ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, September 8, 2013

ဇာတ်လမ်း


ဇာတ်လမ်း

ဇာတ်လမ်းကတော့ မသန်းပေါ့တဲ့။

တစ်ချို့ဇာတ်က ကြမ်းတယ်
တစ်ချို့ဇာတ်က ရမ်းတယ်
တစ်ချို့ဇာတ်က လွမ်းတယ် ။

ငါ့အခန်းကို ငါမကြိုက်ဆုံးဘဲ
အလွမ်းလည်းမဟုတ်
အရမ်းလည်းမဟုတ်
အကြမ်းလည်းမဟုတ် ။

ဇာတ်ရုပ်ဟာ
ဆင်ဆာတွေ အထပ်ထပ်နဲ့
ပြတ်သွားလိုက်
သံယောဇဉ်ဟာ ခပ်စိမ်းစိမ်းကြည့်လို့ပေါ့ ။

မဲခေါင်
08-09-2013

No comments:

Post a Comment