ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, September 22, 2013

ခေါ်သံ


ခေါ်သံ

ညမှောင်မှောင်ထဲအိပ်မောကျနေတဲ့
တိတ်ဆိတ်ခြင်းတွေအပေါ်
အသာလေးဖြတ်လျှောက်
ဖြောက်ဆိုတဲ့
သစ်ကိုင်းခြောက်ကျိုးသံနဲ့အတူ


မောင်နဲ့အချစ်တို့ရဲ့အိပ်မက်တွေ
ကျိုးပျက်တော့မှာလား
ဂယောင်ခြောက်ချားနဲ့
မောင် ဆိုတဲ့ ခေါ်သံ
ကြားမိလိုက်သလိုလို
တကယ်ကို ဂယောင်ခြောက်ချား
ပါပဲ ။

တိတ်ဆိတ်ခြင်းရေ
ချစ်သူကိုချော့သိပ်ရင်း
ဆက်လက်တိတ်ဆိတ်ပေးပါ
တိတ်ဆိတ်ခြင်းတွေပေါ်ဆက်
လျှောက်ရင်း
ကျွန်တော်အရောက်သွားရမယ်
ဟိုမယ် တိုက်ပွဲခေါ်သံတွေ ။

ချစ်သူရေ.....
တိတ်ဆိတ်ညတွေထဲ
အသဲနှလုံးတွေပူလောင်ကွဲအက်
ရက်စက်ဖို့ မဟုတ်ရဘူး ။
မောင့်ရဲ့အချစ်နဲ့မေတ္တာကို
ညမှောင်မှောင်ဟာတိတ်ဆိတ်ပြ
ရင်း
အသိအမှတ်ပြုနေမှာပါ
လွတ်လပ်ရေးကအရေးဆိုလာချိန်
မှာ
အချစ်တွေဟာ လက်ပြနှုတ်ဆက်
မောင်ဟာလည်းလေ
ခေါ်သံလာရာဆီဦးတည်
ရောင်နီမလာမီအရောက်သွားပါပြီ။
လေပြေတွေနဲ့အတူ
နေခြည်တွေသန်းနေတဲ့
ညနေချမ်းတွေထဲ
လွတ်လပ်ခြင်းအောင်လံတွေဝင့်ဝဲ
ရင်း
ချစ်ခြင်းတွေဆီအရောက်ပြန်လာဖို့
ရွာဦးစေတီသာမှာသစ္စာပြုခဲ့ပါတယ်


မြန်မာပြည်ရဲ့
ငြိမ်းချမ်းတဲ့ဥသြသံတွေအောက်မှာ
မောင် ရောက်မလာဖြစ်ခဲ့ရင်
ချစ်ခင်တဲ့စိတ်အစွဲလေးနဲ့
အမျှလေးပဲ ဝေပေးပါ ချစ်သူ ။

မဲခေါင်
21-09-2013

No comments:

Post a Comment