ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, March 7, 2014

အလွမ်းတွေနဲ့ သေနေတဲ့ ကဗျာ







သိပ်သတိရတာပဲခမ်း
အလွမ်းတွေက မင်းမူလိုက်
သတိရမှုတွေက ကြီးစိုးလိုက်နဲ့
ညမိုက်မိုက်တွေရဲ့
တိုက်ခိုက်ကာပြောင်
ကိုယ့်ကိုလှောင်နေပုံတွေကို
ခမ်းမြင်စေချင်
လိုက်တာ။

သည်ညတွေမှာ ပေါ့၊
ခမ်းကိုလွမ်းတိုင်း
ရေးတဲ့ကဗျာတွေ
သတိရတိုင်း
စပ်တဲ့ကာရံတွေ
သူ့အဓိပ္ပါယ်နဲ့သူ သေနေတယ်။

ဘယ်သူကဖတ်မှာလဲ
ဘယ်သူကအားပေးမှာလဲ
အတ္တချွဲပြစ်နေတဲ့လောကကြီးထဲမှာ
အဲဒီကဗျာတွေဟာ
ခမ်းအတွက် သက်သက်အလွမ်းတွေ၊
ကိုယ့်ကဗျာတွေနဲ့ ကိုယ်ဟာ
ဝမ်းနည်းနေပါတယ် ခမ်း။

ဝမ်းနည်းတော့လည်း
ခမ်းကိုပဲ သတိရ
ခမ်းက အားပေးတတ်တယ်၊
ဖေးမတတ်တယ်၊
ကြင်နာတတ်တယ်၊
ယုယတတ်တယ်၊
အရာရာတိုင်းအတွက်
ခမ်းရဲ့ ထင်မြင်ချက်တွေက
အတ္တမဆန်ခဲ့ဖူးဘူး
မျှတပွင့်လင်း
ရိုးရှင်းမြင်သာခဲ့တယ်။

အရာရာကို
အလွယ်မယုံတတ်သလို
ကိစ္စတိုင်းကို
ခပ်ပေါ့ပေါ့မဆုံးဖြတ်တတ်ဘူး၊
ခမ်းနဲ့ ပတ်သက်ဖူးတဲ့
ရက်တွေတိုင်းကို
ကို လွမ်းမိတယ် ခမ်း။

ခမ်းနဲ့ခင်သူတိုင်းက
ပြောနေကြပေါ့
ခမ်းက တည်ကြည်တယ်၊
ခမ်းက ယဉ်တယ်၊
ခမ်းက ချောတယ်၊
ခမ်းက လှတယ် တဲ့၊
သူတို့ စကားလုံးတွေရဲ့လယ်မှာ
ကို သိမ်ငယ်ခဲ့တာလည်း
အခါခါပဲပေါ့ ခမ်း။

လွမ်းရတယ်ခမ်းရယ်၊
ခမ်းကပြောမယ် မဟုတ်လား
လွမ်းရအောင် ဘာများ
ခမ်းလုပ်ထားဖူးလို့လဲ...လို့။

ခမ်းရဲ့ရိုးသားမှုဟာ
ချစ်စရာပေါ့ ခမ်း၊
ခမ်းရဲ့ သိတတ်နားလည်မှု
မိန်းမသား ဆန်မှုများဟာ
လွမ်းစရာပါ ခမ်း။

မိန်းမသား များစွာထဲမှာ
ခမ်းဟာ မိန်းမတစ်ယောက်
ဘယ်အရာက
ပို၍ဂုဏ်မြောက်နေလဲ ....ဟုတ်လား ခမ်း၊
မိန်းမဆန်လွန်းတဲ့အလှ
ဣနြေ္ဒရတဲ့ မိန်းမ
လောကကို လှသထက်လှအောင်
ကျင့်ဆောင် ရှုမြင်တတ်တဲ့ မိန်းမ
ကြင်နာမှုမှာ သာလွန်ခြင်း
ညင်သာ ပျော့ပြောင်းလွန်းခြင်း
မာယာတိုင်းမှာ
ပွင့်လင်းစွာရှိခြင်း
ကျော့ရှင့်လွန်းမက
လှပလွန်းမက
ကျော့ရှင်းလှပနေတဲ့
ပသာဒ အားလုံးဟာ
သာလွန်နေတဲ့
ခမ်းရဲ့ အလှတရားတွေပါ ခမ်း။

အလွမ်းတွေနဲ့
ကိုနဲ့ ကိုယ့်ရဲ့ ကဗျာတွေ
သူ့ဟာသူ သေနေပါတယ် ခမ်း။

မဲခေါင်
၂၂-၀၇-၂၀၁၃

No comments:

Post a Comment