ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Thursday, January 23, 2014

သံသယ ( ဆူး ) *********



ကျွန်မတို့ လူသားလောကကြီးကို ပတ်ချာလည်ပြီး မွှေနှောက်ပြုပြင်ပြောင်းလဲခြင်းအမူ့တွေ ဖြစ်တည်နေရခြင်း
ဟာ ရင်းမြစ်က သံသယဆိုတဲ့ စိတ်ဆူး လေးကြောင့်ပါ ။

ဒီသံသယဆိုတဲ့ စိတ်ဆူးလေး အစူးခံလိုက်ရပြီဆိုရင်တော့ အစူးခံရသူမှာရော ဒီဆူးကိုပျိုးလိုက်သူရောဟာ

ဒီဆူးရဲ့ အတိမ်အနက်အလိုက် လူလောကကြီးမှာ ပါဝင်ပတ်သက်နေတဲ့ ပျော်ရွှင်မူ့ နာကျင်မူ့ ၀မ်းနည်းမူ့ ကျေကွဲမူ့
ဆိုင်ရာ စိတ်ခံစားမူ့တွေမှာ လျော့ရဲလာကုန်ပါတယ် ။

သံသယဆိုတဲ့ စိတ်ဆူးက မိသားစုအချင်းချင်း လင်မယားအချင်းချင်း မိတ်ဆွေအချင်းချင်း သူငယ်ချင်း
အချင်းချင်း ချစ်သူအချင်းချင်း ခိုင်မြဲတည်တန့်နေတဲ့ ဆက်သွယ်ကူးလူးထားတဲ့ ချစ်ခြင်းမှန်သမျှကို
ပြိုကွဲပျက်စီးစေပါတယ် ။
သံသယစိတ်ဆူးလေး စူးဝင်သွားသည်နှင့် တပြိုင်နက် လူတိုင်းရင်မှာ သို့လောသို့လော သောမတင်မကျသော
ဒီ စိတ်ဆူး လေးဟာ အဆိပ်တစ်ခွက်ထက် ပိုမိုပြင်းပြလွန်းပါတယ် ။ အဆိပ်တစ်ခွက်ကိုသောက်လိုက်မိလို့

လူတစ်ယောက်ဟာ သူ့ရဲ့ သေကံရှင်ကံကြောင့် အသက်သေနိုင် ရှင်နိုင်သော်လည်း ဒီသံသယဆိုတဲ့ ဆူး နစ်ဝင်ခံ
လိုက်ရပြီ ဆိုရင်တော့ စူးဝင်ခံရသူ လူတိုင်းဟာ သေသည်နှင့် မခြား ရှင်လျက်နဲ့ အသက်မဲ့အတွေးမဲ့စွာနဲ့ ရင်မှာတနင့်
တပိုးနဲ့ လွယ်ပိုးခံစားနေရမူ့တွေဟာ အချိမဆန့်ပါဘဲ .................။

ဒါကြောင့် ကျွန်မတို့ လူသားတွေဟာ ဘယ်လိုဆက်သွယ်ကူးလူးမူ့မျိုးကိုမဆို အလွယ်တကူ ထင်မြင်ချက်
တွေ ဆုံးဖြတ်ချက်တွေ ပြစ်တင်ဝေဖန်မူ့တွေ ရူံ့ချကဲ့ရဲ့မူ့တွေ အထင်အမြင်လွဲမှားမူ့မျိုးတွေကို ရှေ့တန်း
မတင်မိဖို့ အလေးပြု သတိမူသင့်လှပါတယ် ။ ကိုယ်ရဲ့ မကွဲပြားတဲ့သံသယတစ်ခုကြောင့် လူတစ်ယောက်ရဲ့ ဘ၀ဟာ
အပိုင်းပိုင်းပျက်ကြေသေမွနိုင်သလို လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ အပိုင်းအခြားအားလုံးသေဆုံးသွားနိုင်လို့ ဒီလိုသံသယ
စိတ်ဆူးတွေကို မပျိုးမိစေဖို့ သတိပြုသင့်ပါတယ် ။

မိသားစုချင်း မောင်နှမချင်း ချစ်သူချင်း လင်မယားချင်း မိတ်ဆွေသင်္ဂဟ အချင်းချင်း ဒီလို သံသစိတ် ဆူး
လေးဝင်လာပြီဆိုတာနဲ့ ဒီဆူးဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းခံ မိမိသဏ္ဍန်စိတ်လေးကို တလေးတစား ပြန်လည်သုံးသပ်
တတ်အောင်ကြိုးစားပါ ။ လုပ်ဆောင်ကြည့်ပါ ပြဿနာရဲ့ ရင်းမြစ်ကို သေချာစွာ လိုက်ပါ ။ ဖြစ်နိုင်ခြေအရာအားလုံး
သုံးသပ်လေ့လာပါ ။ ဘယ်လိုအရာ ကိစ္စမျိုးမဆို အကြောင်းအရင်းခံတခုခုဆီမှ အကျိုးတရား တစ်ခုခုဖြစ်တည်လာတတ်
တာပါ ။

သံသယစိတ်လေးကြောင့် ကျွန်မတို့ဟာ တခါတရံမှာ အသေးအမွှားလေးလို့ ထင်လိုက်မိတဲ့ခနမှာပဲ ((
အမိုက်ကစ ပြဿဒ်မီးလောင် )) ဆိုသလို ဖြေရှင်းမရလောက်တဲ့ထိ လူမူ့ကိစ္စတွေကြီးမားသွားတတ်ပါတယ် ။
ဘယ်လိုအသိုင်းအ၀န်း ဆက်သွယ်ကူးလူးနေမူ့မျိုးကို မဆို မိမိကိုယ်တိုင်ကလည်း ကိုယ်နုတ်စိတ်တွေကို
လွယ်လင့်တကူနဲ့ မဖြစ်စလောက်လေးပါကွာဆိုပြီး မပြုမူစေချင်ပါဘူးနော် ........................ ( ဥပမာ ) ကျွန်မတို့ လူ့
ပတ်ဝန်းကျင်အသိုင်းအ၀န်းမှာ ပြောဆိုဆက်ဆံတဲ့ နေရာမှာ သူငယ်ချင်း အချင်းချင်းသော်လည်းကောင်း

မိတ်ဆွေချင်းချင်းသော်လည်းကောင်းပေါ့ စကားအသုံးအနူံးလေးတခုမှာ ဒီကောင်မကွာ ( ဟို ............. မအေ....မသား
ကွာ ) လို့ ကပျက်ကချော် ကိုယ်ကတကယ်စိတ်ရင်းထဲမှာ ဘာခံစားချက်မှ မရှိသော်ငြားလည်း တဖတ်လူရဲ့ စိတ်မှာ
နာကျင်သွားတတ်ပြီး ဒီလူနဲ့ ဆက်ဆံနေရင်တော့ တနေ့နေ့ ငါဘယ်လို လုပ်လိုက်မိမယ် .......... ဆိုတာ မျိုးသူရဲ့ စိတ်
ထဲမှာ မဖြစ်လာသေးတဲ့သံသယ စိတ်လေးက စူးသွားခဲ့ပြီ နာသွားခဲ့ပြီးလေ ။

ကိုယ်က အသေးအမွှားလေးလို့ထင်လိုက်ပေမဲ့ စကားတလုံး ကိုခံစားတတ်သူ အလေးထားမြတ်နိုးတတ်တဲ့
အရာတစ်ခုကို နင့်နာစွာ အပြော အဆို အပြုအမူခံလိုက်ရတဲ့ အခါ မျိုးတွေမှာ ဒီဆူးလေးရဲ့ စူးမူ့ကြောင့် ကျွန်မတို့
တွေဟာ အသေးအမွှား မဖြစ်စလောက်လေးကနေ အချင်းချင်း သဘောထားကွဲလွဲစွာနဲ့ လောကမှာ မိတ်ဆွေကောင်း
တွေ သူငယ်ချင်းကောင်းတွေ ချစ်သူကောင်းတွေ လင်ကောင်းမယားကောင်းများစွာကို ကိုယ်ရဲ့ပေါ့ဆတဲ့ အပြုအမူတခု
ချင်းစီကြောင့်ဆုံးရူံးတတ်ပါတယ် ။

ဒါကြောင့် သံသယဆိုတဲ့ စိတ်ဆူးလေးစူးပြီးဆိုရင် ဒီသံသယ ( ဆူး ) ကိုနစ်ဝင်သည်ထိမခံပါနဲ့ ကျွန်မတို့အချင်း
ချင်း လူသားလောကအချင်းချင်း ကိုယ်ထင်မြင်ချက်တဖတ်သူဆိုလိုချက်ကို အားမနာတမ်း တိုက်ရိုက်သော်လည်းကောင်း
ချက်ချင်း သော် တစ်ယောက်နဲ့ တစ်ယောက်ဖြေရှင်းပါ မေးမြန်းပါ တိုင်ပင်ပါ ဆွေးနွေးပါ ။ မိမိရဲ့ အပြုအမူအပြောအဆို
တခုဟာ မိမိအတွက် ဘာမှမဟုတ်လောက်သော်လည်း တဖတ်သားအတွက် ဒီအပြုအမူလေးတခုဟာ သူ့ရဲ့ စိတ်ရဲ့ ခံစား
မူ့မှာ ကြီးမားချင်ကြီးမားနေတတ်တယ် ဆိုတာ လူသားအချင်းချင်း သတိမူပေးကြပါ ။

တဦးနှင့်တယောက် ချစ်ခင်ပေါင်းသင်းဆက်ဆံခြင်းဆိုရာတွေမှာ ကိုယ်ပိုင်အမူအကျင့်တွေ ဒေသ အပြော
အဆိုအသုံးအနူံး အယူအဆတွေ များစွာကွဲလွဲနေသည့်အတွက် လူသားအချင်းချင်း ချစ်ခင်ဆက်နွယ်ကြရာမှာ ဒီလို
သံသယစိတ် ဆူးလေးတွေ မဖြစ်ပေါ်လာစေဖို့မိမိတို့ ကိုယ်ပိုင်အမူအကျင့် အပြောအဆို အသုံးအနူံး များကို တစ်ယောက်
နှင့် တစ်ယောက်ဖလှယ်တတ်ဖို့ လိုပါတယ် ။ တဖတ်နှင့်တဖတ် နားလည်ပေးတတ်ဖို့ အလွန်လိုအပ်လှပါတယ်။

ဒါမှ ကျွန်မတို့ လူသားကမ္ဘာလောကကြီးဆက်သွယ်ပေါင်းကူးကြရာမှာ တယောက်သဘောကိုတယောက်
အူသေးချေးခါးမကျန်နာလည်စာနာခံစားပြီး လှပသာယာပြီး သံသယစိတ်တွေနဲ့ မွန်းကျပ်နေတဲ့ ကမ္ဘာကနေရုန်းထွက်
နိုင်ပါလိမ့်မယ် ။

ပြဿနာရင်းမြစ်တခုရဲ့ ဒီသံသယပျိုးပင်ကို ကြာရှည်ဖြစ်ထွန်းခွင့်မပေးပဲ ဒီပျိုးပင်ကိုဘယ်အတွက် ပျိုးခွင့်ရခဲ့
သလည်းဆိုတဲ့ အဖြေတခုကို ချက်ခြင်း ညှိတတ်အောင်လေ့ကျင့်မွှေးမြူပေးကြပါ ။ (((( လောကကြီးမှာ သယံဇာတတွေ
ပေါများချင်ပေါများးးပါစေ ကျွန်မတို့ ကိုယ်ပေါ်မှာ စိတ်ပေါ်မှာ သံသယတွေ မပေါများပါစေနဲ့ ))) သယံဇာတတွေပေါများ
တာ သုံးစားလို့ ရပေမဲ့ သံသယတွေကတော့ သုံးညလောက်တောင် သုံးစားလို့ မရလို့ပါ ရှင် ။ မသိကွဲပြားရင်

သံသယဆိုတာ ၀င်တတ်တာမို့ မိမိရဲ့ အစောတလျင် ပြုမူပြောဆိုတတ်ခြင်းလေးများကို ရှောင်ရှားပေးကြပါလို့ ။
လူသားကမ္ဘာကြီး သံသယဆူးရဲ့ စူးဝင်ခြင်းတွေကနေ ကင်းဝေးဖို့ လူသားအချင်းချင်း မေတ္တာတွေနှင်း၍ တဦး
သဘောကို တဦး စောကြောနိုင်ပြီး တဖတ်နှင့်တဖတ် အပြန်အလှန်ချိတ်ဆက်မူ့များနှင့်

လူသားလောကကြီးကိုသံသယကင်းစွာ အလှဆင်ကြပါစို့ ............................................ ။

******* မေတ္တာဖြင့် တော်ဝင်နှင်းဆီ *******
( 30 .11 . 2013 . )

No comments:

Post a Comment