ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, February 23, 2014

ငါမဆွဲဖြစ်သေးတဲ့ ပန်းချီအလှ




မြန်မာ့သနပ်ခါး..ပါးကွက်ကျားလေးက
ဝေဒနာချက်လုပ်တတ်တဲ့ငါ့ နှလုံးသားမှာ..
တစွဲတလန်းအပင်လေးကို တစူးနက်နက်စိုက်သွားခဲ့။

ပိတုန်းရောင်နက်နက်ဆံပင်ရှည်ရှည်တွေက
ငါ့..မေ့နိုင်ခဲ့ အပင်လေးကို…


အမှတ်တရပြင်းအားမြင့်ရေစင်..သွန်းလောင်းခဲ့။

ခုတော့ဖြစ်ကွယ်...
ခွန်အားပြည့်သမုဒယမြစ်တစင်း..အရှိန်ပြင်းပြင်းနဲ့ 
ကိုယ့်ဘ၀အတွင်း...စီးဆင်းစူးနစ်နေရာယူလို့ ..။

ရွက်ကြမ်းရေကျိုမြန်မာဆန်တဲ့မင်းရဲ့ အရပ်အမောင်းက
ခေတ်ပေါ်မော်ဒန်တွေကြား .ကြွားကြွားဝင့်ဝင့်
အေးငြိမ်းယဉ်ကျေးအလှနဲ့ တင့်တယ်နေပုံများ...
ငါ့အသက်ရှုမှုမှားယွင်းစေခဲ့ပေါ့..မြန်မာမလေးရယ်...။

သမုဒယပျိုးလို့ -.  ဒုက္ခပိုးထိ
သောကပရိဒေ၀ တွန်းထိုးငြိစေသတဲ့
ရှိပါစေတော့….မိန်ခလေးရယ်.....
အန္ဓအသည်းနဲ့ သာမန်လူသားပေမို့ 
ပါရမီဖြည့်ဖက်များတို့ လို တို့ နှစ်ယောက်
အအေး အပူကို ဖေးယူ..ထွေးကူကြပြီး
အပြာရောင်လွှမ်းသာယာအေးငြိမ်းတဲ့ မေတ္တာအိမ်လေးမှာ
နားလည်ပေးဆပ်မှုတွေနဲ့ ချစ်ချင်းတွေလွန်းကျစ်ကြမယ်
မိန်းခလေးရယ်.....
ကမ်းလက်ကို လှမ်းလင့်မှာလား..
လှမ်းဖက်လိုက်ပေါ့....ကမ်းလက်တစုံကို...။        ။

မင်းတာရာ
၁၀-၁၈-၂၀၁၃

No comments:

Post a Comment