ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Saturday, June 22, 2013

အဲဒါ........... ငါ့အချစ်

အဲဒါ........... ငါ့အချစ်

"အချစ်..." တဲ့..........
နေဝင်ချိန်တွေ အတူတူရှိ
ကြယ်ရောင်တွေကို မျှော်ကြည့်မိ
နှလုံးသားထဲမှာ ရေပက်မဝင် အပြည့်ရှိ
အချစ်ဟု အမည်တွင်၏

"အချစ်..."
ဝေးဝေးနီးနီး
အတူရှိနေဖို့ထက် စိတ်ထဲရှိဖို့က အရေးကြီး
ကိုယ်စီရင်ထဲတောက်လောင်နေတဲ့ အဲဒီ့မီး
ငါ့အတွက်တော့ ချိုမြိန်တဲ့ ပန်းသီး

"အချစ်..."
အသံကြားရုံနဲ့တင်
နှလုံးသားက တစ်ဒုန်းဒုန်းလှုပ်ခါ မိုးပြိုသလားထင်
လွမ်းရင်း လွမ်းရင်း ချစ်သူကို သိပ်တွေ့ချင်
သတိရခြင်းတွေနဲ့ တည်ဆောက်ထားတဲ့ ရင်ခွင်

"အချစ်..."
ပေါင်းဖက်ရဖို့ မသေချာတာတောင်
ငါ့ရင်ထဲ အတူတူရှိချင်စိတ်တွေ ကျွမ်းလောင်
ဘာမှမဖြစ်သလို စိတ်ထဲက ဟန်ဆောင်
အပြုံးတစ်ပွင့်မြင်ရရင်ပဲ ကမ္ဘာပျက်မတတ် ထင်ရသယောင်ယောင်

အချစ်.. အချစ်.. အချစ်
ဒါတွေကို ငါက အချစ်လို့ထင်
မင်းရင်ထဲမှာလည်း ငါနဲ့တူစေချင်
"တကယ်လို့ ကမ္ဘာက တစ်ခြမ်းသာကျန်ရင်
မင်းရှိတဲ့ အခြမ်းဘက် ဘေးနားမှာငါအမြဲတမ်းရှိမယ်" မင်းယုံစေချင်
မင်း.... ယုံစေချင်......

ရဲကို
—https://www.facebook.com/Model.YeKo/posts/3223278437328

No comments:

Post a Comment