ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, February 23, 2014

ပြန်လာခဲ့ပါ




ကျော့ရှင်းသန့် စင် ဆံပင်ရှည်ရှည်က
ပိတုန်းရောင်အဆင်းနဲ့ 
ယိမ်းနွဲ့ ပလွှား မင်းတင်ပါးပေါ်
ဝဲပျံ ကခုန် နေကြကုန်ဟန်….


မြန်မာ့သနပ်ခါး ပါးကွက်ကျားက
ရွှေဝါရောင်အဆင်းနဲ့ 
နူးညံ့အိစက် မင်းပါးဖြူဖြူထက်မှာ
ဂုဏ်ဖေါ်မြူးကြွ အနေပျော်ကြဟန်...

အကူညီမပါ နီတျာနုတ်ခမ်းနှစ်လွှာက
ညွှတ်ကွေးညို့ တင် လေးကိုင်းအသွင်နဲ့ 
ရုန်းကြွ ပွင့်အာ တော့မယ့်ဟန်
အပြန်ပြန် အလှန်လှန်ကြည့်လည်း
မက်မပြေ ရှု့ မဝ
ငါ့မျက်လုံးထဲက..လှဧကရီ...။

ခုနှစ်သံစဉ် တေးကဗျာလွင်လွင်အလား
တောင်ယံကမ္ဘားက တငြိမ့်ငြိမ့်စီးကျရေသံလို
တခါက. မင်းစကားသံချိုချိုလေးတွေ
ငါ့နံရံတစ်ဝဂူငယ်လေးထဲ
ထပ်ခါတလဲလဲ ပဲ့တင်ရိုက်ခတ်
အကြားဓါတ်နဲ့ ပနံသင့်နေဆဲ
မင်းဘယ်မှာလဲ...ငါ့ချစ်လှဧကရီ။

ရွှေမှာ ကြေးနီနှောသလို
ငါ့ဘဝကို မင်းဘဝနဲ့ ရောစပ်
အနာဂါတ်ရဲ့ လောကဓံရှစ်ရပ်
အသက်ဓါတ်တွေ ကုန်ဆုံးတဲ့အထိ
အသိတွေဖလှယ်
တယောက်ကိုတယောက် နားလည်မှုနဲ့ ခင်တွယ်
သမုဒယ ဒီနယ်မှာ. မင်းလေးနဲ့ အတူ
အပူအအေးမျှဝေယူရင်း. ကူးခတ်ဖို့ 
ငါ့ဘဝကို မင်းဘဝထဲ မြုပ်နှံပါရစေကွာ...
ရောက်ရာအရပ်က ပြန်ခဲ့ပါ….ငါ့အချစ်.....လှဧကရီ...။
                           မင်းထက်သစ္စာ

No comments:

Post a Comment