ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, February 8, 2013

ခြေမ လက်မ နှင့် သမိုင်း သင်ခန်းစာ ...(The hot news)

ခြေမ လက်မ နှင့် သမိုင်း သင်ခန်းစာ ...(The hot news)

ခြေမ လက်မနှင့် သမိုင်းသင်ခန်းစာ

January 3, 2013Home, ဆောင်းပါး

“သမိုင်း”ဟူသည်မှာ အတိတ်ကဖြစ် ရပ်များဖြစ်ပေရာ ပြန်လည်ပြင်ဆင်ခြင်းငှာမဖြစ်နိုင်တော့… သို့သော် ထိုထိုသောသမိုင်းအဖြစ်အပျက်များကိုလေ့လာခြင်း၊ သင်ယူခြင်းဖြင့် ပစ္စက္ခတွင် ကျွန်တော် တို့ သင်ခန်းစာယူနိုင်ကြပေမည်။အနာဂတ်အတွက်ပြင်ဆင်ဆောင်ရွက်နိုင်ကြ ပေမည်။
“သမိုင်း”ကို စိတ်ဝင်စားသည့် အလျှောက်စာအုပ်စာပေများစုဆောင်းဖတ် ရှုရာမှ မသိသေးသောအချက်များ၊သမိုင်း မှလစ်ဟာကွက်များ၊သမိုင်းမှအားသာချက် အားနည်းချက်များကို သိရလေသောအခါ သင်ခန်းစာယူဖွယ်အဖြစ်များ၊အားတက်အတုယူဖွယ် သာဓကများစသည် စသည်တို့ကို တွေ့ရှိလာရပါသည်။ စာရေးဆရာ သတင်းစာဆရာကြီး “လူထုဦးလှ“၏ (သတင်းစာများပြောပြတဲ့ စစ်တွင်းဗမာပြည် စတုတ္ထတွဲ စာမျက်နှာ(၂၇)မှ သတင်းတစ် ပုဒ်ကို ဖတ်မိသောအခါ ကျွန်တော့်မျက် လုံးတို့ပြူးကျယ်သွားရပါသည်။ “တရား ဥပဒေ” ဆိုတာ ဒါပဲ ဟု ပြောပြနေသော သတင်းတစ်ပုဒ်ဖြစ်ပေသည်။ ထိုသတင်း တွင်


““အုပ်ချုပ်ရေးယန္တရား၏ ဆူးညှောင့် ခလုတ်များ”” နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်း လဲရေးအဖွဲ့က စစ်ဆေးအရေးယူကာ ရှင်းလင်းဆောင်ရွက်နေခြင်း လာဘ်စား မှုနှင့်အလုပ်ဝတ္တရားမကျေပွန်မှု
နိုင်ငံတခုကြီးပွားတိုးတက်ရေး အ တွက်အထူးအရေးကြီးသော အုပ်ချုပ်ရေး စက်ယန္တရားကြီးကောင်းမွန်ချောမောရန် လိုကြောင်း၊၎င်းအတွက်အုပ်ချုပ်ရေးတွင် နိုင်ငံတော်ဝန်ထမ်း၊အရာထမ်းအား သစ္စာ ခိုင်မြဲ၍သန့်ရှင်းစင်ကြယ်စွာအမှုတော်ကို ကျေပြွန်အောင်ဆောင်ရွက်ရမည်ဖြစ် ကြောင်းကို ခေတ်သစ်စီမံကိန်းတွေ နိုင်ငံ တော်အဓိပတိကြီးသည် အတိအလင်း ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊စကားနောက် အလုပ်ပါရမည်ဟူ၍လည်းမြွတ်ဟတော်မူ ခဲ့သည့်အတိုင်း နိုင်ငံတော်ဝန်ထမ်းပြုပြင် ပြောင်းလဲရေးအဖွဲ့ဟူ၍ “ဦးဘကြား”အား မင်းကြီးအဖြစ်ခန့်အပ်ကာ ဖွဲ့စည်းခဲ့ပြီး ကြောင်း ခြေမ မကောင်းခြေမကိုပယ်၊ လက်မ မကောင်းလက်မကိုထုတ်ဟူသော ဗမာစကားနှင့်အညီ ယခုအခါ အထက် ပါနိုင်ငံဝန်ထမ်းပြုပြင်ပြောင်းလဲရေး အဖွဲ့က အုပ်ချုပ်ရေးစက်ယန္တရားတွင် ဆူးညှောင့်ခလုတ်ကဲ့သို့သော မလျော် မအပ်သော ကိစ္စများကို အောက်ပါအ တိုင်း စစ်ဆေးအရေးယူကာ ရှင်းလင်း ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း

(၁)၊ သတ္တုတွင်းဌာနညွှန်ကြားရေး ၀န်ဦး——-အားလာဘ်စားမှုဖြင့် အလုပ် မှထုတ်ပယ်၍ကာကွယ်ရေးဥပဒေပုဒ်မ အရ အကျဉ်းချထားရန် အရေးယူပြီးပြီ။

(၂)၊ ပြည်ထဲရေးဌာန၊၀ါးခယ်မနယ် ပိုင်ဝန်ထောက်ဦး——အား ၀တ္တရား မကျေပြွန်မဖြောင့်မှန်မှုကြောင့်ရာထူးမှ (၂၁.၂.၄၄)တွင် နှုတ်ပယ်ရန်အမိန့်ချ မှတ်သည်။

(၃)၊ ပြည်ထဲရေးဌာန၊ ဖာပွန်ဗိုလ်——-အား ၀တ္တရားမကျေပွန်ပျက်ကွက် မှုကြောင့် (၃၁.၅.၄၄)တွင်ရာထူးမှ ရပ်စဲစေရန် အမိန့်ချမှတ်သည်း။

(၄)၊ ပြည်ထဲရေးဌာန၊ရေးမြို့ ရဲဗိုလ် ဦး——-အား မရိုးမဖြောင့်လိမ်လည်မှု ဖြင့် အလုပ်မှရပ်စဲလိုက်သည်။ (၁၅.၉. ၄၄)တွင် အမိန့်ချမှတ်သည်။

(၅)၊ ပြည်ထဲရေးဌာန၊ သရက်ခရိုင် ရဲဗိုလ်——-အား အမိန့်မနာခံမှုဖြင့် ရဲ ဗိုလ်ရာထူးမှရဲအုပ်ရာထူးသို့လျော့ချလိုက် သည်။

(၆)၊ တရားဌာန၊မြိတ်ထောင်အုပ် ——အား အလွဲသုံးစားမှုဖြင့် ပုဒ်မ ၄၀၉အရ တရားစွဲဆိုရန် အမိန့်ချမှတ် သည်။

(၇)၊ ပြည်ထဲရေးဌာန၊လပွတ္တာမြို့ ပိုင်ဦး——အား ၀တ်္တရားမကျေပွန်မ ဖြောင့်မှန်မှုဖြင့် သတိပေး၍ နယ်ပြောင်း ရွှေ့ရန် အမိန့်ချမှတ်သည်။

(၈)၊ သတ္တုတွင်းဌာနစာရေး မောင် ——-အား လာဘ်စားမှုဖြင့် အလုပ်မှ ထုတ်ပယ်၍ကာကွယ်ရေး ဥပဒေအရ အကျဉ်းထားရန် အရေးယူပြီးဖြစ်ကြောင်း၊ အရေးယူစုံစမ်းစစ်ဆေးဆဲအမှုများမှာ အောက်ပါအတိုင်းဖြစ်ကြောင်း-

(၁)။ အထက်တန်းအရာရှိ(၅)ဦး လာဘ်စားမှုနှင့်အလုပ်ဝတ္တရားများ မကျေပွန်မှု၊

(၂)။ နိုင်ငံတော် အထက်တန်း ၀န်ထမ်း(၁၆)ဦး၊၎င်းအနက် နယ်အရာရှိ

(၄)ယောက်၊ရဲအရာရှိ(၄)ယောက်၊အမြတ် တော်ကြေးအရာရှိ(၂)ယောက်၊သစ်တော အရာရှိတစ်ယောက်၊ယစ်မျိုးအရာရှိ တစ်ယောက်၊သတ္တုတွင်းနှင့်ဘူမိဗေဒဌာန အရာရှိတစ်ယောက်၊လမ်းပန်းအဆောက် အဦးဌာနအရာရှိတစ်ယောက် လာဘ်စား မှုနှင့်အလုပ်ဝတ္တရားမကျေပွန်မှု၊

(၃)။ နိုင်ငံတော် အောက်တန်းဝန် ထမ်း (၁၂)ဦး၊(နယ်အရာရှိ ၅၊သမ၀ါယမအရာရှိ ၁၊ ထောင်အရာရှိ ၁)လာဘ်စား မှုနှင့်အလုပ်ဝတ္တရားမကျေပွန်မှု။

(၄)။ နိုင်ငံတော် အောက်တန်းဝန် ထမ်းထက်ငယ်သော အမှုထမ်းများနှင့် ပတ်သက်၍ ခရိုင်ဝန်ထမ်းများထံ စုံစမ်း အရေးယူရန် ပို့ထားသော အမှုများနှင့် စပ်လျဉ်းသည့်လျှောက်လွှာပေါင်း(၇)ခု၊ လာဘ်စားမှုများနှင့်အလုပ်ဝတ်္တရားမကျေ ပွန်မှု။”” ဟူ၍ တိတိကျကျ ဖော်ပြထား ပေရာ ဂျပန်ခေတ်နိုင်ငံတော် အဓိပတိ ကြီး “ဒေါက်တာဘမော်”အစိုးရလက်ထက် အဟောင်းထဲမှ အကောင်းတစ်ကွကို တွေ့မြင်ဖတ်ရှုလိုက်ရပါသည်။
နိုင်ငံတစ်နိုင်ငံသည်မည်သည့် “စနစ်” မည်သည့် “လမ်းစဉ်”ဖြင့် နိုင်ငံဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်သည်ဖြစ်စေ၊ ပုထု ဇဉ်များဖြင့်ဖွဲ့စည်းဆောင်ရွက်အကောင် အထည်ဖော်ကြရသည်မို့ အဂတိလိုက်စား မှုများ၊၀တ်္တရားမကျေပွန်မှုများ၊အကျင့် ပျက်ခြစားမှုများအား မည်သည့်ခေတ် တွင် မဆိုရှိနေမည်သာဖြစ်သည်။
အကျင့်ပျက်ခြစားသော နိုင်ငံ့ဝန် ထမ်းများပြားသည့် နိုင်ငံသည် “ဆရာဦးပု ည”လေသံနှင့်ပြောရလျှင် “အမွဲတကာ့ ထွတ်ခေါင်ဖွတ်မင်းနောင်မှာ ပြာတောင် ကြီးပေါက်ကရော””ဟူကကဲ့သို့ မွဲပြာကျ သည့် နိုင်ငံအဆင့်သို့ လျင်မြန်စောစွာ ရောက်မည်မှာ မလွဲပင်။ ကိုယ်ကျင့်သီလ ကောင်းမွန်၍နိုင်ငံနှင့်လူမျိုးကိုချစ်မြတ် နိုးသောနိုင်ငံ့သားကောင်းဝန်ထမ်းများ များပြားသည့်နိုင်ငံသည်သာ ကမ္ဘာ့အ လယ်ဝင့်ထည်နိုင်ပါသည်။ ဆင်းရဲနွမ်းပါး မှုလျော့ပါးလာနိုင်ပါသည်။ ကျွန်တော် တို့နိုင်ငံသည် ကမ္ဘာပေါ်ရှိလာဘ်ပေးလာဘ် ယူမှုအများဆုံးသော နိုင်ငံများတွင် ထိပ် ဆုံးပိုင်းမှ ရပ်တည်နေသည်ဟူသော အချက်သည် ရင်နာဖွယ်၊ရှက်စဖွယ်ကောင်း လှပါ၏။ ကျောင်းဆရာတစ်ယောက်ဖြစ် သော ကျွန်တော်သည် တပည့်များ မလိမ္မာ လျှင်၊စာမကြိုးစားလျှင် ဆုံးမရပါသည်။ ဆူရမာန်ရပါသည်။ထိုမျှနှင့်မရလျှင် အပြစ်ဒဏ်ပေးရပါသည်။ ကြိုးစားသူ၊လိမ္မာ သူ၊စာတော်သူကို ချီးကျူးရ၊“ဆု”ပေးရပါ သည်။
ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ နူးညံ့ညင်သာစွာပြောင်းလဲ၍ကြိုးစား လျှောက်လှမ်းနေသော ကျွန်တော်တို့ နိုင်ငံအား ကမ္ဘာ့နိုင်ငံအသီးသီးက မျက် လုံးဒေါက်ထောက်ကြည့်ရှုအကဲခတ်နေ ကြပါသည်။ရိုးသားကြိုးစားသော နိုင်ငံ့ ၀န်ထမ်းများအား ချီးမြှင့်မြှောက်စားရန် ၀န်မလေးသင့်သကဲ့သို့အကျင့်ပျက်ခြစား သော ၀န်ထမ်းဆိုး၊၀န်ထမ်းညစ်များကို လည်း ထိထိရောက်ရောက်ပြတ်ပြတ်သား သား အရေးယူသင့်ပါသည်။
မိမိ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းပင် ဖြစ်သော်လည်း အသက်ကိုပင်အန္တရာယ် ပြုနိုင်သည့် ပုပ်ပွနေသော ခြေမ၊လက်မ တို့အား ဖြတ်သင့်ကဖြတ်၊ပယ်သင့်က ပယ်အပ်ကြောင်း သမိုင်းက သင်ခန်းစာပေးနေပါသည်။
မှတ်ချက်။ အရေးယူခံရသော အ ကျင့်ပျက်ဝန်ထမ်းများ၏ မျိုးဆက်များ ဂုဏ်သိက်္ခာကိုငဲ့သောအားဖြင့် အမည် နာမများကို ချန်လှပ်ထားခဲ့ပြီးလျှင် ထို သတင်း၏ မူလသတ်ပုံသတ်ညွှန်းအတိုင်း ဖော်ပြလိုက်ပါသည်။


စာကိုး။ “လူထုဦးလှ” “သတင်းစာ များပြောပြတဲ့ စစ်တွင်းဗမာပြည်” “စတုတ္ထ တွဲ”

မြင့်ငွေ၊မော်ကျွန်း

မူရင်းလင့်http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6166094&xgs=1&xg_source=msg_share_post

No comments:

Post a Comment