ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, March 7, 2014

အ၀ါရောင်ဘုရင်မ


နွေလယ် ညမှာ
လှပစွာပွင့်ရဲတဲ့ သတ္တိနဲ့
သူ့ရဲ့ နန်းတက်ပွဲမှာ
သူဟာ
ဘုရင်မ။

သူ့ဘဝ နန်းပလ္လင်မှာ
အလွမ်းဘုရင်ရဲ့ဖြစ်စေ
တစ်နှစ်တစ်ခါစံကာ
လောကသာယာစေရေး
အနစ်နာခံအလှဆင်တဲ့
အလှဘုရင်မဖုရား။

တစ်ခါတစ်ခါများ
အိမ်ခြံတံခါးကိုကျော်ဝင်ရင်း
သင်းသင်းလေး မွှေးလို့
တစ်ကြိမ်တစ်ကြိမ်တော့
အိမ်စည်းရိုနံဘေးမှာ
ချိုးချိုးနှိမ်နှိမ်လေးခွေလို့ပေါ့။

လေအသော့မှာ
ပြေလျော့သွားတဲ့ သူ့ဝတ်ရုံလွှာဟာ
ကမ္ဘာတစ်ဝက်ကို သစ္စာပြ
ပွင့်ဝါအလှလေးများနဲ့
အဝါရောင်ဘုရင်မ။

မောင်မဲကောင်
07-03-2014

No comments:

Post a Comment