ဒီနေ့ ကျွန်တော်အိမ်ပြန်ရောက်ပါပြီ။အမိမြန်မာပြည်မှာ ၇ှိနေတဲ့ 
ကျွန်တော့် ရဲ့  အိမ်ကို ကျွန်တော်ပြန်ရောက်ခဲ့ ပြီ။
အဝေးမှာမအားလပ်နိုင်အောင် အလုပ်တွေများနေတဲ့ ကြားက တခါတရံသူမလေး ကို
လွမ်းနေမိပါတယ်။
ပြန်လာဖို့ရက်တွေနီးလာလေလေ သူမလေးကိုလွမ်းမိတဲ
့စိတ်က ပိုကဲလာလေလေနဲ့ ပေါ့ ဗျာ။ လေယာဉ်ကွင်းမှာကြိုနေကြမယ်
့မိသားစုဝင်တွေထဲမှာ သူမလေးများပါလာ၇င်ဘယ်လောက်ကောင်းမလဲလို့ 
မဖြစ်နိုင်မှန်းသိသိနဲ့ တွေးနေမိပြန်ပါတယ်။
အခုကျွန်တော် အိမ်ပြန်ရောက်ပါပြီ။ ကျွန်တော့ မသွားခင်လွန်ခဲ့ တဲ့ 
ငါးနှစ်က အတိုင်းဆို ဒီလို အချိန်တွေဟာ သူမလေးရဲ့  အိမ်ပြန်ချိန်တွေပေါ့။
အခုတော့  သူမ ဘယ်အချိန်သွားတယ် ပြန်တယ်ဆိုတာ ကျွန်တော် စောင့် ကြည
့်ရအုန်းမှာပါ။လွန်ခဲ့ တဲ့  ငါးနှစ်က ကျောင်းသူကောင်မလေးဟာ အခုဆို
ဘာတွေများလုပ်နေပါ့ မလဲ အိမ်ရှေ့က ခုန်တန်းလေးမှာ ထိုင်ပြီး
သူမအကြောင်းတွေတွေးနေမိပါတယ်။ ထိုနေ့ က မိုးသာချုပ်သွားရောသူမ ကတော
့ကျွန်တော့ အိမ်ရှေ့ က ဖြတ်မလျှောက်ခဲ့ ပါဘူး။
ကျွန်တော်နဲ့
သူမ က တလမ်းတည်းနေပါတယ်။ ကျွန်တော်အိမ် က လမ်းထိပ်ဘက်မှာရှိတာမို့ 
တဘက်ပိတ်လမ်းဖြစ်တဲ့ အတွက် သူမဘယ်သွားသွား ကျွန်တော့် အိမ်ရှေ
့ကဖြတ်သွားရပါတယ်။ သူမက ကျွန်တော့် ထက်8 နှစ်လောက်တော့  ငယ်မယ်ဗျ။
ကျွန်တော် BE ဘွဲ့ ရတဲ့ နှစ်မှာ သူမက 8 တန်းကျောင်းသူပဲရှိသေးရဲ့။
ငယ်ငယ်တည်းက ဆံပင်တိုတိုဖောင်းဖောင်းလေး တရမ်းရမ်းနဲ့  မျက်လုံးပြာလဲ့ လဲ
့ဖြူဖြူသေးသေးချစ်စရာကလေးလေး အဖြစ် ချစ်စနိုး သတိထားနေမိခဲ့ ပြီး ကျွန်တော်
သူမကို မရိုးမသားစိတ်ဝင်စားမိတဲ့ အချိန်က သူမ 8 တန်းကျောင်းသူပဲ
၇ှိပါသေးတယ်။ ဆယ်ကျော်သက် လို့ ပြောလို့ ရတဲ့  အဲဒီအရွယ်မှာသူမ က
တခြားကောင်မလေးတွေလို လှချင်စိတ်မ၇ှိသေးတာ သိသာတယ်ဗျ။ ဟိုတုန်းကလိုပဲ
ကလေးလေးပုံစံနဲ့ ပြေးဟယ်လွှားဟယ်ဆော့ နေတုန်းပါ။
အဲဒီနေ့ 
ညနေခင်းက ကျွန်တော် အင်တာဗျုးဖြေပြီးပြန်လာတယ်။သူမက ကျွန်တော့ အိမ်ရှေ
့မှာ ကျွန်တော်တို့ အိမ်ဘေးက ချာတိတ်လေးနဲ့  အတူ ကြက်တောင်ရိုက်နေလေ၇ဲ့။
ဒူးအတိ ဘောင်းဘီ အကျပ်လေးနဲ့  လက်ပြတ်T SHIRT လေးကိုတွဲဝတ်ထားပါတယ်။
ရုတ်တရက် ကျွန်တော်မမှတ်မိပါဘူးဘယ်ကကောင်မလေးအမိုက်စားလေးလဲ့ လို
ငမ်းနေမိပါတယ် ။ ကျွန်တော့် နားကို ကြက်တောင်ကျလာတော့သူမ ကလည်း ကောက်ဖို့ 
လှည့် အကြည့် မှာ သူမနဲ့  ကျွန်တော် 2 ပေ အကွာလောက်ပဲ ၇ှိတော့တဲ
့အချိန်ကျမှ သူမ မှန်း ကျွန်တော် မှတ်မိသွားပါတယ်။ သူမက လန့် သွားတဲ
့ပုံစံနဲ့ မျက်လုံးလေးပြူးပြီး ရယ်ပြပါတယ်။ အဲဒီပုံစံလေးဟာ ကျွန်တော်
နှလုံးသားတည့် တည့် ကိုထိတော့ တာပါပဲ။ အဲဒီအချိန်က စပြီး သူမလေး
အပေါ်ချစ်စိတ်တွေဝင်လာခဲ့ တယ်ဆိုပါတော့ ။ အိမ်မက်တွေဘာတွေတောင်မက်လို့ ပေါ
့ဗျာ။
သူမ ကျောင်းသွားကျောင်းပြန်အချိန်တွေကိုကျွန်တော် စောင်
့ကြည့် နေမိပြန်ပါတယ်။ တခါတရန် အိမ်ဘေးက ချာတိတ်ဆီကနေ သူမ
အကြောင်းတွေအစ်အောက်မေးကြည့် မိတယ်။ ချာတိတ်နဲ့ သူမကိုကျွန်တော်က စ
သလိုလိုပြောပြီး အခြေနေတီးခေါက်မိတော့ ချာတိတ်က
“နေပါ ကိုကြီးရာသူ့ စကားကြီးစကားကြယ်ကိုကြောက်လွန်းလို့  လွတ်အောင်နေပါရစေ “
“ဘာလို့ လဲကွကောင်မလေးက မင်းနဲ့ လိုက်ပါတယ် ချစ်စရာလေးပါ”
“ချောတာကိုသိပါတယ်
သူက ဒီအချိန်သူ့ ကိုလိုက်တဲ့ သူက သူ့ ကိုဖျက်ဆီးတဲ့ သူတဲ့  နှောက်ယှက်တဲ
့သူတဲ့ စကားလုံးက လူနဲ့ မလိုက်ဘူး အမြင်ကပ်တယ် ကျွန်တော်ကတော့ 
သူငယ်ချင်းရင်းမို့ လားမသိဘူးHeart မထိဘူး ဗျာ”
ချာတိတ်လေးရဲ့စကားတွေကြားပြီးတော့ ကျွန်တော်ကြိတ်ပျော်ခဲ့ ရတယ်။
ကျွန်တော်လည်း
အလုပ်ရခဲ့ ပြီ။ သို့သော် သူမ ကျောင်းသွားချိန်ဟာ ကျွန်တော် ရုံးသွားမယ်
့အချိန်နဲ့ သိပ်မကွာပါဘူး။ တခါတလေသူမတို့ အနောက်နားကနေ ကပ်လိုက်သွားမိပြီး
သူမတို့ ပြောတာတွေ နားစွင့် မိပါတယ်။ သူမကစာကြမ်းပိုးလေးလည်းဖြစ်ပြန်ပါတယ်။
ဆရာမအကြောင်း ကျောင်းစာအကြောင်းကလွဲလို့  အထွေအထူးပြောတာမကြားဖူးပါဘူး။
ရင်ဖုန်းအဖြူ ခပ်ပွပွနဲ့ ကျောင်းစိမ်းလုံချည် အနည်းငယ်
ဆွေဆောင်းအောင်ဝတ်ကာကျောပိုးအိတ် အကြီးကြီးလွယ်ပြီး ထီးအရှည်ကိုလက်တဘက်က
ကိုင်ကာ မြေပြင်မှာ ထောက်ထောက်ပြီးဆော့ ကစားရင်းကျောင်းသွားတဲ့ သူမဟာ
ကျွန်တော့ မျက်လုံးထဲမှာတော့  အတော်ကလေးချစ်စဖွယ်ဖြစ်နေခဲ့ပါတယ်။
ညနေသုံးနာ၇ီ ကျောင်းဆင်းသော်လည်း ကျူ၇ှင်ဆက်တက်တဲ့သူမဟာ
ကျွန်တော်ရုံးမှပြန်ရောက်ပြီး ရေချိုးပြီး စ လောက် ခြောက်နာ၇ီခွဲ
ကျော်ကျော်လာက်မှာမှ ပြန်လာတတ်ပါတယ်။ ကျောင်းသွားကျောင်းပြန်ချိန်က လွဲလို
့သူမကို အပြင်မှာ တွေ့ ရခဲပါတယ်။ အတော့် ကို တခါတရန်မှသာ ကျွန်တော့် တို
့ဘေးအိမ်က သူရဆိုတဲ့ ချာတိတ်ဆီကို လာလည်တတ်ပါတယ်။တနင်္ဂနွေနေ
့မျိုးတွေဖြစ်နေတတ်တော့  ကျွန်တော်အားလပ်ရက်မျိုး နဲ
့တိုက်ဆိုင်နေတတ်တာမို့ သူလာတာကို ကျွန်တော် တွေ့ ရပါတယ်။ တခါတရန် သူရ နဲ
့အပြန်အလှန်ရန်ဖြစ်နေတဲ့ သူမ အသံကိုပါကြားရတတ်ပါတယ်။ ထိုအခါမျိုးမှာ
ကျွန်တော် တကိုယ်တည်းပြုံးနေမိပါတယ်။
အဲဒီနှစ်ကသင်္ကြန်မှာတော
့ ကျွန်တော့် အတွက် မမေ့ နိုင်တဲ့  အမှတ်တရ တခု ရခဲ့ ပါတယ်။
သင်္ကြန်လည်ရမှာကို ကျွန်တော် စိတ်မပါတော့ အိမ်မှာပဲ စာအုပ်တွေ လှိမ်
့ဖတ်နေမိပါတယ်။ မနက်တုန်းက သူရစက်ဘီးတစ်စင်းနဲ့ ထွက်သွားတာ တွေ့ လိုက်တော
့သူမလေးရော ဘာများလုပ်နေမှာလဲလို့ တွေးမိခဲ့ပါသေးတယ်။ နေ့ လည်ဘက်
အခန်းထဲမှာ စာအုပ်ဖတ်နေတုန်း ခြံရှေ့ က နေ
“အန်တီရေ အန်တီရေ” ဆိုတဲ့ အသံလေးကြားတော့  သူမ အသံများလားဆိုပြီးကုတင်ပေါ်ကနေ ၀ုန်းကနဲ ထ မိပါတယ် ။
အဲဒီအချိန်မှာ
မှာ ကျွန်တော့် ညီမ က ခြံတံခါးဖွင့် ပေးနေပါပြီ။ ကျွန်တော် အိမ်ေ၇ှ
့ခန်းထဲရောက်တော့ သူမ က ဖိနပ်ချွတ်နေရာလေးမှာ ၇ပ်နေပါတယ်။ ညီမလေးက သူမလာပို
့တဲ့ မုန့် လုံးရေပေါ်တွေကိုလှယ်ဖို့ မီးဖိုခန်းကိုသွားရင်း ထွက်လာတဲ
့ကျွန်တော့ ကို ဇဝေဇ၀ါကြည့် သွားပါတယ်။ သူမကလည်းကျွန်တော့ ကို
မျက်လုံးပြူးလေးနဲ့  ကြည့် နေပါတယ်။ ညီမတော်ကပြန်ထွက်လာပြီး သူ
့ကိုပန်းကန်ပြန်ပေးရင်း
“သံသာ ဒီနှစ်ကိုးတန်းတက်ရမှာလား” လို့ မေးတော့ 
“ဟုတ် မမ“ လို့ ပြန်ဖြေပါတယ်။ သူမက ကျွန်တော့ ညီမထက် ငါးနှစ်ငယ်နေခဲ့ တာကိုးး
ညီမတော် မေးသမျှကိုရိုရိုသေသေပုံစံလေးနဲ့ ပြန်ဖြေနေတဲ့ သူမကို ကျွန်တော်ပြုံးပြီး ငေးနေမိတယ်။
ကျွန်တော့ညီမကို
နုတ်ဆက်ပြီးထွက်သွားတဲ့ သူမ ကို ကျွန်တော်ရေလောင်းချင်စိတ်က
တားမရဆီးမရဖြစ်ခဲ့ပြီ။ ခြံတံခါး သံချိတ်ကို သူမဖွင့် နေတဲ့ အချိန်မှာ
ကျွန်တော်ကလည်း သောက်ရေပုလင်းထဲကရေကိုရေခွက်ထဲလောင်းထည့် ပြီး သူမဆီကို
အပြေးလွှားလာခဲ့ ပါတော့ တယ်။ သူမက ခြံပြင်ရောက်နေခဲ့ပြီ။
ကျွန်တော်ပြေးဆင်းလာတာကို သူမတွေ့ နေပေမယ့် ကျွန်တော်ရေလောင်းမှာကို
လုံးဝတွေးမထားတဲ့သူမ က အေးအေးဆေးဆေးပဲခြံတံခါးကိုတောင်ပြန်ပိတ်နေခဲ့ တယ်။
ခြံတခါးပိတ်ပြီး ပြန်လှည့် သွားတဲ့ သူမကို ကျွန်တော်က ခြံတခါးတွန်းဖွင့်ကာ
ရေလောင်းတော့  သူမ အလန့် တကြားဖြစ်ကာ ကျွန်တော့် ကို
ပြူးကြောင်ကြောင်လေးနဲ့  မော့ကြည့် ပါတယ်။ အံသြရိပ်တွေ စွန်းထင်းနေတဲ့ သူ
့မျက်ဝန်း လေးမှာ ကြည်လင်ဖြူစင်နေလေရဲ့။ လောင်းပြီးမှ ကျွန်တော်လည်း ကို
့ဖာသာကိုရှက်သွားမိပါတယ်။ ဟေးလားဝါးလားနေတတ်တဲ့ လူမျိုး မဟုတ်တဲ့ အပြင်
ခပ်တည်တည်တောင် နေမိတဲ့ သူမျိုးဆိုတော့  သူမကိုရေလောင်းမိတဲ့ အဖြစ်ဟာ
အားလုံးအတွက် အထူးအဆန်းဖြစ်နေမှာပါ။ ပထမဆုံးတွေ့ လိုက်ရတာက သူမရဲ့  အံ
့သြနေတဲ့မျက်ဝန်း နောက် အိမ်ပေါ်လှမ်းတက်လိုက်တော့  ပါးစပ်အဟောင်းသားနဲ့ 
ကျွန်တော့် ကို အံ့သြပြီး ငေးနေတဲ့  ညီမလေးကိုတွေ့ လိုက်ရတယ်။
ကျွန်တော်လည်း ရှက်ကန်းကန်းနဲ့ 
“ကလေးမ ကရေမဆိုသေးလို့ ” ဆိုပြီး ဖြေရှင်းသလိုပြောလိုက်မိတယ်။
ညီမတော်က
“ကိုကိုကလည်းကလေးကို
သူ့ မှာ ရေဆိုမှာဆိုးလို့  ရေမပက်တဲ့ နေ့ လည်ခင်းမှ လိုက်ဝေတာကို” လို
့ပြောပြီးကျွန်တော်ကို မသိမသာအကဲခတ်နေတယ်။ ကျွန်တော်လည်းသူ့ လက်ထဲက မုန်
့လုံးကို တစ်လုံးနှိုက်စားပြီး အခန်းထဲပြန်ဝင်ခဲ့ မိတော့ တယ်။ အဲဒါကအကျနေ
့ပါ။
အကြတ်နေ့ တနေ့လုံး သူမလေးကို လုံးဝ မတွေ့ ရပါဘူး
ရေလည်းထွက်ကစားတာမတွေ့ ရပါဘူး ။ အတက်နေ့ ရောက်တော့  သူရ ကို သူ့ 
သူငယ်ချင်းတွေနဲ့ အတူ သူတို့ အိမ်ရှေ့ မှာ ပုန်းတွေ ပလုံးတွေချ ပြီး
ရေပက်နေတာတွေ့တယ် ကျွန်တော်တောင် အိမ်ရှေ့ တံတားထွက်ပြီး လမ်းသွားလမ်းလာကြည
့်သလိုနဲ့ သူမတို့ အိမ်ကိုမျှော်ကြည့် မိသေးတယ်။ ခြံရှေ့ က ခုန်တန်းလေးမှာ
ထိုင်ရင်း သူရတို့  ရေကစားတာကို ငေးရင်းနားစွင့် မိတယ်။ အဖွဲ့ ထဲက
ချာတိတ်တစ်ယောက်က
“သံသာတို့အိမ်သွားရအောင် ရေသွားလောင်းမယ်လေ “ လို့  စ ပြောတော့ ကျွန်တော့် နား 2 ဘက်အစွမ်းကုန်စွင့်နေမိတော့ တာပေါ့  သူရ က
“ဘုရားအမကျောင်းအမက
ဘုန်းကြီးကျောင်းသွားနေတယ် ညနေမှပြန်ရောက်မှာ ညနေကျရင် အိုးမည်းသုတ်မလို့
ဒင်းကို ဟိုနေ့ က ငါ့ ကို မုန့် လုံးရေပေါ်ထဲကို ငရုတ်သီးထည်
့ပီးလုပ်ကြံထားလို့ လက်စားချေရမယ်”
မှုန်တေတေနဲ့ သူရပြောနေတာကို နားထောင်ပီး ညနေစောင်းမှ ပဲ အိမ်ေ၇ှ့ မှစောင့်ကြည့် တော့ မည် ဆုံးဖြတ်ကာ အိမ်ထဲဝင်ခဲ့ ပါတော့ တယ်။
ညနေစောင်းေ၇ာက်တော့
အတက်နေ့ ထုံးဆံအတိုင်း နေ၀င်သည့် တိုင် ရေပက်ကောင်းတုန်း။
စကဒ်ရှည်လေးဝတ်ထားတဲ့ သူမလေးက့  သူမ အဖွား အမေတို့ နဲ့ အတူ
ဘုန်းကြီးကျောင်းကပြန်လာပါတော့တယ်။ သူရက ကျွန်တော့ ထွက်ထိုင်နေတဲ့ 
ခုန်တန်းနားမှာ သူမ အလာကိုစောင့် နေပါတယ်။ ကျွန်တော်တို့ အိမ်ရှေ့ 
သူမမရောက်ခင်ကတည်းက သူ၇က
“သံသာရေ နင့်တို့ အိမ်ကို ငဖြိုးက မုန့် တွေလာပို့ ထားတယ် ငါ နင်မရှိလို့ သိမ်းထားပေးတယ် ၀င်ယူအုန်းနော်”
သူမက လူလည်မလေးပါသူရညာနေမှန်းသိတော့  သူမ အမေလက်ကိုဆွဲကာ
“စားပစ်လိုက်တော့ ငါ ဥပုသ်ယူထားတယ် “ လို့ စပ်ဖြဲဖြဲနဲ့  ငါသိပါတယ်ဆိုတဲ့ အပြုံးမျိုးပေါ့ ဗျာ ပြုံးရင်းဆိုလေရဲ့ ။
သူရကလည်း သူ့ အမေတွေ အဖွားတွေနဲ့ပါ ရင်းနှီးကြွမ်းဝင်ပီးသားဆိုတော့ 
ကြောက်မနေပါဘူး။ သူမလက်ကို အတင်းဆွဲပီး ဇွတ်ခေါ်တော့တယ်။ သူမလေးကလည်း
ရုန်းရင်းကန်ရင်းနဲ့ ခုန်တန်းဘေးမှာ မတ်တပ်ရပ်နေတဲ့  ကျွန်တော်
့ရင်ခွင်ထဲကိုအင့် ကနဲေ၇ာက်လာပါတော့ တယ်။ သူမကတော့ 
သူရလက်ကလွတ်ရေးသားအာရုံစိုက်နေသူမို့  ကျွန်တော့်ကိုယ်ကိုကွယ်ပြီး
သူရကိုပုန်းနေတော့ တယ်။ ကျွန်တော့် မှာသာ ရင်တွေ တဒိန်းဒိန်းခုန်ပေါ့။
သူမကတော့  သူရကို အော်ဟစ်ရင်း ကျွန်တော် နောက်ကနေ သူ့ အိမ်ဘက်ကို ပြေးဖို
့ချောင်းနေပါတော့တယ်။ သူရကလည်း အနေတည်တဲ့ ကျွန်တော့် ကို
နည်းနည်း၇ှိန်နေတော့  လိုက်မဆွဲရဲ ဘူး။ သူရအမေကိုအော်ဟစ်တိုင်တော့  သူရအမေက
ပါ ထွက်လာပြီး သူရကို ဆူပါတော့ တယ်။ သူမလေးကိုလည်း
“သံသာ
ဖြေးဖြေးသာသွားသမီး သူ လုပ်ကြည့်  ဆော်ပလော်တီးပစ်မယ်” လို့ အာမတွေခံတော
့မှ ကျွန်တော့် နောက်ကနေတရှိန်ထိုးပြေးပါတော့ တယ်။ ကျွန်တော့် မှာသာ
၇င်တွေပရမ်းပတာ ခုန်ပြီးကျန်နေရစ်တော့ တယ်။သူမနဲ့ ပတ်သတ်လို့  အနီးကပ်
မှတ်မှတ်၇ရ အဖြစ်က အဲဒီလောက်ပါပဲ။
နောက်ပိုင်း
ကျွန်တော်မသွားခင်အထိ သူမကျောင်းသွားကျောင်းပြန်ချိန်တွေလောက်ပဲတွေ
့နေရပါတော့ တယ်။ သူမက ဆယ်တုန်းကို3 D နဲ့ အောင်ခဲ့ ပါတယ်။
သူမ
ဒုတိယနှစ်တက်တဲ့အချိန်မှာ ကျွန်တော်လည်း အမိမြန်မာပြည်ကနေ ထွက်လာခဲ့ ရပါတော
့တယ်။ ဆယ်တန်းအောင်ပြီးကတည်းကသူမလေးဟာ ဆံပင်၇ှည်လေး စ ထားတာ ကျွန်တော်တွေ
့ရပါတယ်။ ပိုပြီးလည်း လှလာသလို သူရနဲ့ လည်းအရင်လို ရောရောထွေးထွေးနေတာ
သိပ်မတွေ့ ရတော့ ပါဘူး။ သူရက စစ်ဆေး တက်လို့  အိမ်မှာ နေခွင့်မ၇ှိတော
့တာကြောင့် လည်းပါမယ်ထင်ပါတယ်။
ကျွန်တော်သွားမယ့်နေ
့က ကားပေါ်အထုပ်တွေတင်နေတဲ့ အချိန် စာအုပ်တချို့ ကို ပွေ့ ပိုက်ပြီး
သူမပြန်လာပါတယ်။ကျွန်တော်ကားဘေးက အဖြတ်မှာ သူမကို ကျွန်တော်ကြည်
့နေမှန်းသိလို့  သူမကလည်း ပြန်ကြည့်ပြီး သန့် စင်သောအပြုံးတပွင့် နဲ
့ပြုံးပြပါတယ်။ ကျွန်တော် က
“သွားအုန်းမယ်ပြန်လာခဲ့ မယ်” လို့ ခပ်ကြောင်ကြောင် ကျွန်တော့် စကားကို သူမ က ကြားခဲ့ ရဲ့ လားတောင်မသိပဲဇဝေဇ၀ါပြုံးသွားတော့ တယ်။
အခုကျွန်တော်ပြန်ေ၇ာက်ပါပြီသူမကို
မတွေ့ ရသေးပါဘူး။ ဘယ်လိုစကားမျိုးနဲ့  ဘယ်သူ့ ကို စ မေးရမလဲဆိုတာလည်း
မသိပါဘူး။တညနေလုံးထိုင်စောင့် နေတာတောင်မှ သူမရဲ့  အရိပ်ကို မမြင်ရပါဘူး။
နောက်တနေ့  မနက်မိုးလင်းတော့ လက်ဖက်ရည်ဆိုင်ထိုင်ဖို့  ထွက်လာရင်းနဲ့  မှ
ဟုတ်သားပဲ လက်ဘက်ရည်ဆိုင် ထိုင်ရင်းတယောက်ယောက်ကို စကား ဆက်စပ်ပြီးမေးလို
့ရသားပဲ။ ကိုယ့် အတွေးနဲ့ ကိုယ် ကျေနပ်သွားပါတော့တယ်။
လက်ဖက်ရည်ဆိုင်ကျွန်တော်ေ၇ာက်ပြီးမကြာခင်မှာ
လူတစ်ယောက်ဝင်လာပါတယ် ကျွန်တော့် ကို ပြုံးပြီနေတဲ့ သူ
့ကိုမြင်ဖူးသလိုလိုပေမယ့်  ကျွန်တော်ဇဝေဇ၀ါဖြစ်နေခဲ့ ပါတယ်။
“ကိုကြီးပြန်ေ၇ာက်နေတာလား”
လို့  ကျွန်တော့် ကို နုတ်ဆက်တော့ မှ သူရ ကို မှတ်မိပါတော့ တယ်။သူရနဲ့ တွေ
့ရတာ ကျွန်တော် တော်တော်ပျော်သွားခဲ့ ပါတယ်။ သူရ ခွင့် ခဏပြန်နေတာ ဘာညာနဲ့
သူ့ အကြောင်းပြောတာနေတာကို ကျွန်တော် စိတ်မ၀င်စားပေမယ်
့ဝင်စားချင်ယောင်ဆောင်ပြီးသူမအကြောင်းမေးဖို့  အရှိန်ယူနေပါတယ်။
“မင်းသူငယ်ချင်းဟိုကောင်မလေးေ၇ာ ဘာတွေလုပ်နေလဲ ကျောင်းပြီးပြီလား” လို့ ကျွန်တော့် အမေးကို သူရက
ပြုံးကာ“သူ
master ဆက်တက်နေတယ် part time လည်း ၀င်ပေးနေတယ်”လို့ ဖြေပါတယ်။ သူရရဲ
့ဖြေသံတွေ အပြုံးတွေ ကို ကျွန်တော် မသင်္ကာပါဘူး။
မြွေမြွေချင်းခြေမြင်နေသလိုပဲ။သူရကို စ သလို နောက်သလိုနဲ့ 
“မင်းေ၇ာမစွန်သေးဘူးလား” လို့ မေးတော့ 
“ကိုကြီးရာအေးဆေးပေါ့  လာမယ်ကြာမယ် ကျွန်တော်ကထားပါတော့  ကိုကြီးကရော”
“ငါ လည်းအခုမှ အချစ်နဲ့ တွေ့ မလို့  အားမွေးတုန်းကွ” လို့  ရာဇသံပေးခဲ့ ပါတယ်။
သူရကတော့ သဘောပေါက်မပေါက်မသိပေမယ့် ရယ်နေခဲ့ ပါတယ်။ ခဏနေတော့ 
သူရမျက်လုံးတွေ လက်ကနဲ ဖြစ်ပြီး ပြုံးသွားတာနဲ့သူရမျက်လုံးသွားရာကိုကြည်
့မိတော့  ကျွန်တော့် ရဲ့  ကလေးလေး..။
ဆံနွယ်တွေကတင်ပါးအုပ်အထိ
နက်မှောင်အိစင်းကာ ၀ဲကျနေပုံများ Rဇာနည် သီချင်းတောင်
အော်ဆိုချင်စိတ်ပေါက်သွားတဲ့အထိပါ။ ဒီနေ့ စနေနေ့ ဆိုတော့ 
သူမအားလပ်ရက်ဖြစ်ပုံရပါတယ် ဈေးခြင်းလေးဆွဲကာ ထွက်လာတော့သူမဈေုးသွားမယ်ပေါ
့။ သူမတို့ အိမ်က ကလေးမလေးတစ်ယောက်လည်းပါ ပါတယ်။
သူမတော်တော်လေးကိုလှလာပါတယ်။ အိနြေလည်း တော်တော်ရပါတယ်။ ပန်းနုရောင်
ဘလောက်လေးနဲ့ လုံချည် အညိုနုပေါ်မှာပန်းရောင်အခက်လေးတွေပါတဲ့  အဆင်နဲ့ 
မနက်ခင်းနေခြည်နွေးနွေးအောက်မှာ ပန်းရောင်အလင်းတန်းလေးလင်းနေသလိုပါပဲ။
ကျွန်တော်ငေးနေတုန်း၇ှိသေးတယ်သူရက ပိုက်ဆံရှင်းပြီးနေခဲ့ ပါပြီ။
“ကိုကြီးရေလစ်အုန်းမယ်
ညမှ ကျွန်တော် လာခဲ့ အုန်းမယ် အခုတော့ လစ်ပြီ” ဆိုပြီး အပြေးတပိုင်းနဲ့
ပြေးထွက်သွားရာကိုကြည့် တော့  ကျွန်တော့  အလင်းတန်းလေးဆီကိုပါ။ သူမလေးက
သူရကိုတွေ့တော့ အနည်းငယ် နုတ်ခမ်းလေး ဆူကာ မျက်စောင်းတစ်စင်းနဲ့ 
နုတ်ဆက်ပါတယ်။ သူရမျက်နှာကိုမတွေ့ ရပေမယ့်  ပြုံးရယ်နေမယ်ဆိုတာ
ကျွန်တော်သိနေခဲ့ ပါတယ်။ ကျွန်တော့် ရဲ့  စိုးရိမ်ပူပန်စိတ်တွေဟာ
ဒီဂရီတော်တော်မြင့် တက်ခဲ့ ပါတယ်။ သူရ နဲ့ သူမကိုယှဉ်လျှက်မြင်လိုက်ရတော့
သူတို့  2 ယောက်ရဲ့ လိုက်ဖက်မှုကို မနာလိုဖြစ်နေမိပါတော့ တယ်။ အဲဒီညက သူရ
ကျွန်တော်ဆီမလာခဲ့ပါဘူး။ အဆောင်ပြန်သွားတာလို့  သူ့ အမေဆီကနေ သိခဲ့ ရပါတယ်။
သူမအသွားအပြန်မတွေ့ ရတဲ့ အဓိကအကြောင်းအရာက တော့ သူမဖေဖေက အလုပ်ကနေ
အငြိမ်းစားယူပြီး ကိုယ်ပိုင်အလုပ်လုပ်နေတော့အချိန်ပိုရလာပုံရပါတယ်
သူမဖေဖေကိုယ်တိုင် ကားနဲ့ အကြိုအပို့ လုပ်နေတာကို ကျွန်တော်သိလိုက်ရပါတယ်။
အပေါ်ထပ်ဝရန်တာကနေကျွန်တော်
ငေးနေတုန်း ဘေးကို ညီမလေးရောက်လာခဲ့ပါတယ်။ ၀ရန်တာကနေ သူရတို့ ဘက်က
သရက်ပင်က သီးနေတဲ့ သရက်သီးတွေကို ညီမတော်က ခူးမလို့ပါ။ သူရအမေကို တွေ့ တော
့ခွင့် လှမ်းတောင်းပါတယ်။ သူရအမေက
“ခူးခူး မမိုးရေအန်တီလည်း ခုပဲ သရက်သီးကို တော်ချင်နေတဲ့ ချွေးမဆီသွားပို့ မလို့ ” လို့ ပြန်ပြောပါတယ်။
ညီမလေးက ရယ်ကာပြီး မမှီတမှီလှမ်းခူးနေတော့ မနေသာတော့ ပဲ ကျွန်တော်က ကူခူးရင်း
“အန်တီမော်တော်ချင်နေတာ ဘယ်သူတုန်း” လို့ ရင်တထိတ်ထိတ်နဲ့ စပ်စုမိပါတယ်။
“ဘယ်သူကမတုန်းကိုကိုရဲ
့…. သံသာလေ အခုအဲဒီကောင်မလေးက အရမ်းချောလာတာ သူရလည်းချောလာပါတယ် သူတို
့2ယောက်လိုက်တယ် မိဘတွေလည်းသဘောတူတယ်ဆိုတော့  အဆင်ပြေမှာပါ”
ဟိုက်ကနေ၇င်ထဲမှာ ပူလောင်သွားပါတော့ တယ်။
“သူတို့ ကကြိုက်နေပြီလား”
“သူရကတော့ကြိုက်နေတာသေချာတယ် သံသာကတော့ မသိဘူး”
မျှော်လင့်ချက်ရောင်ချည်လေး
သန်းလာပါတယ်။ ညီမလေးများ ရိပ်မိသွားလေမလားလို့  အကဲခတ်ကြည့် တော့
သရက်သီးတွေလောက်တောင် ကျွန်တော်ကို စိတ်ဝင်စားမှု မ၇ှိလို့  နေရထိုင်ရ
သက်သာသွားပါတယ်။
ပြုံးပြဖို့ အခြေနေတောင်မပေးတော့ 
ကျွန်တော်ဘယ်လိုကြိုးစားရမလဲ တခါမှ မိန်းမ မပိုးဖူးတဲ့  လူပျိုကြီးဆိုတော့ 
ဂွက ကျနေတာပေါ့ ။ သူ့ ဌာနကို လိုက်သွားရရင် ကောင်းမလား
တွေးမိပြန်သော်လည်းသူ့ ဌာန နဲ့  ညီမလေးဌာနနဲ့  ကပ်ရပ်။ သူရနဲ့ အကြောင်းကို
သိသိနဲ့  ကျွန်တော် သူမကိုကြိုးစားရင် အိမ်က လူတွေ သြဘာပေးကြမှာ မလွဲ။
အိမ်ကလည်း မိန်းမယူဖို့ တိုက်တွန်းပေမယ့် သံသာနဲ့ ဆို အသက်ရွယ်ကွာဟ
ချက်ကြောင့်  သဘောကျပါ့ မလား။ သူရ နဲ့ အကြောင်းကလည်း အိမ်ကသိထားတော့  ကန်
့ကွက်မှာသေချာတယ်။
ဘာမှ စ မကြိုးစားရသေးခင်အတွေးတွေက
များလာရပါပြီ။ လူငယ်နဲ့ ကျွန်တော်တို့ လို့  လူလတ်ပိုင်းတွေရဲ့ ကွာဟ
ချက်ကဒါပါပဲ။ တွေဝေတာမျိုးမဟုတ်ပေမယ့်  စဉ်းစားဆင်ခြင်ရမှာတွေများပြီး ရှေ
့မဆက်ဖြစ်တော့တာများပါတယ်။
အရိပ်တကြည့်ကြည့် ချစ်လာရတဲ့ ကျွန်တော်
့ရဲ့  အလင်းတန်းလေးအတွက် ကျွန်တော်ဘာမဆိုရင်ဆိုင်နိုင်ဖို့အသင့် ဖြစ်အောင်
ကြိုးစားတော့ မယ်လို့ ဆုံးဖြတ်ပြီး သူ့ ဌာနကို လိုက်သွားဖို့ 
ကြံစည်ပါတော့တယ်။
အဲဒီနေ့ ကညီမလေးကို လိုက်ပို
့မယ်ပြောတော့  ၀မ်းသာအားရနဲ့  လက်ခံပါတယ် သူ့ သူငယ်ချင်းတွေနဲ
့မိတ်ဆက်ပေးမယ်ဘာညာနဲ့  စ နေပါသေးတယ်။ မလိုပါဘူး ငါ့  ကြည့် ချင်တဲ
့သူ၇ှိတယ်လို့  ပြောတော့  မယုံကြည်တဲ့ ပုံနဲ့  တဟားဟားအော်ရယ်နေပါတယ်။
ညီမလေးကို သူ့ ဌာနရှေ့ မှာချပြီ သူမတို့  ဌာန က ကန်တင်းမှာထိုင်နေမိတယ်။
final ကျောင်းသားတွေဖြစ်ပုံရတဲ့  အဖွဲ့ တဖွဲ့ ကျွန်တော့် 
ဟိုဘက်ဝိုင်းမှာထိုင်ပြီးရောက်တတ်ရာရာပြောနေတယ်။ ပထမတော့ ကျွန်တော်
သတိမထားမိပါဘူး
“အေးရာဇာမင်းဆိုတဲ့ ကောင်က မင်းမမ
သံသာချို ဒီနေ့ ဘာဝတ်တယ် ဘယ်အချိန်ဘာစားတယ် ကလွဲပြီး မင်းသိတာဘာရှိလဲ”
ဆိုတဲ့ အသံကြောင့်  နားစွင့် မိသလို လှမ်းကြည့် မိပါတယ်။
ထိုင်နေတာလေးယောက်
ရာဇာဆိုတဲ့ ကောင်လေးက အနည်းငယ် ပိန်ကာ အသားဖြူဖြူ အရပ်၇ှည်ရှည်နဲ့ 
ခပ်ချောချောကောင်လေးတစ်ယောက်ပါ။နားမှာ နားကွင်းသေးသေးလေးဝတ်ထားပြီး jean
pant နက်ပြာကို အပြာနုရောင် အော်တာရှပ်နဲ့တွဲဝတ်ထားပါတယ်။ သူနဲ
့ယှဉ်လိုက်တော့  ကျွန်တော့် ဒီဇိုင်းက
အောက်သလိုလိုတောင်ဖြစ်သွားပါတယ်။ဒီလိုနားကွင်းနဲ့ 
မလောက်လေးမလောက်စားကောင်လေးကို သံသာစိတ်ဝင်စားမှာ မဟုတ်ဘူး လို့ ကိုယ်
့ဘက်ကိုယက်တွေးပြစ်လိုက်မိပါတယ်။
“မမလာတော့မယ်ထင်တယ်ကွ”
ဆိုတဲ့ ရာဇာအသံကြောင့်  ကျွန်တော်ကြိတ်ပျော်သွားပါတယ်။ နောက်
ငါးမိနစ်လောက်နေတော့ သံသာနဲ့ အတူ နောက်တယောက် ၀င်လာပါတယ်။
ကျွန်တော်က ကန်တင်းအ၀င် လမ်းဘေးက ၀ိုင်းမှာဆိုတော့ ကျွန်တော်ကိုမြင်တော့  အံသြဟန်နဲ့ ကြည့် ပြီး
“အကိုကြီးမမမိုး ကိုလိုက်ပို့ တာလား” လို့  နုတ်ဆက်ပါတယ်
ကျွန်တော်လည်းဝမ်းသာလွန်ပြီး ကြောင်နေမိပါတယ် ပြီးမှ
“အေးဟုတ်တယ်ညီမလေး က ဒီမှာလား “ လို့ ပြန်မေးတော့ 
“ဟုတ်တယ်အကိုကြီး သံသာက ဒီမှာ master တက်ရင်း part time ၀င်လုပ်နေတာ”
“မုန့် လာစားတာလားဒီမှာပဲထိုင်လိုက်လေ” လို့ ကျွန်တော် ဖိတ်ခေါ်တော့ သူမတို့  ၀င်ထိုင်ပါတယ်
ကျွန်တော်ညီမကို သိနေတဲ့ သူ့ သူငယ်ချင်းကို
“ဒါ မမမိုးအကိုလေ” လို့ မိတ်ဆက်ပေးပါတယ်။
စကားပြောရင်းနဲ့
နဲ့ လက်ကနာရီကို သူမငုံ့ ကြည့် တော့  အတန်းချိန်နီးနေတာကို
ကျွန်တော်သဘောပေါက်သွားပါတယ်သိချင်တာကို မေးလိုက်ပါတော့ တယ်
“သံသာ ဘယ်အချိန်ပြန်တတ်လဲဘယ်သူလာကြိုလဲ”
သံသာမဖြေခင်ပဲသူ့ သူငယ်ချင်းက
“ဒီနေ့ သောကြာ်နေ့ဆိုတော့  သံသာကို တံဆိပ်တုန်းကြီး လာကြိုလိမ့် မယ် အကို အတန်းက သုံးခွဲလောက်တော့ ပြီးတယ်”
သံသာကရှက်ပြုံးလေးပြုံးပြီးသူ့ သူငယ်ချင်းကို “နင်နော်” လို့  လှမ်းပြောပါတယ်
ဘယ်သူလာကြိုမလဲဆိုတာသဘောပေါက်မိသော်လည်း မသိချင်ယောင်ဆောင်ပြီး
“ဟာ အခုမှသတိရတယ် ဖုန်းလေးခဏဌားပါလား သံသာ ဖုန်းကျန်ခဲ့ လို့  “ ဆိုတော့  မင်္သကာဟန် လုံးဝမရှိပဲဖုန်းထုတ်ပေးပါတယ်။
ဖိုးကျော်ဆီဆက်ပြီး ၇ှိလား လာမလို့ ဘာညာဖောေ၇ှာပြီး ဖုန်းပြန်ပေးလိုက်ပါတယ်။
သံသာတို
့လည်းအတန်းနီးလို့ သွားတော့ မယ် လို့ နုတ်ဆက်ပြီးသူမလည်း အဆောင်ထဲဝင်
ကျွန်တော်လည်းကားပေါ်တက်ကာ ပြန်လာခဲ့ ပါတော့ တယ်။ ရာဇာတို့  အုပ်စုကတော့
ကျွန်တော့် ကို အကဲခတ်တဲ့ မျက်လုံးတွေနဲ့ ကြည့် ပြီးကျန်ရစ်ခဲ့ ပါတယ်။
အိမ်ရောက်တော့ဖိုးကျော်ကိုဖုန်းဆက်ကာ ခုဏကခေါ်ထားတဲ့ ဖုန်းနံပါတ်ကိုမေးတော့ 
“မင်းဖုန်းမဟုတ်ဘူးလား”တဲ့ 
ပြန်ကြည့်ပြီးပြန်ရွတ်ပြခိုင်းတော့ ပြန်ကြည့် ပေးပြန်ရွတ်ပြပေမယ့်  ဘယ်သူဖုန်းလဲ အတင်းမေးနေတော့
ငါ
့ကောင်မလေးဖုန်းကွာလို့  ခပ်ရွတ်ရွတ်ပြောလိုက်မိပါတယ်။ ဒီကောင်ငတုန်းကလည်း
congu: တွေဘာတွေတောင်လုပ်သွားသေးတယ်ကောင်မလေးအစစ်ဆို ဖုန်းနံပါတ်သိရမှာကို
ငတုန်းက မတွေးမိဘူး ကိုယ့် ဖာသာပြောပြီး ပြန်ကြည်နူးမိနေပါတယ်ညကျရင်
သံသာဆီဖုန်းခေါ်ဖို့ စကားလုံးတွေကို ဆီနေမိပါတယ်။
ဝရန်တာမှာထွက်ရပ်ပြီး
သံသာပြန်လာနိုင်တဲ့ အချိန်ကို မျှော်နေမိပါတယ် ။ သူရတို့ အိမ်ရှေ
့မှာကားတစ်စင်းရပ်သွားတာ ဘာရယ်မဟုတ်ကြည့် နေမိတော့  ကားပေါ်ကဆင်းလာသူတွေက
ကျွန်တော့် ရဲ့အလင်းတန်းလေးနဲ့  သူရတို့  2 ယောက်။ သူရက အိမ်ထဲဝင်ဖို
့အတင်းခေါ်နေပုံရပါတယ် သူမကမ၀င်ချင်တော့ တဲ့ အကြောင်းပြောနေပုံရတယ်။
“မေမေရေ သံသာမက ပြီးမှပြန်လာမယ်လုပ်နေတယ် မေမေလာခေါ်အုန်း” လို့ သူ့ အမေကို စစ်ကူအော်ခေါ်လိုက်ပါတယ်။
သူရအမေ အန်တီမော်ကထွက်လာပြီး ခေါ်ပါတယ်
သံသာက အကျိုးကြောင်းပြောပြနေပါတယ်ဘာတွေပြောလဲမသိပေမယ့်  အန်တီမော်ကပြုံးပြီး
“အေးအေး ဒါဆိုခဏနေမှ သူရကို လာခေါ်ခိုင်းလိုက်မယ် နော် သမီး” လို့  အန်တီမော်ပြောပြီး အထဲဝင်သွားပါတယ်။
သံသာလည်းခြင်းလေးဆွဲကာ
သူမ အိမ်ဘက်ပြန်သွားတော့ တယ်။ ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ ခဏမှာ တနေကုန်
စိတ်ကူးယဉ်ထားတဲ့ ကျွန်တော် အားပြတ်သွားပါတော့ တယ်။
ရုတ်တရက်သူရက
မော့ အကြည့် ကျွန်တော့် ကို မြင်သွားပါတယ်။ ကိုကြီးဘာတွေလုပ်နေလဲ လို
့လှမ်းမေးနေတဲသူရကိုကြည့် ပြီး လက်သီးနဲ
့တောင်ပြေးထိုးချင်စိတ်ပေါက်အောင်မနာလိုဖြစ်နေမိပါတယ်။
ပါးစပ်ကတော့ဘာဖြေလိုက်မိတယ်မသိဘူး ။
နောက်တပတ်ကစပြီးကျွန်တော် အလုပ်ခွင်ထဲပြန်ရောက်ပြီး အလုပ်ထဲစိတ်နှစ်ထားပါတယ် ။
သံသာဖုန်းနံပါတ်လေးကိုနှိပ်လိုက်ပြန်ချလိုက်နဲ့ နေ
့တိုင်းအကြိမ်ပေါင်းများစွာလုပ်နေမိပါတယ်။ ဒီလိုနဲ့  တစ်ရက်မှာတော့
ဖိတ်စာလေးတစ်စောင် ဧည့် ခန်းကစားပွဲမှာ တွေ့ လိုက်ရပါတယ်။ ဘယ်သူများလဲလို
့အမှတ်မထင်ကောက်ယူဖတ်ကြည့် တော့  ကျွန်တော့် ချစ်တဲ့  သူမရဲ
့စေ့စပ်ပွဲဖိတ်စာတဲ့ ။ အသည်းကွဲတယ်ဆိုတာဘာမှန်းတော့ မသိပေမယ့် 
ဘာမှလုပ်ချင်စိတ်မ၇ှိတော့ အောင် အင်အားမဲ
့သလိုခံစားချက်ဟာအသည်းကွဲတယ်ဆိုရင်တော့  ကျွန်တော်အသည်းကွဲပါတော့ တယ်။
ကျွန်တော့် အချစ်ကို ဖွင့်ဟခွင့်တောင် မရခဲ့ ပဲ အသည်းကွဲ၇တာပါ။ ကျွန်တော်
အသည်းကွဲနေတာ သုံးလရှိပါပြီ သူမတို့ စေ
့စပ်ပြီးတာလည်းသုံးလရှိပါပြီ။နောက်ထပ်ဖိတ်စာတစ်စောင်လည်း
ကျွန်တော်မလိုချင်ပါပဲနဲ့  အိမ်မှာရောက်နှင့် နေခဲ့ ပါပြီ။သူမလေး ….
တိမ်ပြာပြာနေ့ တနေ့ တော့ မဟုတ်ပေမယ့်  တနင်္ဂနွေနေ့ မှာ မင်္ဂလာဆောင်ပါတော
့မယ်။ကျွန်တော်ထင်ပါတယ် အဲဒီနေ့  မှာ ကောင်းကင်ကြီးက
ကျွန်တော်ကိုယ်စားငိုပေးပါလိမ့် မယ်…။
ရွှေစာ
မူရင်းလင့်ပိုင်ရှင်https://www.facebook.com/shwesar
No comments:
Post a Comment