Thursday, January 23, 2014
မာယာအတတ်
ငိုနေတဲ့ နှလုံးသားလေက
ပြုံးနေတဲ့ နူတ်ခမ်းလေးကိုပြောတယ်
ငါလည်းပျော်ချင်တယ်တဲ့။
မျက်ရည်တွေဝဲနေတဲ့မျက်ဝန်းလေးက
ငိုနေတဲ့ နှလုံးသားလေးကို
နှစ်သိမ့်တယ်
သူလည်းဟန်ဆောင်နေတာပါကွာတဲ့ ။
မဲ့နေတဲ့ နူတ်ခမ်းပါးလေးက
ခုန်ပေါက်နေတဲ့ နှလုံးသားလေးကိုမေးတယ်
နင်ရောတဲ့
ထိရှရှလေးဖြစ်နေတဲ့ အသည်းလေးက
လှမ်းပြောတယ်
သူပျော်ချင်ယောင်ဆောင်နေတာပါတဲ့ ။
ဒီလိုပါပဲလေ
တို့ဘ၀လေးတွေကိုယ်စီ
မျက်ဝန်းလေးနဲ့ နူတ်ခမ်းပါးလေး
အမြဲပြုံးခဲ့ရတယ် ။
မျက်ဝန်းလေးတွေ ရီဝေနေလည်း
နူတ်ခမ်းပါးလေးပြုံး တတ်ရပြန်တယ် ။
နာကျင်လွန်းတဲ့အသည်းလေးက
အထဲကနေ ညှစ်ထုတ်ပေးလိုက်တဲ့
သွေးစက်မျက်ရည်စတွေ
အပြင်ထွက်ခွင့်ပေးပါလို့
တောင်းဆိုတတ်သလိုပေါ့ ။
နင်ပြစ်ပယ်သွားလို့ ငါငိုနေလည်း
ငါ့နူတ်ခမ်းလေးကို အမိန့်ထုတ်ပြန်ထားတယ်
အမြဲပြုံးနေရမယ်။
နင်ထားခဲ့လို့ ငါ့နှလုံးသား
ဒဏ်ရာအနာတရ ရလည်း
ငါ့ အသည်းကို အာဏာနဲ့အုပ်ချုပ်
နင့်သွေးစက်တွေညှစ်မထုတ်နဲ့လို့ ။
လောကအဆို
ဘုံလုံတစ်လှည့် ငဖျံတစ်လှည့်တဲ့
အနုတ်အသိမ်းမြန်တဲ့
နင့်မာယာလှဲ့ကွတ်
ကဝေတွေမြူးထူးသလို
ခုန်ပေါက်ပျော်ပါးပြစ်ဖို့
ငါ့နှလုံးသားလေးကို
နင့်ဆီ ပဏ္ဍာဆက်လိုက်တယ်။
****** တော်ဝင်နှင်းဆီ *******
၂၇ . ၁၂. ၂၀၁၃.
Subscribe to:
Post Comments (Atom)
No comments:
Post a Comment