လက်
အချစ်ကဂစ်တာတစ်လက်မဟုတ်တော့
တီးတိုင်းတော့ ဘယ်မည်မလဲ
ပန်းကလေးတွေခစားနေတယ်
ကြယ်ကလေးတွေဝန်းရံနေတယ်
လိပ်ပြာငယ်လေးလည်း
တောင်ပံခတ်လို့နေရဲ့
ကြင်နာတရားဟာ
ဘယ်လမ်းလျှောက်လျှောက်
ရှာလို့မတွေ့ခဲ့ဘူး
လိပ်စာတတ်လိုက်မှန်းသိသိကြီးနဲ့
ဒီလက်လေးရဲ့အနံ့
ငါက ခိုးခိုးနမ်းရှိုက်မိတယ်။
နေအိမ်ဝန်း(ကန့်ဘလူ)
No comments:
Post a Comment