ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, June 23, 2013

ဘယ်လောက်ပဲ


ဘယ်လောက်ပဲ တည်ငြိမ်ပြီးရင့်ကျက်နေတဲ့
လူဖြစ်ပါစေ ကိုယ့်ချစ်သူအနားရောက်ရင်တော့
ကလေးဆန်တတ်သွားကြတာပါပဲ...

ဘယ်လောက်ပဲ အလုပ်တွေရူပ်နေပါစေ...
ကိုယ့်ချစ်သူဆီက မေးလ်လေးတွေကိုတော့
မျှော်နေတတ်တာပါပဲ...

ဘယ်လောက်ပဲ နားလည်ပေးနိုင်ပါတယ်ပြောပြော
ကိုယ်မဟုတ်တဲ့တခြားတယောက်နဲ့စကားပြောတာ
... မြင်ရင် သ၀န်တိုတတ်နေမိတုန်းပါပဲ...

ဘယ်လောက်ပဲ ချစ်ကြပါတယ်ပြောပြောစိတ်မဆိုး
ကြတဲ့ ချစ်သူတွေဆိုတာမရှိပါဘူး...စိတ်တော့ဆိုး
မိကြမှာပဲ စိတ်ဆိုးပြီးတိုင်းပိုတိုးပြီးချစ်ဖို့ပဲလိုတာပါ...

ဘယ်လောက်ပဲသစ္စာရှိကြပါတယ် ပါးစပ်ကပြောနေပါစေ
နားလည်မှုနဲ့ယုံကြည်မှုမရှိရင်အချစ်ဆိုတာကြီးကလဲ
အလကားဖြစ်နေမှာပဲ...

phoe phyu

No comments:

Post a Comment