ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, March 7, 2014

ဝေဒနာ ရှားရှားပါးပါး





လွမ်းရတယ် ကလေးရယ်..
ကလေးမသိအောင် ချစ်မိတဲ့
ကိုယ့်အပြစ်လို့ပဲ ယူဆပါတယ်၊
ကလေးမရှိတဲ့ရက်မှာ
ခရီးထွက်တာ ကြာလှချည်လားလို့ တွေးမိတယ်၊
ကလေးရောက်လာမယ့်ရက်ကို တွက်စစ်ပြီးတော့
ပြန်ရက်တွေနောက်ကျလိုက်တာ
လို့ ငြီးမိတယ်။

ကလေးရယ်....
ကလေး မရှိတော့ ရင်မှာဟာသလို
တွေးမိပြန်တော့ ကိုယ့်အဖြစ်ကို ရင်နာတယ်၊
အကြင်နာတွေပြရင်းသာ ဘ၀ကိုကျေနပ်ရသူပါ၊
မြတ်နိုးတယ်ဆိုတဲ့စကားကို
ခိုးလို့တောင်မပြောရက်ခဲ့ဘူး၊
မောရတဲ့ ရက်တွေ ရှည်ခဲ့ပြီ ကလေးရယ်...။

မပြောရက်ဘူး ကလေးရယ်...
လွမ်းရတယ်ဆိုတဲ့အကြောင်း
ပြန်ပြောင်းပြီး မပြောရက်ဘူး၊
မချစ်ဖူးဘူးကလေး
ဒီလိုလည်း မဖြစ်ဖူးဘူး၊
ကိုယ် ရူးပြီလားလို့တွေးမိတယ်၊
ကလေးမသိတာ ကောင်းပါတယ်။

မောင်မဲကောင်
7.3.2014

No comments:

Post a Comment