ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Monday, March 10, 2014

အမည်မသိမရွှေချောမေးတဲ့ ချစ်ရေးချစ်ရာအဖြေလွှာ




ကျွန်မနဲ့သူနဲ့ကချစ်သူသက်တမ်း 333333333သုံး နှစ်ပြည့်ခါနီး 1လအလိုမှာသူအခြားတယောက်နဲ့လက်ထပ်ဖို့စီစဉ်နေတယ်ဆိုတာသူများပြောလို့သိရပါတယ်။
သူ့ကိုမေးကြည့်တဲ့အခါမှာလည်းဟုတ်တယ်ဆိုတာသိရပါတယ်သူနဲ့ကျွန်မနဲ့နောက်
 1 နှစ်ခွဲမှာလက်ထပ်ဖို့စီစဉ်ထားပါတယ်။သူနဲ့
ဘာပြသနာမှလဲမရှိဘဲနဲ့အဲလိုလုပ်တဲ့အတွက်အရမ်းအံ့သြရပါတယ်။
သူ့ကိုမေးကြည့်တော့မတက်သာတဲ့အခြေနေမို့လို့လက်ထပ်ရတော့မယ်လို့ပြောတယ်။ ကျွန်မကိုလဲပြန်ပြီးတောင်းပန်တယ်။
ကျွန်မသူ့ကိုခွင့်လွှတ်လိုက်ပါတယ်။ဒါပေမဲ့သူလက်ထပ်ဖို့စီစဉ်နေတဲ့အချိန်ထိသူဘာလို့ကျွန်မကိုမဖြတ်သေးလဲဆိုတာကျွန်မနားမလည်နိုင်ဘူး။ကျွန်မကိုသူလက်ထပ်မယ်ဆိုတဲ့သတင်းကိုပြောပြတဲ့သူကိုလည်း
သူအခုထိခွင့်မလွှတ်နိုင်ဘူး။အခုသူလက်ထပ်ပြီးတော့လဲ ညဘက်ဆိုရင် အရက်မူးပြီးကျွန်မဆီဖုန်းဆက်ပြီး ကျွန်မကိုအရမ်းလွမ်းတဲ့အကြောင်းတွေပြောတယ်။သူအရမ်းခံစားနေရတဲ့ကြောင်းတွေပြောတယ်။
သူ ကျွန်မကိုတကယ်ချစ်ခဲ့တာလား အပျော်တွဲခဲ့တာလားဆိုတာကျွန်မ မသိတော့ဘူး။သူတကယ်ချစ်ခဲ့တာလား
မချစ်ခဲ့ဘူးလားဆိုတာစမ်းသပ်လို့ရမဲ့နည်းလမ်းလေးများရှိလားဆိုတာသိချင်ပါတယ်။
                                                               အမည်မသိမရွှေချော


           အင်း ….ဒီတစ်ယောက်က နာမည်မသိ မရွှေချောလေးထင်ပါ့။သုံးနှစ်လောက်ချစ်ခဲ့တဲ့ချစ်သူက
ကိုယ်တကယ်ချစ်ရသူနဲ့ လက်မထပ်နိုင်ဘဲ၊တစ်ခြားတစ်ယောက်နဲ့ လက်ထပ်ရမယ့် အဖြစ်မျိုးနဲ့ကြုံနေ
တဲ့သဘောပေါ့။ပြီးတော့ သူက ကိုယ့်ချစ်သူထံမှာ
ခွင့်လွှတ်ဖို့တောင်းပန်ပြီး တစ်ခြားတစ်ယောက်နဲ့ လက်ထပ်ရတော့မယ်ဆိုတဲ့အကြောင်း သတ္တိရှိရှိပြောပြတယ်။တကယ်တော်တဲ့ ယောက်ျားကောင်းပဲ။

          သူချစ်တာကတစ်ယောက် သူလက်ထပ်ရတာကတစ်ယောက်ဆိုတော့ သူတော်တော်ခံစားနေ
ရမှာပေါ့။ဒါကြောင့်လည်း ညည သတိတွေရတိုင်း ကိုယ့်ချစ်သူဆီဖုန်းဆက်တယ်။လွမ်းကြောင်း သတိ
ရကြောင်းတွေပြောမယ်။
          မရွှေချောလေးရေ….မရွှေချောလေးရဲ့ ချစ်သူက တကယ်ချစ်ခဲ့တာဆိုတာကို သံသယမဖြစ်မိ
ပါစေနဲ့နော်။သူ တကယ်ချစ်လို့ မရွှေချောကို အရာရာတိုင်း ရင်ဖွင့်မိနေတာပေါ့။ဦးဦးစိန်တုံးပြောပြမယ်။ ယောက်ျားရဲ့ အားနည်းချက်က ကိုယ့်ချစ်သူရှေ့ရောက်ရင် ကျားမာနတွေချပြီး ရင်ဖွင့်ပြတတ်တာပဲ
လေကွယ်။မရွှေချောလေးရေသူ့အချစ်ကို ထပ်ပြီးမစမ်းသပ်ပါနဲ့တော့ကွယ်။တကယ်ဆို မရွှေချော
က သူ့ဘ၀အတွက်အားဆေးတစ်ခွက်ဖြစ်သင့်တာပါ။သူ့ အိမ်ထောင်ရေး လှပဖို့ ကိုယ့်အချစ်တွေနဲ့
ကူညီပြီး ဖေးမပေးရမှာ။ဟုတ်တာပေါ့။သူ အားငယ်နေတယ်။သူ ၀မ်းနည်းနေတယ်။သူ ကြေကွဲနေ
တယ်။သူမချစ်တဲ့ လူရှေ့မှာ သူ ဘယ်လိုမှ ပျော်ပိုက်မှာမဟုတ်ဘူး။သူ သိပ်ခံစားနေရမှာပဲကွယ်။
အဲဒီအချိန်တိုင်းမှာ မရွှေချောလေးက သူ့ဘ၀ရဲ့ မီးအိမ်ရှင်။သူ အိမ်ထောင်ရေးကို တည့်မတ်ပေးနိုင်
တဲ့ တစ်ဦးတည်းသော နှလုံးသားပိုင်ရှင်ပေပဲ။
          ဒါကြောင့် မရွှေချောလေးက အနစ်နာခံစွန့်လွှတ်တဲ့အချစ်မျိုးနဲ့ သူဘ၀လှပအောင် ကူညီအား
ပေး ဖေးမလိုက်ပါနော်။မရွှေချောလေးလည်း နှလုံးလှတဲ့ သူတစ်ယောက်အဖြစ်နဲ့ ကိုယ်တကယ်ချစ်
သင့်တဲ့ချစ်သူကို တွေ့လာရမှာပါ။
                                                          မဟုတ်ကဟုတ်က အချစ်ရှုံးသမားကြီး ဦးစိန်တုံး

No comments:

Post a Comment