ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, September 8, 2013

လွမ်းလိုက်တာ ဆွယ်တာဖြူ

လွမ်းလိုက်တာ ဆွယ်တာဖြူ

တစ်ခါတစ်ရံ အတွေးတွေက
တစ်လောကလုံးကို လင်းစေတဲ့ လရောင်ဟာ
ငါးပေပတ်လည် အခန်းကျဉ်းထဲက ဖယောင်းတိုင်မီးလောက်
မလင်းဘူးလို့ ထင်နေတတ်တယ်။

အခန်းထဲကထွက်ပြီး
လရောင်အောက်မှာ
လမ်းလျှောက်ကြည့်လိုက်ပါလား
လမင်းရဲ့အလင်းဟာ
ဘယ်လောက်လင်းဖြာသလဲ သိရတာပေါ့။

ဟောဗျာ..
လေပြေလေညှင်းတွေတောင်မှ
ဆမ်းထားသေးသဗျ
သိက္ခာကြီးရင့်တဲ့ ငါ့ပါးပြင်ဟာ
အနမ်းခံလိုက်ရပြီ
နမ်းသွားတာ ခပ်ပျော့ပျော့လေညှင်းလေးထင်ရဲ့။

တစ်ခါတစ်ရံတော့...
ခပ်ကြမ်းကြမ်းလေက
ငါ့ပါးပြင်ကို လှမ်းရိုက်သွားတယ်
''ဖြန်း''ဆိုတဲ့အသံနဲ့အတူ
ဣနြေ္ဒရင့်ရင့်တွေ
ရှက်ယောင်သန်းသန်းနဲ့
ချမ်းတုန်နေတယ်။

လွမ်းလိုက်တာ ဆွယ်တာဖြူရယ်
ဆောင်းညအေးအေးထဲမှာ
ငါ့ကို နွေးထွေးပေးဖို့
မင်းကိုလွမ်းတယ်။

(မှတ်ချက် ။ အချစ်ကဗျာမဟုတ်ပါ။သာသနာပြုကြွစဉ်က ရှမ်းရိုးမတောင်ပေါ်က
ဆောင်းညအေးအေးတွေနဲ့အတူရေးခဲ့တဲ့ မြူနှင်းတွေကြားက အလွမ်းကဗျာလေး
တစ်ပုဒ်ပါ။)

အရှင်စန္ဒကုမာရ(ရွှေတြိဂံ)
၁၀-၀၇-၂၀၁၃(ဗုဒ္ဓဟူးနေ့)

No comments:

Post a Comment