Regard....................................
သို့ချစ်သူဆုံရာမြေ
ညီမမှာချစ် ရသူတစ်ယောက်
ရှိပါတယ်။သူနဲ့ညီမက၈တန်းတုန်းကသိခဲ့တာပါ။သူကညီမကိုမာနကြီးလို့မာနကိုချိုးမယ်ဆိုပြီး
အ လောင်းအစားနဲ့ညီမကိုလိုက်ခဲ့တာပါ။ညီမကသိရဲ့နဲ့ ပြန်ပြီးခင် မင် ခဲ့ပါတယ်။သူကချစ်တယ်လို့ပြောတော့ညီမကအဲဒီအရွယ်က
စိတ်ကစားတဲ့အရွယ်ဆိုပြီးလက်မခံခဲ့ပါ။ဒီလိုပဲသူငယ်ချင်းမက
ရည်းစားမကျနဲ့နေခဲ့တာပေါ့။သူ့ကိုစောင့်ကြည့်နေခဲ့တာသူကကျောင်းမှာဆိုတစ်ခြားကောင် မ
လေးတွေကိုမစဘူးလေ။သူငယ်ချင်းမိန်းခလေးတွေတော့ရှိပါတယ်။သူက
ညီမကိုဆယ်တန်းအောင်ပြီးတော့အ ဖြေ တောင်းပါတယ်။ညီမသူ့အ ပေါ်အရင်
တုန်းကစိတ်ကစားရုံပဲရှိခဲ့တာပါ။ဒါပေမဲ့ အခုကျသူ့အ ပေါ်ခံစားချက်က
လေးနက်နေတယ်လေ။သူကအဖြေတောင်းနေတယ်ညီမဘယ်လိုဖြေရမှာလဲသူကမိန်းကျောင်း။ညီမကGTCလေသူကကြ ကြည့်ကောင်းတော့သူ့ကိုလည်းစိတ်မချဘူး။အခုတောင်
သူ့ကိုပထမနှစ်ကအစ်မတစ်ယောက်ကဖုန်းတွေဆက်ပြီးလိုက်ရောနေတာ။သူကလည်းညီမကိုစိတ်မချလို့အ
ဖြေ တောင်းတာလို့ပြောတယ်။
သူ့ကျောင်းမှာနောက်တစ်ယောက်တွေ့ပြီညီမကိုပစ်သွားမှာလည်းစိုးတယ်။သူက ညီမကိုစခင်
ကတည်းကသူငယ်ချင်းစိတ်နဲ့မဟုတ်ဘူးလေ။အဆင့်တက်ဖို့ရည်ရွယ်ချက်နဲ့စခင် တာလေ။အဲဒီတော
အမှန်အတိုင်းပြောရင့် (မေးခွန်းအဆုံးထိပါမလာပါ)
Regard....................................
.
ညီမဆိုတဲ့ ကလေးမလေးရေ……
မစမ်းသပ်သင့်တဲ့အထဲမှာ အချစ်ဟာလည်းပါတယ်။အချစ်ဆိုတာက
လောကကြီးလှပဖို့အတွက် နတ်တစ်ပါးပဲ။
အချစ်က
စွမ်းအားလည်းရှိတယ်ကွယ့်။အဲဒီအချစ်ဆိုတာကြီးနဲ့ အလောင်းအစားမလုပ်တာကောင်းတယ်။အချစ်
က
သင်္ကေတတပ်လို့မရသလို
၊ ဘ၀တော့မဟုတ်သေးဘူးနော်။ဒါပေမယ့် အချစ်က ကမ္ဘာကြီးရဲ့ အလှတန်းဆာ
တစ်ခုတော့ဖြစ်တယ်ကွယ့်။အချစ်သာမရှိရင် လောကကြီး ဘယ်လိုလုပ်လှပါတော့မလဲ။အဲ..အဲ…။။
အဲဒီလိုအချစ်က ခုကတည်းက သံသယများနေတယ်ဆိုရင် အချစ်ကြောင့် စိတ်ချမ်းသာဖို့ ၊ ပျော်ရွှင်ရဖို့
ထက်
စိတ်ညစ်စရာတွေများတော့မှာ
အမှန်ပဲလေကွယ်။အချစ်က
အဲဒီလိုစိတ်ညစ်စေတယ်ဆိုရင်
ဘ၀ရည်မှန်း
ချက်တွေကိုပါ
ဖျက်ဆီးပစ်တတ်တယ်
ဆိုတာ သိထားသင့်တယ်။ဒါကြောင့် သံသယနဲ့အစပြုထားတဲ့ အချစ်ကို
မစမ်းသပ်တော့ဘဲ လက်လွှတ်လိုက်တာကောင်းပါတယ်။သူကချစ်သည်ဖြစ်စေ ၊ ကိုယ်ကချစ်သည်ဖြစ်စေ သံ
သယနဲ့
စတဲ့အချစ်ကို
မမွေးမြူမိပါစေနဲ့ကွယ်
လို့ မဟုတ်ကဟုတ်က အချစ်ရှုံးသမားကြီး ဦးစိတ်တုံးက အကြံ
ပြုလိုက်ပါရစေ။
မဟုတ်ကဟုတ်က အချစ်ရှုံးသမားကြီး ဦးစိန်တုံး
No comments:
Post a Comment