ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Saturday, June 22, 2013

ပိုင်ဆိုင်ခွင့်


ပိုင်ဆိုင်ခွင့်
လူတချို့
နာမည်ကြီးတံဆိပ်ပါတဲ့ ဖိနပ်တွေ
ထည်လဲစီးနေကြချိန်
လူတချို့
ရာဘာဖိနပ်တစ်ရန်အတွက်
အသေအလဲ ကြိုးပမ်းနေရတယ်…..
လူတချို့
စားသောက်ဆိုင်တွေမှာ အပူအပင်ကင်းစွာ
ထိုင်နေကြချိန်
လူတချို့
ထမင်းတစ်နပ်အတွက်
အနိုင်နိုင် အားခဲကာအပူတပြင်းရှာစားနေရတယ်….
လူတချို့
အကြီးစား ခြင်္သေ့ရွက်တွေ
ဖောဖောသီသီ သုံးနေကြချိန်
လူတချို့
ရှိစုမဲ့စု အသေးစားငွေစက္ကူတစ်ရွက်ကို
မလေလွင့်အောင် ထိန်းသိမ်းနေရတယ်...
ဒါပေမဲ့
ဘယ်သူတွေ ဘယ်လိုပဲ
တည်မြဲခဲ့ တည်မြဲခဲ့
ဘယ်သူတွေ ဘာတွေပဲ
ပိုင်ဆိုင်ခဲ့ ပိုင်ဆိုင်ခဲ့
ဘယ်သူတွေ ဘာတွေပဲ
ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့
နောက်ဆုံး
လူတစ်ယောက် ပိုင်ဆိုင်ခွင့် ရှိတဲ့အရာက
ကမ္ဘာမှာ မြေတစ်နေရာစာပဲ ရှိပါတယ်။ ။

(အရင်ကဖတ်ခဲ့ဖူးတဲ့ကဗျာလေး မှတ်မိသလောက်ပြန်ချပြတာနော် ခုတော့ခြင်္သေ့မဟုတ်တော့ဘူး ဆင်ဖြစ်နေပီနော် ခ်ခ်ခ်)https://www.facebook.com/tue.lay.3/posts/325444267587521

No comments:

Post a Comment