ ကင်ဆင်ရောဂါများ ပိုမိုဆင့်ပွားဖြစ်ပွား တက်သည့် ကူးစက်ရောဂါ တစ်မျိုး ဖြစ်သည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS နှင့် ကမ္ဘာ
တစ်ကမ္ဘာလုံးတွင် HIV ရောဂါပိုးရှိသူပေါင်းတွင် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလအထိ ၄၂ သန်းခန့်သည် လောလောဆယ်၌ အသက်ရှင်လျက်ရှိပြီး လူပေါင်း ၂၁ သန်းခန့်သည် ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ကြောင့် သေဆုံးခဲ့ရပြီး ဖြစ်ပါသည်။ ၂၀၀၄ ခုနှစ်အတွင်း ရောဂါအသစ် ထပ်မံ ကူးစက်ခံရသူပေါင်းမှာ ငါးသန်းခန့်ရှိပြီး AIDS ရောဂါကြောင့်သေဆုံးသူပေါင်းမှာ ၃ ဒသမ ၁ သန်းခန့် ရှိပါသည်။ ထိုအထဲတွင် အမျိုးသမီး ၁ ဒသမ ၁ သန်းခန့်နှင့်
ခေါ်သံ
ခေါ်သံ
ညမှောင်မှောင်ထဲအိပ်မောကျနေတဲ့
တိတ်ဆိတ်ခြင်းတွေအပေါ်
အသာလေးဖြတ်လျှောက်
ဖြောက်ဆိုတဲ့
သစ်ကိုင်းခြောက်ကျိုးသံနဲ့အတူ
Monday, September 16, 2013
လက်သည်းအရောင်လေးတွေ
လက်သည်း
nailart-icon
ကဲ။ ဒီတစ်ခါတော့ မိန်းကလေးတွေအတွက် အထူးရှယ်တင်ပေးပါတယ်။ ကျွန်တော်ခုလက်ရှိတွေ့တဲ့ version က 1.2 ပါ။ ခု ဒီ လက်သည်းအရောင်တွေ လှပအောင် ပြင်နည်းတွေကို Android ဖုန်းရှိသူတိုင်းအတွက် ကောင်းမှာပါ။ မမကြီးတို့ လက်သည်းတွေနဲ့ ကိုက်ညီမယ့် ဒီဇိုင်းတွေလည်း အဲ့ဒီအထဲမှာ အများကြီးထည့်ထားပါတယ်။ ဒီနည်းလမ်းတွေဖတ်လိုက်တာနဲ့တင် Aroma တို့ လက်သည်းပြင်ဆိုင်တွေကို ငွေကြေးအများကြီးကုန်ပြီးသွားစရာမလိုတော့ပါဘူး။ ပြီးတော့ လက်သည်းနဲ့ပတ်သတ်တဲ့ လျို့ဝှက်ချက်၊ အလွယ်နည်း ၊ ကျန်းမာရေးပါ ထည့်သွင်းပေးထားပါတယ်။ အားလုံးကို ကျွန်တော်တို့သုံးနေတဲ့ မြန်မာ မိခင်ဘာသာစကားကိုသုံးထားပါတယ်။ အားလုံးပဲ screenshot ကိုကြည့်ပါ။ Links Eှစ်ခုပေးထားမယ်။ ကြိုက်တဲ့လင့်ကသာ ဒေါင်းခဲ့ဗျာ။
nail-art-photo2
nail-art-photo3
nail-art-photo5
Download => Link 1 / Link 2
..............ပ်ုစ့်အဆုံး..........
ကောင်လေး
ကောင်လေး
`ငါ နင့်ကို ပုံပြင်တပုဒ်ပြောပြမယ်´
ကောင်မလေး : ပြောလေ။
ကောင်လေးက ပြောတယ်။
`ဟိုးရှေးရှေးတုန်းက ရွာလေး
ha ha
hahaha.....
ပျိုမေတို့အတွက်စာ
အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့် ပတ်သက်၍
အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့် ပတ်သက်၍
မြန်မာ လူမျိုး များ အတွက် မှတ်သားသင့်သော စကားစုများ..အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး
“ ပါသုံးပါ၊ ချာသုံးချာ၊ ကွာသုံးကွာ”
ဟူသော ရှေးရိုးစဉ်လာ စကားမှာလည်း မှတ်သားလိုက်နာဖွယ်ကောင်းလှသည်။၎င်းတို့ မှာ..
“ ပါသုံးပါ “ ဟူသည်
( ၁ ) အကြွေးတွေပါလာသူ၊
( ၂ ) ရောဂါဘယ ပါလာသူ၊
မနိုးချင်ပါ
မနိုးချင်ပါ
တငြိမ့် ငြိမ့်  နဲ့  ဂျုန်းဂျုန်းဂျက်သံများကြောင့်  ဒါ သူမ ရထားစီးနေတာဟု သိလိုက်ရသည်။ မျက်လုံးများဖွင့် ကြည့် မိတော့ တဖက်ခုံမှာ ဖေကြီးက လှဲကာ အိပ်နေသည်။ ဟုတ်သားပဲ နွေရာသီကျောင်းပိတ်ရက် မန်လေးသို့ သွားလည်နေကြခြင်းဆိုတာ စိတ်ထဲက အလိုလိုနားလည်မိသည်။ သေချာအောင် အောက်ကို ငုံ့ ကြည့်မိတော့  သူမအိပ်နေသော ခုံအောက်မှာ မေကြီး အငယ်မ နဲ့  အလတ်ကောင်တို့ ခြေထောက်တွေ ခေါင်းက ဖေကြီးအိပ်နေသော ခုံအောက်ကို ပြုလျှက် ပလပ်စတစ်အခင်း တစ်ထပ် စောင် တစ်ထပ်ခင်းကာ အိပ်နေကြသည်။
Sunday, September 8, 2013
လွမ်းလိုက်တာ ဆွယ်တာဖြူ
လွမ်းလိုက်တာ ဆွယ်တာဖြူ
တစ်ခါတစ်ရံ အတွေးတွေက
တစ်လောကလုံးကို လင်းစေတဲ့ လရောင်ဟာ
ငါးပေပတ်လည် အခန်းကျဉ်းထဲက ဖယောင်းတိုင်မီးလောက်
ကြိုးမဲ့ ဂစ်တာ
ကြိုးမဲ့ ဂစ်တာ
မနမ်းဘဲလည်း မွှေးရဲ့
မထွေးဘဲလည်း နွေးရဲ့
အတွေးရဲ့ ခမ်းဆောင်မြိုင်မှာ
ဇာတ်လမ်း
ဇာတ်လမ်း
ဇာတ်လမ်းကတော့ မသန်းပေါ့တဲ့။
တစ်ချို့ဇာတ်က ကြမ်းတယ်
တစ်ချို့ဇာတ်က ရမ်းတယ်
တစ်ချို့ဇာတ်က လွမ်းတယ် ။
Friday, September 6, 2013
ညလူ
ညလူ
အတူတူဘ၀တွေ
အတူမျှ ခံစားကြ
ခဏလေးပါပဲ
သူခွဲသွားခဲ့ပြီ..။
ဒီလိုနဲ့ ငါ့အဖြစ်က
အိပ်မက်အလယ်မှာ ပျော်ပါစေ
အိပ်မက်အလယ်မှာ ပျော်ပါစေ
Photo
အိပ်တော့ ကလေးလေးရေ....
မနက်ဖြန်ဆိုတာ ကလေးလေးအတွက်
တိုးတက်ရေးလမ်းတွေ
ခပ်ရှည်ရှည်လျှောက်ရမယ်လေ
အောင်မြင်ရေး ခြေလှမ်းတွေ
နွေး
နွေး
Photo
ချစ်စရာ
သူ့နာမည်လေး
နွေး ။
အပြုံးလေး နွေး
အမူအရာလေး နွေး
အေးအေးလေးရယ် ။
ဆံရှည်လေး နွေး
ပါးကွက်ကျားလေး နွေး
ရိုးရိုးလေးရယ် ။
အတွေးလေးတွေ နွေး
စကားလေးတွေ နွေး
ယဉ်ယဉ်လေးရယ် ။
တိတ်တခိုးအသည်းကွဲခြင်း
ဒီနေ့ ကျွန်တော်အိမ်ပြန်ရောက်ပါပြီ။အမိမြန်မာပြည်မှာ ၇ှိနေတဲ့  ကျွန်တော့် ရဲ့  အိမ်ကို ကျွန်တော်ပြန်ရောက်ခဲ့ ပြီ။ အဝေးမှာမအားလပ်နိုင်အောင် အလုပ်တွေများနေတဲ့ ကြားက တခါတရံသူမလေး ကို လွမ်းနေမိပါတယ်။