ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, May 25, 2014

``နောက်ဆုံး´´


မှတ်မိလား။
ငါဟာ
နင် တစ်ကြိမ်တစ်ခါ သတ်ရုံနဲ့
အကြိမ်ကြိမ်အခါခါ သေခဲ့ရသူပါ။


အခု
ငါဟာ
တစ္ဆေတစ်ကောင်ပါ။
ငါမျက်ရည်ကျတာ ဘယ်သူမှမတွေ့ဘူး။
တစ်နေ့နေ့မှာ
နင်ပိုင်ဆိုင်ရာ ငါ့အိပ်မက်တွေကို
ရေစက်ချမယ်။
အဲ့ဒီနေ့မှာ
ကျေးဇူးပြု၍
နင့် နှုတ်ဖျားက အမျှဝေပါ။
ငါ ရောက်ရာအရပ်က သာဓု ခေါ်ချင်လို့။

No comments:

Post a Comment