ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, September 6, 2013

နွေး


နွေး
Photo

ချစ်စရာ
သူ့နာမည်လေး
နွေး ။

အပြုံးလေး နွေး
အမူအရာလေး နွေး
အေးအေးလေးရယ် ။

ဆံရှည်လေး နွေး
ပါးကွက်ကျားလေး နွေး
ရိုးရိုးလေးရယ် ။

အတွေးလေးတွေ နွေး
စကားလေးတွေ နွေး
ယဉ်ယဉ်လေးရယ် ။



မေတ္တာရှင်လေး နွေး
ကရုဏာရှင်လေး နွေး
ကြည်လင်ပီသ
အချောအလှလေးရယ် ။

မြန်မာ့သွေးအပြည့်နဲ့
ကြည့်တဲ့သူ ရင်ကိုအေး
သူ့ရဲ့နာမည် နွေး ။

မဲခေါင်
29-08-2013

No comments:

Post a Comment