ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Thursday, April 18, 2013

၁ နှစ်ကျော်အရွယ်ရှိသော ကလေးငယ် ၂ ဦးအားလက်ထပ်ပေးရန်စီစဉ်ခဲ့

ရခိုင်ပြည် ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာတွင် အသက်(၁)ကျော်နှစ်သာရှိသေးသည့် ကလေး ငယ်(၂)ဦးကို မိဘများက ဧပြီလ ၈ ရက်နေ့တွင် လက်ထပ်ပေးရန်စီစဉ်ကြရာ ရဲများမှ အခြေအနေ အား လာရောက် မေးမြန်ခဲ့သဖြင့် မိဘများက ၎င်း တို့အား အပြစ်ပေးမည်ကို စိုးရိမ်ကာ မင်္ဂလာပွဲအား ဖျက်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။


ဧပြီလ (၇) ရက်နေ့က ပေါက်တောမြို့ ရဲများမှာ အခြေအနေအား စုံစမ်းမေးမြန်းပြီး မင်္ဂလာပွဲအား ဖျက်သိမ်း ရန် မလိုကြောင်း မှာကြားခဲ့သော်လည်း မိဘများက သူတို့ အလိုအလျှောက် ဖျက်သိမ်း လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

" ရဲဌာနက တာဝန်ရှိသူများနှင့် လူကြီးများက စစ်ဆေးမှုများလုပ်ခဲ့သည်မှာ မှန်ကန်သော်လည်း သူတို့ မင်္ဂလာပွဲ ကို နှောင့်ယှက်တာမျိုးလုပ်ခဲ့ခြင်းမဟုတ်ဘဲ တာဝန်အရသာ စစ်ဆေးမှုနှင့် သတင်းမေးရန် အလည် လာ တာဖြစ်ကြောင်း၊ ၄င်းတို့ မိဘများကိုလည်း ဒီမင်္ဂလာပွဲကို ဖျက်ဖို့အတွက် လာခဲ့တာ မဟုတ်ကြောင်း၊ တာဝန်အရ စစ်ဆေးခြင်းသာ ဖြစ်ကြောင်း၊ ဒီမင်္ဂလာပွဲကို ဖျက်ဖို့မလို ဘူးလို့ ပြောကြား ခဲ့ကြောင်း။ " ဟု ရဲများနှင့်အတူ လိုက်ပါသွားသည့် အရပ်သားထဲမှ တစ်ဦးက ပြောသည်။

အသက် ၁ နှစ်ကျော် ခလေး(၂) ဦးအား မင်္ဂလာဆောင်ပေးရန် လုပ်ဆောင်ခြင်း အကြောင်းကိစ္စနှင့် ပတ်သက်၍ ကလေး၏ မိသားစုဝင် ဒေါ်မစိန်အေးက ရှင်းပြသည်။

" အဲဒီကလေးနှစ်ဦးက လူဝင်စားတွေဖြစ်တယ်၊ အရင်ဘ၀တုန်းက ချစ်သူတွေဖြစ်တယ်၊ နှစ်ဦး နှစ်ဘက် မိဘတွေ သဘော မတူတဲ့အတွက် လက်မထပ်ဖြစ်ဘဲ ကွဲသွားပြီး သေဆုံးသွားကြတယ်။ ကလေးတွေမွေးပြီးတော့ ၅ လလောက်ကြာတော့ အဲဒီကလေးနှစ်ယောက်က နေမကောင်း ခဏခဏ ဖြစ် လာ တယ်။ မိဘတွေကလည်း စိုးရိမ်ပြီး ဗေဒင်သွားမေးတော့ ဗေဒင်ဆရာက သူတို့ဟာ အရင်ဘ၀တုန်းက ချစ်သူတွေဖြစ်တယ်။ အခု ယတြခြေတဲ့အနေနဲ့ သူတို့ နှစ်ဦးကို လက်ထပ်ပေးလိုက်ပါဆိုလို့ လက်ထပ်ပေးဖို့ စီစဉ်တာဖြစ်တယ်၊ မနေ့က ပေါက်တောမြို့ ရဲမှူးတွေ၊ လူကြီးတွေက မေးမြန်းတာတွေပြုလုပ်တယ်ဆိုတော့ မိဘတွေက ဖမ်းဆီးတာတွေ လုပ်မလား၊ အပြစ်တွေ အများကြီးဖြစ်သွား မလား   တွေးပြီးတော့   ကြောင်းကြစိုးရိမ်စိတ်နဲ့ မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်တာပါ။ ရဲတွေက ဖျက်လိုက်လို့ မပြောသွားပါဘူး။ ကျမတို့ကပဲ စိုးရိမ်စိတ်လွန်ပြီးတော့ ဖျက်လိုက်တာပါ။ " ဒေါ်မစိန်အေးက ဟု ပြောသည်။

ကလေးငယ်(၂)ဦး၏ အမည်မှာ မောင်ဖြူသန်းလင်း(ဘ- ဦးမောင်ညွန်တင်၊ မိ- ဒေါ်သန်းသန်းယဉ်) နှင့် မပုပုသန်း (ဘ- ဦးသန်းမောင်၊ မိ- ဒေါ်ခင်ခင်သန်း) တို့ဖြစ်ပြီး သူတို့နှစ်ဦးကို ခရစ်နှစ် မြန်မာသက္ကရာဇ် ၁၉၇၃ ခုနှစ် နယုန်လဆန်း ၂ ရက်နေ့တွင် တစ်ရက်တည်းမှာပင် နာရီပိုင်းလောက် အကွာ တွင် မွေးဖွား ခဲ့ကြောင်း ၄င်းမိဘများက ပြောသည်။

အဆိုပါ ကလေးငယ်(၂)ဦး၏ မိခင်များမှာ ညီအစ်မများဖြစ်ကြပြီး ၄င်းကလေးများကြီး လာရင် မောင်နှ မဖြစ်တဲ့အတွက် လက်ထပ်ပေးလို့မ ရသောကြောင့် ဗေဒင်ဆရာပြောသည့်အတိုင်း ကလေးတွေ ကျန်း မာရေး အရ ယတြာခြေသောအနေဖြင့် အသက်ငယ်ရွယ်တုန်းအချိန်ခါ လက်ထပ်ပေးခြင်းဖြစ်သည်ဟု ဆက် လက်ပြောကြားခဲ့သည်။
 
(မှတ်ချတ်=From:News Collection)
မှတ်ချက်♥♥♥ ထူးဆန်းသော သတင်းတပုဒ်အဖြစ်ဗဟုသုတတိုးပွားစေလိုသောကြောင့် ရှဲလ် လာခဲ့ပါကြောင်းးး

No comments:

Post a Comment