ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, June 23, 2013

ဥပက္ခာပြုတတ်စေဖို့

ဥပက္ခာပြုတတ်စေဖို့

မနက်ဖြန်မှာ

အမုန်းတရားဟာ သူ့ ကိုမွေးဖွားလိမ့်မယ်

ခနဲ့တဲ့တဲ့ အပြုံးနဲ့

အရယ်အပြုံးကင်းသောမျက်ဝန်းတို့ ပိုင်ဆိုင်ပေလိမ့်မယ်

ခံစားချက်မဲ့သောနှလုံးသားနဲ့

မျက်ရည်ကင်းသော စိတ်၏တံခါးပေါက် ပိုင်ဆိုင်ပေလိမ့်မယ်

ဂရုမစိုက်တတ်သော ခြေလှမ်းနဲ့

ဂျလေဘီဆန်သော အကြည့်တချို့ ပိုင်ဆိုင်ပေလိမ့်မယ်

တခါတရံမှာ ရင်ခွင်ဗလာနဲ့ လောကကိုကြည့်ရှုတတ်ပေလိမ့်မယ်

မြင်နိုင်ခြင်းမဲ့စွာနဲ့ ကောင်းကင် ကို ဖတ်ရှုပေလိမ့်မယ်

နောင်နှစ်ပေါင်းများစွာတိုင်

မုန်းတီးခြင်း၏သမီးတော်အဖြစ်

သူ ဟာ ရှင်သန်ပေ လိမ့်မယ်

ခံစားရသော လောကဓံ နှင့်အပြိုင်

သူဟာ မာန နှင့်ယှဉ်ပေလိမ့်မယ်

အရာရာကို သတိနှင့်ယှဉ်သော

အဆိုးမြင်ခြင်း၏မိဖုရားတပါးဖြစ်လာပေလိမ့်မယ်


♥ အမြတ်တနိုး♥

♥ သူငယ်ချင်းအားလုံးကို ကဗျာတစ်ပုဒ်နဲ့ခဏနှုတ်ဆက်ခဲ့ပါတယ်♥

♥ ပျော်ရွှင်သောအချိန်တို့ပိုင်ဆိုင်ကြပါစေ♥

♥ ချစ်ခြင်းတရားရဲ့ ပျော်ရွှင်စေခြင်းတို့ရရှိကြပါစေ
Like · · · 30 minutes ago ·https://www.facebook.com/photo.php?fbid=395502617225076&set=a.190867171021956.37383.100002960227310&type=1

No comments:

Post a Comment