ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Thursday, May 2, 2013

ကျွန်မ

ငါလေ ယုံကြည်ထားသမျှ
အခုတော့ အကုန်ပျက်ပြယ်နေခဲ့
မေတ္တာမှာ အသွားအပြန်ရှိတဲ့ ဆိုရိုးတစ်ခု ကျွန်မ ကြားဖူးခဲ့တယ်
တကယ့်လက်တွေ့ဘ၀အတွက် မှားယွင်းနေတဲ့ သင်ရိုးတစ်ခု
ပြန်မလာတော့မယ့် သူတစ်ယောက်ကို
ပန်းတစ်ပွင့်နဲ့ မျှော်နေမိသလို
ပြန်လည်ရောင်ပြန်ဟပ်ခြင်းမခံရတော့မယ့် အချစ်တစ်ခုကို
မျက်ရည်တစ်ချို့နဲ့ ကျွန်မ မျှော်လင့်နေမိတယ်
ကျွန်မရဲ့ နှလုံးသားမှာ သူရှင်သန်တယ်
ဒါပေမယ့် ကျွန်မရဲ့ ဘ၀မှာ သူမနေထိုင်ပါဘူး
ကျွန်မရဲ့ အတွေးမှာ သူရှိတယ်
ဒါပေမယ့် ကျွန်မရဲ့ ဘေးမှာ သူမရှိပါဘူး
ကျွန်မရဲ့ စိတ်ကူးတိုင်းမှာ သူခိုအောင်းတယ်
ဒါပေမယ့် ကျွန်မရဲ့ ရင်ငွေ့မှာ သူမခိုလှုံပါဘူး
ကျွန်မလေ သိပ်ကို ရူးသွပ်ခဲ့သူပါ
ကျွန်မလေ နားထဲမှာ သူ့ခေါ်သံလေးတွေကြားယောင်နေမိတာလည်း ခဏခဏပါပဲ
သူပြောခဲ့ဖူးတာလေးတွေ ပြန်တွေးမိရင်း
တစ်ယောက်တည်းပြုံးနေမိတာလည်း ခဏခဏပါပဲ
ဘာတွေပဲဖြစ်ဖြစ်ပါ
ဘယ်လိုပဲဖြစ်ဖြစ်ဟာ
ငါနင့်ကိုအရမ်းလွမ်းနေပါတယ်


                                     မြတ်နိုးသူလေး    


ကူးယူခဲ့သောလင့်http://soneseeyar.ning.com/group/autor-group/forum/topics/6523429:Topic:130489

No comments:

Post a Comment