ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, July 4, 2014

ဒီကဗျာကိုဒီလိုရေးမယ်

ဒီကဗျာကိုဒီလိုရေးမယ်
July 2, 2014 at 12:44pm
မကွယ်မ၀ှက်တမ်းဆို
ဖြတ်တိုက်သွားတဲ့လေနုအေးလေးတွေရယ်
ထင်သလောက်မဆိုးသေးတဲ့လောကကြီးရယ်
ရက်စွဲတခုမှာနာမည်လေးတခုထပ်ရေးလိုက်ချိန်
အင်းလေ

ဒီကဗျာကိုဒီလိုရေးမယ်
အချစ်သည်အမြဲလိုလိုသက်ဝင်မြူးကြွနေတယ်တဲ့
တကယ့်လက်တွေ့မှာတော့
အမှောင်အညစ်တွေပေကျံနေတယ်တဲ့
ဘ၀ဆိုတာကိုဘာနဲ့ချယ်မုံးရမလဲ
ရှာဖွေနေတဲ့သစ္စာတရားကလဲဘယ်မှာလဲ
တယောက်နဲ့တယောက်အဖြေတွေထပ်တူမကျခဲ့ဘူး
ကစားပွဲရဲ့အနိုင်အရှုံးကိုအချစ်ကဆုံးဖြတ်တယ်ဆိုရင်
ရင်ကွဲနာကျခြင်းနဲ့ပေါက်ကွဲခြင်းသံဇဉ်တွေတချို့
ရှာမရတဲ့အဖြေတခု
အချစ်ဆိုတာ နားထောင်ကောင်းကောင်းတဲ့ ပုံပြင်တပုဒ် ဆိုရင်
အချစ်ဟာနားထောင်ကောင်းတဲ့ သီချင်းတပုဒ်ဆိုခဲ့ရင်
သေချာတာတခု
သူ့အချစ်
သေချာတာနောက်တခု
ကျမအချစ်
မျက်စေ့ ကိုစုံမှိတ်ပီးယုံချင်လိုက်တယ်
ဘာအကြောင်းတွေလဲမသိပဲ
မသိချင်ပဲ
လွမ်းဆွတ်မှု့ တခုမှာပျော်ဝင်နေဆဲ
တစုံတရာကိုရယ်မောခြင်းမှာ
တဘ၀လုံးကိုလှုပ်ခတ်စေပါတယ်
နှစ်ဦးသဘောတူနေ့စွဲလေးတခု
ဖမ်းဆုပ်ထားတဲ့ လက်ကလေးတစုံ
ရှိုက်သံပြေပြေလေးနဲ့အသက်ဆက်ရှုနေဆဲ
စင်သီယာ

No comments:

Post a Comment