ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Monday, March 17, 2014

ရင်ဘတ်ခြင်းနီးခဲ့မယ်ဆိုမင်းနားလည်မှာပါနော်


ချစ်သူ
သမုဒယချည်နှောင်
သံယောဇဉ်ရက်ကလေးတွေ
ကြာလာတော့
နှလုံးသားလေးအရောင်ပြောင်း
ချစ်တဲ့ကြောင်းကိုကဗျာရေး
ချစ်တဲ့အကြောင်းလေးတွေးတတ်ပြီ
ရင်ဘတ်ခြင်းနီးခဲ့မယ်ဆိုမင်းနားလည်မှာပါနော်။

ချစ်သူ
မင်းကမ်းလို့ တို့ယူ
မင်းပေးလို့ ချစ်ခွင့်ရ
နှလုံးသားချင်းလည်းနီး
သောကတွေလည်းဖြစ်ခဲ့ရ
ဒေါသတွေလည်းဖြစ်ရ
မနာလို တာသိပ်ချစ်လို့ပါ
ရင်ဘတ်ခြင်းနီးခဲ့မယ်ဆိုမင်းနားလည်မှာပါနော်။

ချစ်သူ
နှလုံးသားကိုသိမ်းပိုက်ပြီးရင်တော့
ဖွဖွလေးတော့ကိုင်သင့်တယ်
နှလုံးသားတခုပုံအပ်ပြီးမှ
မလိုချင်တော့လို့ခြေဆေး
နှလုံးသားသွေးတစက်စက်ကျအောင်
မင်းလုပ်ရက်လား
ရင်ဘတ်ခြင်းနီးခဲ့မယ်ဆိုမင်းနားလည်မှာပါနော်။

ချစ်သူ
မမြင်ခင်ကလည်းစွဲလန်း
မြင်ပြီးမှလည်း ချစ်စတိုး
နေ့နေ့ညညစွဲလမ်းတတ်အောင်
မင်းပြုစားရက်တယ်
ရင်ဘတ်ခြင်းနီးခဲ့မယ်ဆိုမင်းနားလည်မှာပါနော်။

ချစ်သူ
ရှိစုမဲ့စုသိက္ခာလေး
မင်းအတွက်စတေးပေးလိုက်တယ်
ချစ်သူကိုချစ်ခဲ့လိုမာနလည်းမထား
ဟန်ဆောင်ခြင်းလည်းကင်းမဲ့ခဲ့တယ်နော်
ရင်ဘတ်ခြင်းနီးခဲ့မယ်ဆိုမင်းနားလည်မှာပါနော်။

ချစ်သူ
အချစ်ကိုအပြစ်လိုဆိုရက်ပြီလား
သ၀န်တာကိုအပြစ်လိုမြင်ရက်ပြီလား
အချစ်ပေးလို့ အချစ်မမြင်
ဝန်တိုမူကို အပြစ်မြင်
အသစ်မြင်လို့အပြစ်မြင်ရင်
အပြစ်လို့သာ သတ်မှတ်ပါမယ်
အချစ်ကမ်းခဲ့တာလည်းမင်းပါပဲ
အပြစ်လို့သတ်မှတ်ခဲ့တာလည်းမင်းပါပဲ
ချစ်သူရေ
ရင်ဘတ်ခြင်းနီးခဲ့မယ်ဆိုမင်းနားလည်မှာပါနော်။

လေးစားလျက်
ရှင်းသန့်မေ

No comments:

Post a Comment