ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Monday, March 17, 2014

ဆယ်ကျော်သက် အရွယ်တွင် ကိုယ်ဝန်ဆောင်ခြင်း၏ နောက်ဆက်တွဲ ကျန်းမာရေးပြသဿနာများ

အမျိုးသမီးများသည်ဆယ်ကျော်သက်အရွယ်တွင်ကိုယ်ဝန်မဆောင်သင့်မှန်းသိသော်လည်း
မမျှော်လင့်ပဲ ကိုယ်ဝန်ရသွားကြပါသည်။နောက်ဆက်တွဲ ကျန်းမာရေးပြသဿနာများကိုကြိုတင်မမျှော်မှန်းဘဲ ခေတ္တ
ခဏသွေးသား
တောင်းဆိုမှုကို လိုက်လျောရင်းဖြင့် ကိုယ်ဝန်ဆောင်ကြသောသူများလည်း ရှိပါသည်။

ဆယ်ကျော်သက်အရွယ် ကိုယ်ဝန်ဆောင်ပါက ပထမဦးစွာ ပညာရေးကို ထိခိုက်နိုင်ပါသည်။ဘ၀ရည်မှန်းချက်ပန်းတိုင်ကိုမရောက်ဘဲဒုက္ခရောက်နိုင်ပါသည်။စီးပွားရေးလူမှုရေးနှင့်အိမ်ထောင်ရေးကိစ္စများကိုလည်း

အနှောင့်အယှက်ပြုနိုင်ပါသည်။ကျန်းမာရေးပြသဿနာများဖြစ်သောကိုယ်ဝန်ကိုမဆောင်ဘဲဖျက်ချခြင်းနှင့်ကိုယ်ဝန်ကိုဆက်လက်လွယ်ထားရသောဒုက္ခများကိုကြုံတွေ.နိုင်ပါသည်။

ကိုယ်ဝန်ကိုမိမိကိုယ်တိုင်သော်လည်းကောင်း၊မိမိ၏ချစ်သူရည်းစားမှလည်း
ကောင်း၊မိဘများမှလည်းကောင်းလက်မခံပါကကိုယ်ဝန်ကိုဖျက်ချတတ်ပါ
သည်။ကိုယ်ဝန်ဖျက်ချခြင်းသည်မိခင်၊ကူညီဖျက်ချပေးသောဖခင်နှင့် ကိုယ်ဝန်ဖျက်ချပေးသူအား တရားဥပဒေအရ သူများအသက်ကို
သတ်ခြင်းကြောင့် အရေးယူခြင်းခံရပါသည်။ဗုဒ္ဓဘာသာတရားတော်အရ အလွန်ငရဲကြီးသောအလုပ်လည်းဖြစ်ပါသည်။

ကိုယ်ဝန်ဖျက်ခြင်းကြောင့်ပိုးဝင်ကာ သွေးအဆိပ်တက်ခြင်းဖြစ်ပြီး သေဆုံးနိုင်ပါသည်။သားအိမ်နှင့်သားဥများ၊သားပို.ပြွန်များကိုထိခိုက်စေပါသည်။သားအိမ်နှင့်မွေးလမ်းကြောင်းဆိုင်ရာရောဂါများရရှိပြီးတစ်သက်လုံးကလေးမရနိုင်ဘဲလည်း ဖြစ်တတ်ပါသည်။

ကိုယ်ဝန်ပျက်ကျသော ဆယ်ကျော်သက်အရွယ်အမျိုးသမီးတွင် စိတ်အားငယ်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ယုံကြည်ချက်ကင်းမဲ့သွားခြင်း၊ပတ်ဝန်းကျင်အပေါ်အဆိုးမြင်သွားခြင်း၊ဘ၀အပေါ်စိတ်နာခြင်း၊မိမိကိုယ်မိမိ မလုံခြင်းနှင့် မိမိကိုယ်ကို သတ်သေခြင်းစသော စိတ်ပိုင်းဆိုင်ရာရောဂါများ
ကိုခံစားရနိုင်ပါသည်။

ဆယ်ကျော်သက်အရွယ်တွင် ကိုယ်ဝန်မှားယွင်းဖျက်ချခဲ့မှုကြောင့် အိမ်ထောင်ကျသော်လည်းပျော်ရွှင်မှုကိုအပြည့်အ၀မရရှိနိုင်ပါ။လင်ယောင်္ကျား
ဖြစ်သူ(သို.)ယောက္ခမများ၏အထင်သေးခြင်းကိုလည်းခံစားရနိုင်ပါသည်။
အရိပ်ဆိုးပမာခြောက်လှန်.နေပြီးတစ်သက်လုံးပူပင်သောကမှုကိုခံစားရနိုင်ပါသည်။

ဆယ်ကျော်သက်အရွယ်တွင်ကိုယ်ဝန်လက်ခံပြီး၊ကလေးမွေးဖွားပါကလည်းကျန်းမာရေးအရနောက်ဆက်တွဲဆိုးကျိုးဖြစ်ပေါ်နိုင်ပါသည်။ဆယ်ကျော်သက်အမျိုးသမီးများ၏သားအိမ်သည်အရမ်းနုနယ်သောကြောင့်သန္ဓေတည်နိုင်ရန်ခဲယဉ်းနိုင်ပါသည်။တကယ်သန္ဓေတည်ပြီးကလေး
မွေးဖွားပါကကလေးသည် ပေါင်မပြည့်ခြင်း၊လမစေ့ခြင်း၊ကိုယ်လက်အင်္ဂါမ
စုံခြင်း၊ဥာဏ်ရည်မမီခြင်း၊မွေးရာပါရောဂါများရရှိတတ်ခြင်းနှင့်ကလေးမွေးဖွား
ရာတွင် လွန်စွာခက်ခဲခြင်းတို.ကြုံတွေ.နိုင်ပါသည်။ ကလေးမွေးဖွားရာတွင် တတ်ကျွမ်းသူများနှင့်ဆေးရုံ၊ဆေးခန်းတွင်မမွေးခြင်းကြောင့် အခက်အခဲများကြုံတွေ.နိုင်ပါသည်။မွေးဖွားရာတွင်အောင်မြင်ခြင်းမရှိပါက
မိခင်(သို.)သန္ဓေသား(သို.)နှစ်ဦးစလုံးအသက်ဆုံးရှုံးမှုကိုရင်ဆိုင်ရနိုင်ပါသည်။ကလေးမွေးပြီးပါကလည်း မိခင်နှင့်ကလေး အသက်ရှည်သန်ရန်အတွက် အန္တရာယ်များ ရှိလာနိုင်ပါသည်။

ဆယ်ကျော်သက်အရွယ်အမျိုးသမီးများကိုယ်ဝန်ဆောင်ပါကကျန်းမာရေးဆိုင်ရာဗဟုသုတများပြည့်စုံမှုမရှိခြင်းကြောင့်ရင်သွေးကိုနည်းလမ်းမှန်ကန်စွာဂရုမစိုက်နိုင်ပါ။ကလေး၏ကျန်းမာရေးကိုလည်း မစောင့်ရှောက်နိုင်သောကြောင့် ထိခိုက်နိုင်ပါသည်။သေဆုံးနိုင်ပါသည်။

ဆယ်ကျော်သက်အရွယ်သည်အမျိုးသမီးတစ်ဦးအတွက်ဘ၀တစ်ခုတွင်အလှပဆုံးဖြစ်စေရန်အရေးကြီးသောအချိန်ဖြစ်ပါသည်။မိဘများမှလည်းမိမိတို.၏ဆယ်ကျော်သက်အရွယ်အမျိုးသမီးကလေးများအားလမ်းမှားမရောက်အောင်သွန်သင်ထိန်းကျောင်းပေးရပါမည်။ခန္ဓာကိုယ်ပိုင်းနှင့်စိတ်ဓာတ်ပိုင်းဆိုင်ရာများပြောင်းလဲလာသည်ကိုအမြဲတမ်းသတိထားရပါမည်။ကိုယ်ဝန်ဆောင်ခြင်းသည်ဆယ်ကျော်သက်အရွယ်အမျိုးသမီးများအတွက်ပြသဿနာတစ်ခု
ဖြစ်ပါသည်။ထို.ကြောင့်ဆယ်ကျော်သက်အရွယ်တွင်ကိုယ်ဝန်ဆောင်ခြင်း၏
နောက်ဆက်တွဲပြသဿနာများကိုကင်းဝေးအောင် ဆောင်ရွက်လိုက်နာရ
ပါမည်။
ဒေါက်တာမြင့်သန်းထွန်း
(ကျန်းမာရေးဆောင်းပါးများ)

No comments:

Post a Comment