ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, September 6, 2013

အိပ်မက်အလယ်မှာ ပျော်ပါစေ


အိပ်မက်အလယ်မှာ ပျော်ပါစေ
Photo
အိပ်တော့ ကလေးလေးရေ....
မနက်ဖြန်ဆိုတာ ကလေးလေးအတွက်
တိုးတက်ရေးလမ်းတွေ
ခပ်ရှည်ရှည်လျှောက်ရမယ်လေ
အောင်မြင်ရေး ခြေလှမ်းတွေ


ပျော်ပျော်လှမ်းရမယ် နော်
ကိုကို့ကြောင့် ကလေးလေး အိပ်မပျော်ဖြစ်လိမ့်မယ်။

အိပ်ပါတော့...
ဖြူဖြူစင်စင်လေးအိပ်ပါတော့ ကလေးလေး
ချစ်စရာဖြူစင်စွာအိပ်နေတဲ့
ကလေးလေးရဲ့ အလှကို
တ၀ကြီး ထိုင်ပြီးကြည့်သွားပါတယ်
ဟို....ကောင်းကင်ပေါ်မှာသာနေတဲ့ လမင်းက တစ်ဆင့်ပေါ့။

ဒီညမှ လမင်းကြီးက
သာယာလှပနေလိုက်တာ
ကလေးလေးရဲ့ ဘ၀ဟာ
အဲဒီလမင်းသာသာတွေထက်
သာယာပါစေကွယ်။

ဒီညမှ လမင်းကြီးက
ဝင်းလက်လှပနေလိုက်တာ
ကလေးလေးရဲ့ ဘ၀ကလည်း
အဲဒီလမင်းလိုပဲ
ဝင်းပ လှဆဲ လှနိုင်ပါစေ။

ဒီညပေါ့ လေပြေတွေ ခနေလိုက်တာ
အေးအေးမြမြလေးပါပဲ
ကလေးဘ၀လည်း
ဒီည လေပြေ အေးမြမြလိုပဲ
အမြဲ အေးမြနိုင်ပါစေကွယ်။

ဒီည ညတိရစ္ဆာန်တွေ
တေးသံသာတွေနဲ့ ညံနေကြတယ်
တေးသံသာတွေနဲ့ ကဗျာတွေကို
လရောင်မှာ သီကြတယ်ထင်ပါရဲ့
ကလေးရဲ့ဘ၀လေးလည်း
ည တေးသံသာသာလေးလိုပဲ
သာသာယာယာ ရှိမြဲရှိနိုင်ပါစေ။

ကိုကို ဒီည
ကဗျာလှလှလေးရေး
ကလေးအတွက် ပေးပြီးမှ အိပ်မယ်
အိပ်မက်အလယ်မှာပျော်ပါစေ ကလေး။

မဲခေါင်
၂၃-၀၇-၂၀၁၃

No comments:

Post a Comment