ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, February 8, 2013

စာရေးသူပြောချင်တဲ့ မယားဆိုး ( ၁၅ ) ယောက်အကြောင်း

******* စာရေးသူပြောချင်တဲ့ မယားဆိုး ( ၁၅ ) ယောက်အကြောင်း *******

********* စာရေးသူပြောချင်တဲ့ မယားဆိုး ( ၁၅ ) ယောက်အကြောင်း *********
.................................................................................
ရှောင်ကြဉ်အပ်တယ်လို့ ရှေးပညာရှိတို့ ဆိုခဲ့တဲ့ မယားဆိုး ဆယ့်ငါးယောက်ရှိပါတယ်။ယုတ်ညံ့တဲ့မယားဆိုတာ
စွန်ပယ်ခံရတဲ့ စာရင်းဝင် မယားတွေဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့တစ်တွေဟာ စွန့်ပြစ်ခံမယား မဖြစ်ဖို့ ရှောင်
ကြင်သင့်တဲ့အချက် လေ့လာသင့်တဲ့ပညာ ချစ်မြတ်နိုးစရာကောင်းတဲ့ မာယာ သိသင့်တဲ့သုတများစွာကို တတ်သိ
နားလည်နေမယ်ဆိုရင် အိမ်ထောင်ကောင်းတစ်ခု သို့မဟုတ် တွယ်တာမြတ်နိုးဘွယ်ရာ တစ်သက်တာပတ်လုံးခိုင်မြဲ

ပြီး နောက်ဆံတင်းစရာမလိုလောက်အောင် ပြီးပြည့်စုံ တဲ့ချစ်ခြင်းတရားတွေနဲ့ သာယာချမ်းမြေ့စရာ မိသားစုလေး
ကို တည်ဆောက်ပိုင်ဆိုင် နိုင်မှာ မလွဲမသွေပါနော်။ ဒီဘ၀လေးကိုပိုင်ဆိုင်စေချင်တဲ့မြန်မာမလေးတွေအတွက်
အရှက်ကင်းသောမယား
အကြောက်ကင်းသောမယား
ပျင်းရိတဲ့ မယား
ညစ်ပတ်လွန်းတဲ့ မယား
ဝန်တိုစဉ်းလဲတဲ့ မယား
နူနာရှိတဲ့ မယား
လင်ကို မချစ်တဲ့ မယား
ကြော့ကြမ်း ဟော့ရမ်း တဲ့မယား
သားယောက်ျား မဖွားသော မယား ( မှတ်ချက် ။ ။ ဆယ်နှစ်ဆိုင်းငံ့ရတယ် )
မြုံသောမယား ( ရှစ်နှစ်ဆိုင်းငံ့ရတယ် )
ခိုးသူနဲ့တူတဲ့ မယား
သခင် အရှင်နဲ့ တူတဲ့မယား
ရန်သူနဲ့ တူတဲ့မယား
ရန်ုငြိုးဖွဲ့တတ်တဲ့ မယား
သစ္စာမရှိတဲ့ မယား
ဒီဖော်ပြပေးခဲ့တဲ့ မယားမျိုးတွေဟာ မယားဆိုးတွေဖြစ်ပါတယ်။ရှေးထုံးအရစွန့်ပြစ်တတ်တဲ့မယားစာရင်းဝင်တွေ
ပဲဖြစ်ပါတယ်။
ကျမတို့ မိန်းမတွေဟာ လူပုံဏ္ဍန်ချင်း မတူသလို စိတ်သဘောထားချင်းလည်းမတူနိုင်ပါဘူး။ဆိုးတဲ့မိန်းမကဆိုးတာ
ပါပဲ။ သူတို့ရဲ့မွေးရာ ညာဉ်သဘောပါ။
ဒီလို ညာဉ်ဆိုး မယားနဲ့ပေါင်းရတဲ့ယောက်ျားများဟာလည်း တဖားဖားဖြစ်ရပါတယ်။ အချင်းချင်းအတိပ်အကြောင်း
တစ်စုံတ၇ာမသိပါပဲ ချစ်မိကြ တာ အိမ်ထောင် ပြုမိကြတာဟာ မုချအမှားကိုဖြစ်စေပါတယ်။အချစ်ရေးဟာကျယ်ဝန်း
လှပါတယ် ။ဒါကြောင့်ယောက်ျားမိန်းမ ဘယ်သူဖြစ်ဖြစ် လင်ဆိုးမယားဆိုးတွေကိုရှောင်ကြင်နိုင်အောင် လေ့လာသိ
သင့်လှတဲ့ပညာရပ်များစွာကို တင်ကြို ပြီး သိသင့်လှပါတယ်။
ကျမတို့ မိန်းကလေးများကလည်း ဒီလိုသိသင့်တာလေးတွေကို သိပြီဆိုရင် ပယ်ဖြတ်သင့်တဲ့ကိစ္စ ရှောက်ကြင်သင့်
တဲ့ကိစ္စ လိုက်နာကျင့်သုံးသင့်တဲ့ကိစ္စတွေကို ပေါ့ပေါ့တန်တန် သဘောမထားပဲ ဆောင်ရွက်သင့်တာပြုလုပ်သင့်တာ
ရှောက်ကြင်သင့်တာကို လိုက်နာမယ်ဆိုရင် ကိုယ့်ရဲ့အချစ်ေ၇းအိမ်ထောင်ေ၇း`ဟာ နတ်ရေးတဲ့ဖူးစာ လူလုပ်လို့မမီ
သလို တုနိုင်းမရ မြင့်မြတ်တဲ့မိန်းမသားဘ၀ကို ဂုဏ်ယူဝင့်ကြွားစွာ နဲ့ သာယာချစ်မြတ်နိုးစရာအိမ်ထောင်တစ်ခုကို
မလွဲမသွေပိုင်ဆိုင်စေမှာပါ။
မိန်းမဆိုတာ ဟိရိသြတ္တပ္ပ တရားနှစ်ပါးကို လက်ကိုင်ထား၇ပါ့မယ် ဒါဆို ရင် အရှက်အကြောက်ကင်းတဲ့မယားအဖြစ်
မှကင်းလွတ်သွားပါတယ်။ လုပ်ကိုင်ဆောင်ရွက်ဖွယ်ရာကိစ္စတွေကို အချိန်အခါအလိုက် လေးဖင့်မနေပါပဲ သန့်ရှင်း
သပ်ရပ်အောင် ပြုပြင်တတ်မယ်နေထိုင်တတ်မယ်ဆိုရင် ပျင်းရိညစ်ပတ်တဲ့မယားနှစ်ပါးမှကင်းလွတ်သွားပါပြီ။
နောက် ကျမတို့ မိန်းမတွေဟာ အချစ်နဲ့ပတ်သပ်ပတ်သပ် အိမ်ထောင်ရှင် အမျိုးသားကိုယ့်ခင်ပွန်းလင်နဲ့ပဲပတ်သပ်
ပတ်သပ် တစုံးတခု အကြားအပြောနဲ့တင်ရှေ့မစဉ်းစာနောက်မစဉ်းစားပြုမူတတ်ပါတယ် ဒါဟာလည်းကိုယ့်ခင်ပွန်း
လင်သားကို ချစ်လွန်းတဲ့စိတ်ကြောင့်လည်းဝန်တိုတတ်ကြသလို နောက်လူကို မမီမှာစိုးတဲ့ကိုယ့်ရဲ့အားနည်းချက်
ကြောင့်လည်းမဆင်မခြင် ၀န်တိုတတ်ကြပါတယ်။ဒီလိုမိန်းမမျိုးမဖြစ်ဖို့ကတော့ ကိုယ့်ကသာ ရုပ်မလှချင်နေပါ
ကိုယ့်ခင်ပွန်းလင်အပေါ်မှာ တာဝန်ကျေတဲ့မယား လင်ကိုချစ်မြတ်နိုးတဲ့မယားမှန်ရင် ဘယ်အရာကိုမျှကြောက်
စရာမလိုပါဘူး သူတထူးသယ်ဆောင်လာတဲ့စကားတစ်ခွန်းကြောင့်ကိုယ့်အိမ်ထောင်ေ၇းကိုယ့်မိသားစု ဘ၀ပျက်
လောက်ထိ ၀န်တိုစဉ်းလဲတတ်တဲ့မယားမဖြစ်ပါစေနဲ့။တွေးခေါ်စဉ်းစာပါ လေ့လာပါ သုံးသပ်ပါ လိုအပ်တယ်ဆို
ရင် အချိန်ယူဖြေရှင်းတတ်တဲ့အလေ့အကျင့်ကိုမွေးမြူပါလို့။
ကံကံ၏အကျိုးကြောင့်မဟုတ်ဘဲ ၀ဋ်ကြွေးကြောင့်ရောဂါရှိခဲ့၇င်တော့ ကိုယ့်ကိုတိုင်လည်းဆင်ခြင်ပါ။ယောက်ျားများ
ကလည်း လွယ်လင့်တကူ မယူသင့်ကြပါဘဲလျှက် အကြောင်းတစ်စုံတခုကြောင့်မိန်းမတစ်ယောက်ကိုယူတဲ့အဖြစ်မျို
မှရှောင်ကြင်ကြပါ။ ဒီလိုမယားမျိုးမှန်းသိပါလျက်ယူခဲ့ကြမယ်ဆိုရင် မိန်းမတစ်ယောက်ရဲ့အပြစ်မဟုတ်ပါဘူး ။
တချို့သောမိန်းမ များဟာ သိပ်ကိုကြမ်းတမ်းပြီးဟော့ရမ်းကြပါတယ်။ မိန်းမချင်းတောင်ကြောက်စရာကောင်းလှ
ပါတယ် ဒီလို မယားမျိုးကိုလည်းသေချာလေ့လာသင့်ပါတယ် အကျိုးအကြောင်းအဆိုးအကောင်းမသိပါဘဲလက်တွဲ
ဖော်အဖြစ်မရွေးချယ်သင့်လှပါဘူးနော်။ ပျိုပျို အိုအို မမ ညီမ များကလည်း ဒီလို ကြော့ကြမ်းဟော့ရမ်းခြင်းဟာ
ကိုယ့်ဘ၀ကို အထီးကျန် မလှပ ပါဘူး ဒါမျိုးလေးတွေကိုလည်းရှောင်ကြင်မယ်ဆို ရင် ဒီလို မယားမျိုးဖြစ်လာစရာ
အကြောင်းမရှိလှပါဘူး။သားယောက်ျားလေးမမွေးသောမိန်းမကတော့ရှေးကပြုဘူးသောကံနဲ့ပဲသက်ဆိုင်ပါတယ် ဒီလို
မိန်းမမျိုးကိုတွေ့လို့လည်းယောက်ျားများက လွယ်လင့်တကူမစွန့်ပြစ်သင့်ပါဘူး အနည်းဆုံး ရှစ်နှစ် ဆယ်နှစ်စောင့်
ဆိုင်းပေးရပါမယ် ။ ဒီမျိုမှ မရဘူးဆိုလည်းကိုယ့်တကယ်ချစ်မြတ်နိုးလို့ယူထားတဲ့မယားကို အလေးအမြတ်ထားစေ
ချင်ပါတယ် မိန်းမများကတော့ မိမိရဲ့အတိပ်ကံတရားကြောက့်ပါ သို့အတွက်စိတ်ဖင့်မနေဘဲ ကိုယ့်လင်သားကိုပိုပြီး
ကြင်နာဂရုစိုက်ချစ်မြတ်နိုးပြီး လင်ကို ရိုသေကိုင်းရိုင်းပြီး နေ့စဉ်အိပ်ယာဝင်အမြဲမပြတ်ကန်တော့ပြီး မယားဝတ္တရား
ငါးပါးသာ ပြီးပြည့်စုံတယ်ဆိုရင်ဖြစ်ရာဘ၀မှာ မတောင်းပဲနဲ့တောင် ယောက်ျားဆုကို လွယ်လင့်တကူရရှိပါတယ်လို့
မြတ်စွာဘုရာရှင်ကိုယ်တော်မြတ်ကြီးဟောတော်မူခဲ့ပါတယ်။ တကယ်လို့သာကိုယ့်ခင်ပွန်းက သားယောက်ျားကိုမှ
မြတ်နိုးသူဆိုရင်တော့ မိမိဟာနုတ်ရေးအရာလိမ္မာပါးနပ်တဲ့ မိန်းမတစ်ယောက်ဖြစ်ရပါ့မယ်။ဒါမှအိမ်ထောင်ေ၇းကို
သာယာခိုင်မြဲအောင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။ မြုံသောမယားများကလည်းဒီအတိုင်းပါ ရှေးကံနဲ့ပဲဆိုင်ပါတယ်။
ဒါကြောင့်ဒီဘ၀ဖြစ်ပျက်နေတဲ့ကံတရားကို သေချာစဉ်ခြင် ပြီးမိမိစိတ်ကိုသာကောင်းစွာတည်ဆောက်ပေးပြီးကိုယ့်
ခင်ပွန်းလင်ကို ရိုသေစွာနဲ့လုပ်ကိုင်ပြုစုကြင်နာပေးနိုင်ရင် နှစ်သက်မြတ်နိုးဖွယ်ရာအိမ်ထောင်တစ်ခုကိုအလွဲမသွေ
ပိုင်ဆိုင်ကြမှာပါ။ ခိုးသူနဲ့တူတဲ့မယားကတော့ ကိုယ့်လင်သားကရှာဖွေကျွေးမွေးပါလျက် လင်မသိအောင် သုံးဖြုန်းတတ်တဲ့သူ မိန်းမတန်မဲ့လောင်ကစားကျူးသူ အပျော်အပါးအသောက်အစားကျူးသူ ဆွေမျိုးညာတိများကို
ကိုယ့်ခင်ပွန်းလင်မသိဘဲပေးကမ်းတတ်သူတွေပါ။ကိုယ့်ခင်ပွန်းရှာဖွေပေးတဲ့ပစ္စည်ဥစ္စာများကို စီးတဲ့ရေဆယ်
တဲ့ကန်သင်းကဲ့သို့ထိန်းသိမ်းပေးရမှာကျမတို့မိန်းမတွေရဲ့တာဝန်တစ်ခုပါ။ဒီလိုကောင်းအောင်ပြုကျင့်တဲ့မယားဆိုရင် ဘယ်လိုယောက်ျားမျိုးက ကျမတို့ကို မယိုးစွပ်နိုင်ပါဘူး ဒီမယားမျိုး
ကနေလည်းလွတ်ကင်းပါတယ်နော်။
မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပင်တော်နေပါစေ ထက်မြတ်လွန်းနေပါစေ ကိုယ့်ခင်ပွန်းလင်ရဲ့နောက်ကပဲနေ
သင့်တယ်လို့ မြင်ပါတယ် ။အဲလိုမနေပါပဲ ငါသိငါတတ် ငါပဲထက်မြတ်တယ်လို့ခံယူကျင့်သုံးနေမယ်ဆိုရင်ယောကျာ်း
ဆိုတဲ့သူများဟာ မနိုင်လို့သာ ငြိမ်သက်တိပ်ဆိပ်နေပေမဲ့လည်းဒီလို ကို့ယ့်အပေါ်ကိုမောက်မာရင့်သီးတဲ့သခင်အရှင်
နဲ့တူတဲ့မယားမျိုးကိုမလိုချင်ကြပါဘူး သူတို့ရဲ့အားနည်းချက်ဟာ မိန်းမတွေလောက်စိတ်ဓာတ်ရေးရာမှာခိုင်ကြည်
မူ့မရှိပါဘူး ဒီလိုသာဖြစ်လာခဲ့မယ်ဆိုရင် ကျမတို့တည်ဆောက်ထားတဲ့အိမ်ထောင်ရေးဟာ အလွဲလွဲအချော်ချော်
ဖြစ်သွားနိုင်လို့ဒီလိုမယားမျိုးမဖြစ်အောင်ကြိုတင်ဆင်ခြင်သင့်ပါတယ်လို့။နောက်အိမ်ထောင်တစ်ခု ကိုဘယ်သို့သော
အကြောင်းတရားကြောင့်ပင်တည်ဆောက်ထားပါစေ ကိုယ့်ရဲ့ခင်ပွန်း လင်ယောက်ျားဖြစ်လာင်္ပြီဆို ရင် မိန်းမတစ်
ယောက်ဟာ မဖြစ်မနေ မပျက်စီးစေသင့်ပါဘူး။ အစထဲကကိုယ့်သာတကယ်နှစ်လိုမူ့မရှိခဲ့ဘူးဆိုရင်ဘယ်အကြောင်း
တရားများရှိပါစေ ဘယ်သောအခါမှ အိမ်ထောင်တစ်ခုကို လက်သင့်မခံသင့်ဘူးမတည်ဆောက်သင့်ပါဘူး။ဒါကိုတော့ကြပ်ကြပ်သတိထားစေချင်ပါတယ် ။ဒီလိုသာမဟုတ်ပဲအကြောင်းအမျိုးမျိုးနဲ့ ကိုယ့်ရဲ့တွယ်တာနှောင်ဖွဲ့မူ့
မပါ ပါ့ပဲသာလက်ခံမိမယ်ဆိုရင် ရန်ငြိုးဖွဲ့ပြီးအပြစ်တွေကမဆုံးနိုင်အောင် သံသရာအဆက်ဆက်စွန်းထင်းတတ်ကြလို့
ရန်သူနဲ့တူတဲ့မယားမျိုးမဖြစ်စေချင်လို့ပါ။ ယခုလက်ငင်းဘ၀ရောနောင်သံသရာပါ မကောင်းစားပါဘူး။ဒါကြောင့်ဒါ
ကိုတော့သတိလေးထားစေချင်ပါတယ်။
ကျမတို့မိန်းမတွေဟာ ချစ်သူအပေါ်ဖြစ်ဖြစ် အိမ်ထောင်ရှင်ယောက်ျာခင်ပွန်းအပေါ်မှာဖြစ်ဖြစ် တစ်ခုခုကိုရွေးချယ်
ပြီးပြီဆိုရင် သစ္စာရှင် မိန်းမသားများသာဖြစ်စေချင်ပါတယ် သစ္စာ၇ှိတဲ့မယားဟာ ဘယ်သို့သောလက်နက် အဘယ်
သို့သောအနှောက်အယှတ်မျိုး တစ်ပါးသူကချောက်တွန်းခြင်းမျိုးကိုသစ္စာရှင်မိန်းမ မယားကောင်းများကို ပူးဝင်နှောက်
ယှတ်လို့မရနိုင်ပါဘူးနော်။
မိန်းမတွေဟာ အဓိက ကဏ္ဍ တွေမှာရှိနေတာပါ ။ မိန်းမတွေမှာ သိရိသုံးပါးရှိပါတယ်။ ဒီသုံးပါးကတော့ ကြိုးတန်း
ကြိမ်တန်းအောက်မ၀င်ရတာ ထမီအထက်အောက်လှန်မ၀တ်ရတာ ခြေဆေးပြီးမှအိပ်ရာဝင်ရတာပါ။ယောက်ျားတစ်
ယောက်ခြေဆေးပြီးမှအိပ်ရမယ်လို့ဘယ်ကျမ်းဂန်မှာ မှမတွေ့ဘူးပါဘူး။ မိန်းမတွေမှာပဲရှိပါတယ် ဒါလေးတွေကိုလည်း
သိထားသင့်ပါတယ်နော်။ မိန်းမတစ်ယောက်ဟာတာဝန်တွေကသိပ်ကိုများပြားလှပါတယ်။ကျမတို့မိန်းမတွေက မြတ်စွာဘုရားရှင်ကို မွေးပေးနိုင်တဲ့မိန်းမပါ ထူးချွန်ထက်မြတ်တဲ့လူသားအားလုံးကိုမွေးမြူ
ပြုစုပျိုးထောင်ပေးနိုင်တာက မိန်းမသားတွေရယ်ပါ ။ ပန်းကိုပျိုးတဲ့ဥယျာဉ်မှူးဟာ ပန်းကောင်းတစ်ပွင့်ကို ပန်ချင်မှ
ပန်ရပါ့မယ် ဒါပေမဲ့ကိုယ့်ပြုစု မွေးမြူလေ့ကျင့်ပေးလိုက်လို့ပေါင်းသင်မြေဆွပြီးလှပတဲ့ပန်းလေးတစ်ပွင့်ဖူးပွင့်
လန်းဆန်းနေတာကိုတော့ ဘယ်ဥယျာဉ်မှူးမဆို ပိတိရေကြည် သီတာချမ်းမြတစ်ပေါက်လေးကျလည်း အမြဲ
ကျေနပ်နှစ်သက်နေမိတာ က ဥယျာဉ်မှူး မေမေ မိန်းမသားတွေပါ။ ဒါကြောင့်လေ အထက်ကဖော်ပြပေးခဲ့မယားဆိုး
ဆိုတဲ့ နာမည်ဆိုးကြီးနဲ့ မိန်းမတစ်ယောက် ဘ၀ကနေလွတ်မြောက်အောင်စွမ်းဆောင်နိုင်တဲ့တော်ဝင်တဲ့မယားကောင်းမယားမြတ် မယားအလိမ္မာလေးများဖြစ်စေချင်သော စေတနာအမှန်ဖြင့် မြန်မာ့အပျိုစင် များနဲ့ အိမ်ထောင်ရှင် မိခင်မိန်းမမြတ်များ
အတွက် စာရေးသူရဲ့မှန်ကန်သော မေတ္တာအရင်ခံလျက်။
သည်စိတ် သည်ဆန္ဒ သည်သွေးသား သည်သဘောတရားတွေကို ဘာနဲ့ထိန်းမလည်းဆိုရင် ထိန်းလို့ရတာကတော့
ဘာသာတရားလိုက်စားပြီး တရားအသိနဲ့နှလုံးသွင်း ဆင်ခြင်ပြီး ဆူးပေါ် ဖတ်ကျ ဖတ်ပဲပေါက်တယ် ဖတ်ပေါ်ဆူး
ကျလည်းဖတ်ပဲပေါက်တတ်တဲ့ ဆိုတဲ့ မိန်းမဘ၀မှာ ခလုတ်ထိမှ ဘုရားမတပါနဲ့ ခလုတ်ထိမှ သံဃာမတပါနဲ့
မိန်းမပီသအောင် ထာဝရ ဘာသာတ၇ားကို မွေ့လျော် ပြီးကမ္ဘာကိုအုပ်စိုးမဲ့အမိလက် ပုခတ်လွဲသော မိန်းမမြတ်လက်များဖြစ်ပါစေလို့*******************
********* တော်ဝင်နှင်းဆီ *********
မူရင်းလင့်http://www.edinooyin.com/profiles/blog/show?id=4347155%3ABlogPost%3A6192215&xgs=1&xg_source=msg_share_post

No comments:

Post a Comment