ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, March 7, 2014

မပြောရက်ခဲ့တဲ့စကားလုံးများ

အမှန် အမှား
ငါ မသိခဲ့ပါဘူး
ရိုးသားမှုလား . . .
ကြောက်ရွံ့မှုလား. . .

မသိ မသိ မသိ
မသိတာတွေက ခပ်များများ
တစ်ခါတစ်လေ ဘ၀တွေဟာ
ပြင်ထန်တဲ့ပေါက်ကွဲမှုတွေ
ကြောက်ရွံ့ဖွယ် တိတ်ဆိတ်မှုတွေ
အတိတ်တွေ အရိပ်တွေ
အနာဂတ်တွေ ပစ္စုပန်တွေ
ရွံ့ရှာစွာ
ငါ မုန်းပြီး
အချစ်ဆိုတာ ဘာရယ်လို့
မသတ်မှတ်လိုက်မိသူ
မင်း မရှိတဲ့နေရာမှာ
မင်း မသိတဲ့လူတွေနဲ့
မပြောခဲ့ရတဲ့ စကားတွေကို
ကတ္တီပါ နှစ်လုံးသားနဲ့ထုပ်
ကိုယ့်ကိုယ်ကို လူလို့သတ်မှတ်
အတ္တတွေ တသီကြီးဆုပ်ကိုင်ခဲ့တယ်
စကားလုံး လှလှလေးတွေနဲ့
မင်းအတွက်လို့ငါ ပြောခဲ့တယ်
ရက်ရက်စက်စက် ခွဲသွားပြီးမှ
မင်းအတွက်လို့ ငါဆိုပြန်တယ်
ဒါပေမဲ့ . . .
ကတ္တီပါနှစ်လုံးသားလေးထဲ
နွေးနွေး ထွေးထွေး
ထွေးပိုက်ထားမိနေဆဲ
ငါ မပြောရက်ခဲ့တာက . .
                      ကျော်ကျော်

No comments:

Post a Comment