ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Thursday, April 25, 2013

►►►►► ရင်လွဲသူ မှတ်တမ်း ►►►►►

►►►►► ရင်လွဲသူ မှတ်တမ်း ►►►►►


++++++ သံယောဇဉ် ထုထည်တွေကြောင့်

ရင်ကွဲမတက် နာကျင်ရတယ်......တဲ့လား

ကမ္ဘာကျော် သီအို၇ီ တွေထက်

အရိုးရှင်ဆုံး ကမ်းလင့်စကားတစ်ခွန်း နဲ့

ငါ့ နှလုံးသားကို လျှိုဝှက်စွာ နင် ခြွေချခဲ့တာလေ.......။



++++++ အလွမ်း ရေယာဉ်ကြောမှာ

လက်ပစ်ကူးနေရ သတဲ့လား.......။

Melody မဲ့တဲ့ ဂီတတစ်ပုဒ်ကို

ဖျော့တော့တော့ စာသားတွေနဲ့ အသက်သွင်းရင်း

မိုးခါးရေကို တွင်တွင် ငါ သောက်သုံးနေခဲ့တာလေ.......။


++++++ ကန္တာရဆန်ဆန် ရိုးပြတ်တောထဲမှာ

အိုအေစစ်လို အချစ်မျိုးနဲ့ ချစ်ပြခဲ့တယ်.......တဲ့လား

ရော်ဝါ၀ါ အညှာလေးကြွေပြရုံနဲ့

မြေမခ အနလှစေဘို့အတွက်

လက်ဖ၀ါးနုနု နဲ့ ငါ ခံယူမြတ်နိုးခဲ့တာလေ.........။


++++++ ဘ၀အမောတွေကို ပက်ဖြန်းအေးချမ်းစေတဲ့

ရင်တွင်း မိုးဥတု တဲ့လား..........။

ထွက်ပြုစ ရွက်နုလေး ဝေနေရုံနဲ့

ကောင်းကင် တာကျိုးမတက်

မေတ္တာမိုးတွေ တဝေါဝေါ ငါ စွေသွန်းပေးခဲ့တာလေ........။


++++++ တကယ်တမ်း

သေချာစမ်းစစ်ကြည့်တော့

သူ့ နှလုံးသား

လေဖိအားနည်းရပ်ဝန်း မှာ

ငါ့အတွက် ဥပေက္ခာ

ဝေဒနာ နှင်းရည်တွေနဲ့ ငွေ့ရည်ဖွဲ့နေခဲ့တာလေ...........။
မူရင်းလင့်https://www.facebook.com/photo.php?fbid=488289707905286&set=a.240572606010332.56224.100001727827680&type=1

No comments:

Post a Comment