ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Monday, March 10, 2014

ကျွန်တော့်မှာ ကြယ်ကလေးရှိတယ်



ကျွန်တော့်မှာ ကြယ်ကလေးတစ်စင်းရှိတယ်။အဲဒီကြယ်ကလေးနဲ့အတူတူ ကြယ်များစွာ
မှာလည်း ကျွန်တော်ရှိတယ်။ကျွန်တော်က အေးအေးမြမြ လမင်းကြီးဖြစ်ချင်ခဲ့တာ။ဟုတ်
ပါတယ်။ကျွန်တော်က အေးအေးမြမြလမင်းကြီး ဖြစ်ချင်ခဲ့သူပါ။

လမင်းဆိုတာ အနစ်နာခံရင်း တစ်ခါတစ်ခါမှောင်မိုက်ခြင်းတွေနဲ့ အလင်းငတ်တတ်တယ်
ဆိုတာကို ကြယ်ကလေးအားပြောပြတော့ ကြယ်ကလေးက''သူ တတ်နိုင်သမျှ ကူညီပြီး
လင်းပေးမှာပေါ့ အကိုရယ်''တဲ့။ဒီလိုနဲ့ ကျွန်တော် လမင်းဖြစ်လိုက်တယ်။

ကျွန်တော်ပျော်တယ်။အားတက်မိတယ်။ရည်မှန်းချက်တွေခိုင်မာလာတယ်။ကျွန်တော်
ပို၍ကြိုးစားနေမိတယ်။ကျွန်တော့်မှာ ကြယ်ကလေးရှိနေပြီလေ။ကျွန်တော်မှောင်သွား
ပါစေ ကျွန်တော့်မှာကြယ်ကလေးရှိတယ်ဆိုတဲ့
အသိနဲ့ အလင်းမပျောက်အောင် ဆက်
လျှောက်နေမှာပါ။ကျွန်တော် ဆက်လက်လျှောက်လှမ်းနေမိတယ်။

ကြယ်ကလေးကပြောတယ်။''အစ်ကိုရယ် ကြယ်ကလေးက ကမ္ဘာခြားနေပေမယ့် အစ်
ကို့အနားမှာပဲ လင်းနေတာ ''တဲ့။ကျွန်တော် ပို၍ပို၍ယုံကြည်လာတယ်။ကြယ်ကလေး
ကလည်း တကယ်ပဲချစ်စရာကောင်းတယ်။သူက အေးအေးနွေးနွေးလေးရယ်။ကျွန်
တော်ကြယ်ကလေးကို တိုးတိုးပြီးမြတ်နိုးလာနေမိတယ်။ကြယ်ကလေးကြောင့်ပဲ ကျွန်
တော် ဘယ်တော့မှ မမှောင်မိုက်တော့ဘူး။

တကယ်ပါ။ကြယ်ကလေးက ကျွန်တော့်ကိုကူညီပြီး လင်းလင်းမလင်းလင်းပါ။ကြယ်က
လေးကြောင့်တော့ ကျွန်တော် ပိုမိုကာလင်းနေပါတယ်။

ကြယ်ကလေးရေ.......
ကြယ်ကလေးကြောင့် လမင်းပျော်ပါတယ်။

ကျွန်တော့်ကြယ်ကလေးအတွက် ကျွန်တော်လက်ဆောင်လေးပေးပါရစေ ကောင်းကင်
ကြီးရေ။


လက်ဆောင်

လမင်းမှသည်၊ကူညီလင်းပေး
ကြယ်ကလေးသို့၊နွေးထွေးမေတ္တာ
စေတနာနဲ့၊ကဗျာဖွဲ့ကြူး
အထူးဆောင်ကာ၊ပေးပို့ပါသည်
ရင်မှာ သာ၍ အေးအောင်လို့။

ထို့အတူမှာ၊ကြယ်ကညာလည်း
တန်ပြန်ပဲသာ၊ဖြူစင်စွာဖြင့်
မေတ္တာမချို့၊လက်ဆောင်ပို့သည်
ကို့တွက် သာ၍ လင်းအောင်လို့။

လမင်းစေတနာ၊ကြယ်မေတ္တာတို့
အာကာတစ်သောင်း၊အလင်းပေါင်းသည်
ကောင်းကင်ကြည်မြ ဖြစ်စေသော်။
မြေပြင်ပီသ ချစ်ဝေသော်။

မောင်မဲကောင်
၁၀-၀၃-၂၀၁၄

No comments:

Post a Comment