ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, May 25, 2014

အဖြည့်ခံ

နင် စိတ်ညစ်နေတဲ့အချိန်မှာ
ငါ သူငယ်ချင်းလို အားပေးမယ်။
နင် ပျင်းရိနေတဲ့အချိန်မှာ
ငါ ကလေးတစ်ယောက်လို
ချွဲနွဲ့မယ်။
နင် နေမကောင်းဖြစ်နေတဲ့အချိန်မှာ
ငါ မိခင်တစ်ယောက်လို စိုးရိမ် ဂရုစိုက်ပေးမယ်။
နင် စိတ်လေနေတဲ့အခါ
ငါ အစ်မတစ်ယောက်လို လမ်းပြပေးမယ်။
တခါတလေ လိုချင်တာရှိရင်လည်း
ညီမလေးတစ်ယောက်လို ပူဆာသွားမယ်။
နင် အလုပ်ကိစ္စတိုင်ပင်တဲ့အခါ
ငါ partner ကောင်းအဖြစ် ဆွေးနွေးပေးမယ်။
နင့်ဘ၀တစ်လျှောက်လုံးအတွက်
ချစ်ထိုက် မြတ်နိုးထိုက်တဲ့
မိန်းကလေးအဖြစ်
ငါ့ကိုယ်ငါ အသက်သွင်းနေမိတယ်။
ငါ နင့်ကို အဲ့ဒီလောက် ချစ်တယ်။
အလွမ်းကေသရီ

No comments:

Post a Comment