ကြိုးမဲ့ ဂစ်တာ
မနမ်းဘဲလည်း မွှေးရဲ့
မထွေးဘဲလည်း နွေးရဲ့
အတွေးရဲ့ ခမ်းဆောင်မြိုင်မှာ
နှစ်ကိုယ်အတူ ထိုင်ဖူးခဲ့၊
အနမ်းတွေနဲ့လည်း ပျော်ရဲ့
အလွမ်းတွေနဲ့လည်း ငိုခဲ့
အကြင်နာရဲ့ တံခါးကြီးပိတ်
မီးတွေတောင် မှိတ်လိုက်ပြီ၊
အား....စိတ်ပျက်လိုက်တာ
ငါ့ဂစ်တာဟာ ကြိုးမပါဘူး။
မဲခေါင်
၀၉-၀၇-၂၀၁၃
No comments:
Post a Comment