ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, March 9, 2014

မန္တလေးနည်းပညာတက္ကသိုလ်မှ Mine Aike Htun Shwe မေးတဲ့ ချစ်ရေးချစ်ရာအဖြေလွှာ


ကျွန်တော်က  MDY နည်းပညာပထမနစ် ကျောင်းသာတစ်ယောက်ကပါ  ကျွန်တော်ချစ်သူက
၁၀ တန်ဖြေထားတယ်  အခုက ကျွန်တော်နဲ အဝေးတနေရာမှာရောက်နေတယ်
   
ကျွန်တော်ဆီးကဖုန်မဆက်ဘူး သူ. သူငယ်ချင်းနဲတောဆက်တယ်
သူနဲစကားများပြီတောကျွန်တော်အဆက်ဖြတ်ခိုင်းလိုက်တယ်သူကဘာမှမပြောဘူးကျွန်တော်ဘက်ကပြတ်ပြီလိုပြောလိုက်တယ်
   
ကျွန်တော်ဘာဆက်လုပ်သင်လဲ
                                                                                                                                                                                      Mine Aike Htun She

         
Mine Aike htun Shwe ရေ ….
ကိုယ့်ချစ်သူက
ကိုယ့်ကိုဂရုစိုက်တာကို လိုချင်ကြတာပါပဲ။ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုကိုမရတော့ဘူး
ဆိုရင် ရင်ထဲမှာ တစ်ခုခုလိုနေတတ်တာလည်း ချစ်သူတို့သဘာဝပဲပေါ့ကွယ်။ကိုယ့်ချစ်သူက ကိုယ့်ကို
ဂရုမစိုက်တော့ဘူးဆိုရင် ချစ်သူတို့ဘာသာဘာဝ ခံစားချက်တွေဖွင့်ဟပြတတ်ပြီး အဆင်ပြေရင် ပိုမိုချစ်
ခင်တတ်ကြသလို၊အဆင်မပြေတော့ ပစ်ပယ်တတ်ကြတယ်ဆိုတာလည်း ချစ်သူတွေပါပဲ။ခံစားမှု နုနယ်
ငယ်ရွယ်တဲ့ အရွယ်တွေပဲကွယ်။ဒါတွေက ဖြစ်နေကြဦးမှာပဲ။
          ဒါပေမယ့်ကိုယ့်ချစ်သူဟာ ကိုယ့်ကိုဂရုမစိုက်နိုင်လောက်အောာင် ဘယ်လိုအခက်အခဲများရှိနေ
သလဲဆိုတာ ပြန်လည်ထည့်တွက်စဉ်းစားသင့်တာပေါ့။အသွင်မတူတဲ့ ဘ၀နှစ်ခုပဲကွယ်။ဆန္ဒတွေနဲ့ ဘ
ဝတွေ ဘယ်တူညီနိုင်ပါမလဲ။သူလည်း ကိုယ့်လိုပဲ ခံစားနေရမလား။သူကတကယ်ကိုယ့်ကို သစ္စာရှိရှိနဲ့
ချစ်နေသော်လည်း သူ့အခက်အခဲကြောင့် ယုယခွင့် ၊ ဂရုစိုက်ခွင့်မရခဲ့ဘူးဆိုရင်တော့ ကိုယ့်ချစ်သူကို
ကိုယ်ကပဲ ဂရုစိုက်ယုယပေးလိုက်သင့်တာပါ။ကိုယ်က တကယ်ချစ်ခဲ့ရင်ပြောတာပါ။
          တကယ်လို့ ကိုယ်ကဂရုစိုက်ပါလျက်နဲ့ ကိုယ့်ချစ်သူက ကိုယ့်ကိုရက်စက်ပစ်ခွါသွားခဲ့တယ်ဆို
ရင်တော့ စောစောလမ်းခွဲတာဟာ ၀မ်းနည်းစရာမှမဟုတ်တာပဲ။ကိုယ့်ဘ၀လမ်းမပျောက်ပါစေနဲ့။အချစ်
ကြောင့် ကိုယ့်ရည်မှန်းချက်မထိခိုက်ပါစေနဲ့။ကိုယ့်ပေါ်ရက်စက်တဲ့ချစ်သူကို စွန့်လွှတ်အချစ်နဲ့ ချစ်လိုက်
ပါတော့။အချစ်က ဘ၀အတွက် သင်ခန်းစာတစ်ခုပေးလိုက်တယ်လို့ သိလိုက်ရင် ဘ၀ကပိုမိုရင့်ကျက်
လာပါပြီ။

                                                      မဟုတ်ကဟုတ်က အချစ်ရှုံးသမားကြီး ဦးစိန်တုံး

No comments:

Post a Comment