ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Tuesday, November 4, 2014

အချစ်ဗေဒင်(မိန်းကလေးသီးသန့်)










အချစ်ဗေဒငိ်

တကယ်ချစ်ရဲ့လား

မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးပါ။

မိန်းကလေးတွေအတွက်သီးသန့်ပါ။အရွယ်ရောက်တဲ့ မိန်းမလေးတွေကအစအရွယ်လွန်

အပျိုကြီးတွေ တစ်ခါတစ်ရံ တစ်ခုလပ် အိမ်ထောင်ပျက်အစရှိတဲ့
...

အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်းခံရတာ၊မေတ္တာရှိကြောင်း

ပြောလာတာ၊လက်ထပ်ခွင့်ပန်လာတာတွေ ရှိပါလိမ့်မည်။ ရင်ခုန်ရတာက

တစ်ဖက်၊ကြည်နူးရတာတစ်မျိုးနဲ့ နောက်ဆုံး



တကယ်ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့။

ဒီပညာလေးကလွယ်ပါတယ်။ဒါပေမဲ့ လျှော့မတွက်နဲ့။



တကယ်မှန်တာ။ တကယ် ချစ်မချစ် တွက်စစ်ကြည့်မယ်။



အဆင့် (၁)

ကိုယ့်ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သင်္ချာ

ဂဏန်းတွေအဖြစ်ပြောင်းပါ။

အက္ခရာနဲ့ သင်္ချာဂဏန်း တွဲပြထားပါတယ်။ ဗျည်း ကိုသာယူရပါတယ်



အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း



အ၊ ဥ၊ သြ ၁

က၊ ခ၊ ဂ၊ ဃ၊ င ၂

စ၊ ဆ၊ ဇ၊ စ်၊ ည ၃

ယ၊ ရ၊ လ၊ ၀၊ ၄

ပ၊ ဖ၊ ဗ၊ ဘ၊ မ ၅

သ၊ ဟ ၆

တ၊ ထ၊ ဒ၊ ဓ၊ န ၇



ဥပမာ... ကိုအောင်ကျော်ဌေး ဆိုပါစို့။ ရှေ့က (မောင်၊ ကို၊ ဦး) အစရှိတာဖယ်လိုက်ပါ။

အောင်ကျော်ဌေး = အ + က +ဌ

= ၁ + ၂ + ၇

ဒီသဘောပါပဲ။ တခြား အမည်တွေလည်း ဒီသဘောပါပဲ။



အဆင့် (၂)

နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်၊ ကိုယ့်ရဲ့ မွေးနံ သင်္ချာဂဏန်းနဲ့ ပေါင်းပါ။



မွေးနေ့ မွေးနေ့သင်္ချာဂဏန်း



တနင်္ဂနွေ ၁

တနင်္လာ ၂

အင်္ဂါ ၃

ဗုဒ္ဒ္ဒဟူး ၎

ကြာသပတေး ၅

သောကြာ ၆

စနေ ၇





ဥပမာ.... မိမိရဲ့ အသက်က (၂၅) နှစ်ထဲ ရောက်နေပြီ။ ဒီနေရာမှာ အသက် (၂၄)

ပြည့် ပြီးတာနဲ့ (၂၅)နှစ်ထဲ ရောက်နေပြီလို့ ယူဆရမှာပါ။ မိမိက

ကြာသပတေးနေ့မှာ မွေးတဲ့သူဖြစ်တယ်ဆိုပါစို့။



ချစ်ရေးဆိုခံရသူ၏အသက် = ၂၅

ချစ်ရေးဆိုခံ၇သူ၏မွေးနံသင်္ချာ = ကြာသပတေး = ၅

အသက် + မွေးနံသင်္ချာ = ၂၅ + ၅ = ၃၀



အဆင့် (၃)

ချစ်ရေးဆိုခံရသူ နာမည်ကို ဂဏန်းနဲ့ ဖွဲ့ထားတဲ့ အဆင့်(၁) ကရလဒ်နဲ့၊

ချစ်ရေးဆိုခံရတဲ့သူရဲ့အသက်၊

မွေးနံသင်္ချာ ပေါင်းလို့ရထားတဲ့ အဆင့်(၂) က ရလဒ် နှစ်ခု

စလုံးကိုပေါင်းပြီး ခုနှစ် ဂဏန်းနဲ့စားပါ။

အကြွင်း ရှာပါ။

အဆင့် (၁) ရလဒ် = ၁၀

အဆင့် (၂) ရလဒ် = ၃၀

(၂) ခုပေါင်း = ၁၀+၃၀ = ၄၀

(၄၀) ကို (၇) နဲ့စားပါက ရသောအကြွင်းမှာ (၅) ဖြစ်ပါသည်။



အကြွင်း (၁) မှ (၀) ကြွင်းအထိ အဖြေတွေ၊ အဟောလေးတွေ ရေးပြထားပါတယ်။

ဖတ်ကြည့်ပါ။ ဒီအဟောလေးတွေကို ကျက်မှတ်ထားပြီး သူငယ်ချင်းကိုလည်း

ဟောပေးလိုက်ပါဦး။ လာပြီး ချစ်စကားပြောသူ

တစ်ယောက်ထက်မက၊ တစ်ခါတစ်လေ ၂ ယောက် ၃ ယောက်လောက် တစ်ပြိုင်တည်း

လာနောက်ပိုး ပိုးပြန်ရင်လဲ သူတို့နာမည်တွေနဲ့ တွက်ကြည့်ပါ။ ပြီးတော့

နောက်ဆုံးရလာတဲ့ အကြွင်းကို ကြည့်ပြီး လိုရာသုံးပေရော့။



အကြွင်း(၁) ရပါက သူ့စကားကတော့ မှန်ပါတယ်။တကယ်ချစ်နေတာပါ။ ဒါပေမဲ့

လက်ထပ်တဲ့ အထိတော့ ကိုယ့်အပေါ်မှာ မစဉ်းစားသေးဘူးနော်။

လက်ထပ်မယ်လို့ပြောလာရင်လည်း အပေါ်ယံ ပြောတာ၊

တကယ် လက်ထပ်နိုင်တဲ့ အခြေအနေ လတ်တလော သူ့မှာ မရှိသေးဘူး။ သူ့မှာ

ဖြေရှင်းစ၇ာ၊ ရင်ဆိုင်စရာ မိဘအသိုင်းအ၀ိုင်း ကြားထဲက ချစ်ရတာ။

ချစ်သူဘ၀နှင့် တွဲသွားတွဲလာ အဖော်အနေနဲ့တော့ ကောင်းပါတယ်။ ဒါပေမဲ့

အိမ်ထောင်ဖက်ကတော့ ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သေချာပေါက်ပါပဲ။

ချစ်တိုင်းလည်း မညားဆိုတဲ့

စကားကို သတိ၇ပါ။



အကြွင်း(၂)ရပါက ဟန်ကျတာပါပဲ။ သူ့အချစ်က တကယ့်ကို စံတင်ရမှာပါ။ သူတကယ်

ကိုယ့်ကို ချစ်နေတာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘ၀၊ သူ့အချစ်၊ သူ့မေတ္တာ၊

သူ့သစ္စာ အားလုံး ကိုယ့်ကိုပုံပေးပြီး

အဖြေတုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား

ကိုယ်လိုလားတဲ့ အခြေအနေများရှိရင် လက်ခံသင့်တဲ့ သူပါ။

တစ်ခုတော့ရှိတယ်နော်။ သူက ကိုယ့်ကိုတကယ်ချစ်၊ တကယ်မြတ်နိုး၊

တကယ် လက်ထပ်မှာပဲ ပြောတာ၊ ကိုယ်က ပြန်မချစ်ရင်လည်း ရပါတယ်။ ကိုယ်က

မစဉ်းစားသေးဘူး ဆိုရင်လည်း သူက နောက်ဆုတ်သွားမှာပါ။ အနှောင့်အယှက်

မပေးပါဘူး။



အကြွင်း(၃)ရပါက ´´ ဒီစကားမျိုး ရှင်ပြောခဲ့တာ များပြီ ထင်ရဲ့။ကျမက

နံပါတ်ဘယ်လောက်လဲလို့လဲဟင်´´ လို့သာ မေးလိုက်ပါတော့။မျက်နှာများတဲ့ သူပဲ။

ကိုယ့်ကို သဘောကျ တွဲချင်နေတာပဲ ရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့

အနေအထားတော့ မဟုတ်ဘူးနော်။ လက်ထပ် ပေါင်းသင်းဖို့ နေနေသာသာ

ရေရှည်ချစ်ပါ့မလားတောင် မသိ။ ကိုယ်က လက်ခံမိရင် ကိုယ့်အပြင် သူနောက်ထပ်

တစ်ယောက်နဲ့ တွဲနေတာတို့၊ ကိုယ့်ကို ပစ်ထားလိုက်၊ ပြန်လာလိုက်နဲ့

ချစ်တမ်းကစားတာတို့ လုပ်ဦးမှာ။ သူ့ကို ချစ်နေမိရင်တောင် အသည်းမှာ

အသည်းကွဲ ကာကွယ်ဆေးထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အသည်းကွဲ

ကာကွယ်ဆေး မပေါ်သေးဘူးနော်။ မစဉ်းစားတာပဲ ကောင်းပါတယ်။ သူငယ်ချင်း

အဆင့်လောက်နဲ့ မိတ်ဆွေအနေအထားလောက်နဲ့ပဲ ထားဖို့ တန်ပါတယ်လေ။



အကြွင်း (၄)ရပါက တကယ်ချစ်နေတာပါ။ အတည် ပြောနေတာ။ ကိုယ့်ကို

မြတ်နိုးနေတာမှ သဲသဲလှုပ် ပဲ။ ကိုယ့်အတွက်ဆို ဘာကို ရင်ဆိုင်ရစေ

ခိုင်မြဲတဲ့ အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက

စကားနည်းတယ်။ ဒီမေတ္တာ စကားပြောဖို့တောင် အတော်အရှိန်ယူရပုံပဲ။ ကိုယ့်အပေါ်

သူ တတ်အားသလောက် တင့်တင့်တယ်တယ်ထားမှာ အမှန်ပါပဲ။ သဘောကျရင် စဉ်းစားဖို့

တကယ် ကောင်းတဲ့သူပေါ့။ သူ့ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်း၊ သူ့အနေအထားတွေကို

မိန်းကလေးပီပီ ထည့်တွက်ဦး။ အချစ်ဘက်ကတော့ အမှတ်ပြည့်ပေးထားတယ်။

ကိုယ့်သဘော၊ ကိုယ့်အလို တကယ်လိုက်ပြီး ကိုယ့်မျက်နှာ အညှိုးမခံ ရအောင်

သူ့ဘက်က တကယ် ဆောင်ရွက်ဖြည့်ဆည်းပေးမှာပါ။ သူ့အချစ်ကို လက်ခံလို့ ရပါတယ်။

သူ့ဘက်က လက်ထပ်ဖို့ သေချာပါတယ်။ ကိုယ်ကတော့ အချိန်ယူစဉ်းစားပြီး ဆုံးဖြတ်ပေါ့။



အကြွင်း(၅)ရပါက သူကိုယ်တိုင် ဒီစကားကို ပြောရတာ သေချာရဲ့လားဆိုတာတောင်

သူ့ဘာသာသူ မသိနိုင်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်ကို ချစ်လိုက်၊ တစ်ခါတစ်လေ

ကိုယ့်ကိုမေ့လိုက် လုပ်မှာပါ။ ရည်းစားစကားပြော၊ ချစ်ခွင့်ပန်ပြီး

ဒီစကားပဲ သူမပြောသလိုလို၊ ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို၊

တစ်ခါလောက် ပြောပြီး ကိုယ်က မူပြီး အချိန်ဆွဲထားရင် ကြားထဲမှာ

ထပ်အဖြေတောင်းမှာမဟုတ်ပါဘူး။ သူက

တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လား

ဆိုတာ လေ့လာစို့။ သူ့စိတ်၊

သူ့ပတ်ဝန်းကျင်နဲ့ ကိုယ်နဲ့ အဆင်ပြေပါ့မလား တွေးကြည့်ပေါ့။

ငြင်းစ၇ာမရှိလောက်အောင် ပြည့်စုံလို့ လက်ခံမယ်။ ကိုယ်ချစ်ကသာ နေပြီး

မဆွတ်ခင်က ညွတ်ချင်ချင် ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးမိခဲ့ရင်

လက်ထပ်ဖို့ကိုတော့ အချိန်လေးယူပါဦး။



အကြွင်း(၆)ရပါက တကယ်ကောင်းတဲ့သူဆိုတာ သတ်မှတ်လိုက်ပါ။ သူ့မေတ္တာက အမှန်

တည်ငြိမ်ပါတယ်။ ကိုယ်မှတစ်ပါး နောက်တစ်ယောက်ထားမှာ မဟုတ်ပါဘူး။ပြီးခဲ့တဲ့

အတိတ်မှာ ဘယ်လောက်ရှုပ်ရှုပ် ကိုယ်နဲ့ကျမှ တည်တည်ငြိမ်ငြိမ် ဖြစ်မှာ။

အသက် အနေအထား၊ ဖြစ်သန်းရတဲ့ ၀န်းကျင်

အနေအထားချင်း မတူညီမှုတွေ ကြားထဲမှ ပေါက်ဖွားလာတဲ့ အချစ်စစ်။ တကယ်

လက်ထပ်သင့်တဲ့သူပေါ့။

သူက သိပ်ချစ်တတ်တဲ့သူ။ ကိုယ့် အလိုတကယ်လိုက်မှာ။ ရေရှည် တည်မြဲပါတယ်။

True Love လို့ အနောက်တိုင်းမှာ ဆိုတဲ့ အချစ်မျိုးပေါ့။ ကိုယ့်မိဘ

ကိုယ့်အသိုင်းအ၀ိုင်းနဲ့ သူ့အသိုင်းအ၀ိုင်းပါ စပ်ဟပ်လို့ ရရင်တော့

ကောင်းပြီသာ အောက်မေ့ပေတော့။



အကြွင်း(၀)ရပါက မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့သာ ပြောလိုက်ပါတော့။

သူ့အချစ်နဲ့ ကိုယ်နဲ့

မထိုက်တန်ပါဘူး။ ဟိုမရှင်း ဒီမရှင်းနဲ့ အရှုပ်ထုပ်ထဲ ကိုယ့်ပါ

ဆွဲထည့်နေတာ။ သူ့ကို သွားကြိုက်မိလို့ကတော့

ငါးပါးမှောက်ပြီသာ မှတ်။ ရှေးစကားက ပြောမှတ်မိသေးတယ်။ ဒူးနဲ့ မျက်ရည်

သုတ်နေရမယ်ဆိုပဲ။ သူ့ချစ်စကားကလဲ မဟန်၊ ချစ်ရေးဆိုပုံကလဲ တစ်မျိုးနှင့်

မလည်မ၀ယ် မိန်းကလေးများဆိုရင်တော့

ကျားရှေ့ရောက်တဲ့ သမင်ပျိုလေးလို ဖြစ်သွားမယ်။ ပညာ ပါပါနဲ့သာ

ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များ သွားမတွဲ

လေနဲ့။ ယူလို့လဲ မကောင်း၊ မယူမိရင်လဲ နောက်လိုက်နှောင့်ယှက်ဒုက္ခ

ပေးပြီး အရှက်ခွဲမယ့် သူပေပဲ၊ အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။ ဒီနည်းက

ချစ်ရေးဆိုချိန်ကို အဓိက ထားပြီး ပြန်အဖြေမပေးခင်

ချိန်ဆနိုင်အောင်ပေးထားတာပါ။ ချစ်သူရှိပြီးသား လူတွေနဲ့ ပတ်သတ်ပြီး

တွက်ကြည့်ချင်ရင် တစ်ဖက်သူ ကိုယ့်ချစ်စကားပြောခဲ့တဲ့ အသက်နဲ့ ချိန်ပြီး

တွက်။ ရည်းစားမရှိသေးတဲ့ သူတွေကလဲ ဘယ်အသက်မှာ ဘယ်နာမည်မျိုးနဲ့ လူက

အချစ်စစ် ကမ်းလှမ်းလာမလဲဆိုတာ ဥာဏ်ကစားပြီး တွက်ကြည့်နိုင်ပါတယ်။



မှတ်ချက်။ ။ ဆရာကြီး စံ-ဇာဏီဘို ရဲ့တစ်စိတ်တစ်ပိုင်းကို

ပြန်လည်ဖော်ပြတာပါ။ ခုတော့ မိန်းကလေး တွေအတွက်ပါ။http://cudawei.4umer.com/t23-topic
Back to top Go down

No comments:

Post a Comment