ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Wednesday, July 16, 2014

“သူ့ကို မေ့ပါ…..ဒါပေမယ့် သင် သတိရပါ….။”


သူ့ရဲ့နာမည်နဲ့ မျက်နှာကို မေ့ပါ
သူ့ရဲ့ ချိုမြိန်တဲ့အနမ်းတွေနဲ့ နွေးထွေးသော ပွေ့ဖက်မှုတွေကို မေ့ပါ
“တစ်ချိန်ချိန်မှာ သူပြန်လာလိမ့်မယ်”ဆိုတဲ့ အတွေးတွေကို မေ့ပါ
ဒါပေမယ့်
အခု သူ့မှာ နှလုံးသားအသစ်နဲ့ ချစ်မိသူ ရှိနေပြီဖြစ်ကြောင်း သင်သတိရပါ….။

ဟိုးအရင်က ကြည်ကြည်နူးနူး ဝေမျှယူခဲ့ဖူးတဲ့ အချစ်တွေကို မေ့ပါ
ဂရုစိုက်မှုတွေ ပြည့်နှပ် သူ သင့်အတွက် ရှိနေပေးခဲ့တဲ့ဖြစ်ရပ်တွေကို မေ့ပါ
သင်တို့ အတူတူ ကုန်ဆုံးခဲ့ဖူးတဲ့ နေ့ရက်တွေကိုမေ့ပါ
ဒါပေမယ့်
အခု သူဟာ သင့်ဘ၀ထဲက ထာဝရ နှုတ်ထွက်သွားပြီဆိုတာကိုတော့ သင် သတိရပါ….။
သူ့ကြောင့် ငိုခဲ့ရဖူးတဲ့ ညတာရှည်တွေကို မေ့ပါ

ဂစ်တာတီးပြီး သီချင်းညည်းပြတတ်တဲ့ သူ့ကို မေ့ပါ
သင်တို့ရဲ့ရင်ခုန်သံနွေးထွေးမှုေ
တွကို မေ့ပါ
ဒါပေမယ့်
အခု သူက ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို ရွေးချယ်ခဲ့ပြီဆိုတာကိုတော့ သင်သတိရပါ….။
သူ့ရဲ့ ခြေလှမ်းတွေတိုင်းကို မှတ်သားခဲ့ဖူးတဲ့ ခံစားချက်တွေကို မေ့ပါ
သူ့ရဲ့ စကားတွေမှာ ပျော်ဝင်လွယ်ခဲ့တဲ့ ကာလတွေကို မေ့ပါ
သူ သင့်ကို အရူးတစ်ယောက်လို သဘောထားခဲ့တဲ့ အချိန်တွေကို မေ့ပါ
ဒါပေမယ့်
အခု သူဟာ သင့်ဝမ်းနည်းမှုတွေကို သူ့ရဲ့ ပျော်ရွှင်ခြင်းတွေနဲ့ မေ့လွယ်နေပြီ
ဖြစ်ကြောင်း သင် သတိရပါ။
ပြုံးရယ်စနောက်တတ်တဲ့ သူ့ရဲ့ အမူအကျင့်တွေကို မေ့ပါ
သင်တို့ရဲ့ နေ့စဉ်တွေ့ဆုံမှုတွေကို မေ့ပါ
သူကတိပေးခဲ့ဖူးတဲ့ အိပ်မက်တွေအား အလုံးစုံယုံကြည်မိခဲ့ခြင်းကို မေ့ပါ….။
ဒါပေမယ့်
အခု သူ…. သူ့မိန်းကလေးနဲ့အတူအိပ်မက်တွေ တည်ဆောက်နေပြီဆိုတာကို သင် သတိရပါ….။
သူနဲ့ ခဏဝေးတဲ့အခါ ကြေကွဲလွယ်တတ်မှုတွေကို မေ့ပါ
သင့်ကြောင့် သူ မျက်ရည်ကျခဲ့ရတယ် ဆိုတဲ့ သတင်းစကားတွေကို မေ့ပါ
သူပေးအပ် ခေါ်ဝေါ်ခဲ့ဖူးတဲ့ သင့်ရဲ့ နာမ်စား ကို မေ့ပါ
ဒါပေမယ့်
အခု သူဟာ လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း သင် သတိရပါ….။
ချစ်တယ်ဆိုတဲ့စကား သင့်အတွက် အကြိမ်ကြိမ်ရေရွတ်ခဲ့တာတွေကို မေ့ပါ
သင့်ရဲ့ နဖူးပြင်ကို ရှိုက်နမ်း သူ့ရဲ့ရင်ခွင်ထဲမှာ လုံခြုံစေခဲ့တဲ့
အတိတ်တွေကို မေ့ပါ
သင့်ရဲ့ ပခုံးကို ခေါင်းမှီပြုပြီး သူပြောခဲ့ဖူးတဲ့ အနာဂတ်တွေကိုလည်း မေ့ပါ
ဒါပေမယ့် အခု သူဟာ သူမရင်ခွင်ထဲမှာ မှေးစက်နေလိမ့်မယ်ဆိုတာကို သင်သတိရပါ….။
အတူတကွ ဖြတ်သန်းခဲ့ကြဖူးတဲ့ ညနေဆည်းဆာတွေကို မေ့ပါ
သူ သင့်အတွက် ရေးစပ်ခဲ့တဲ့ ကဗျာတွေ စာတွေကို မေ့ပါ
အကောင်းအဆိုး အားလုံး လက်တွဲရင်းရင်ဆိုင်ဖြေရှင်းဖူးတဲ့
အခိုက်အတန့်များစွာကို မေ့ပါ…။
ဒါပေမယ့်
သူ့ရဲ့ ဘယ်တော့မှ မထားခဲ့ပါဘူးဆိုတဲ့ ကတိကို မုသားတစ်ခုအဖြစ် သင် သတိရပါ….။
သင်တို့(၂)ယောက်ရဲ့ ဘ၀…ဒဿနတွေကို မေ့ပါ
သူပေးခဲ့တဲ့ ပျော်ရွှင်မှုတွေကို မေ့ပါ
အေးစက်စိမ်းကားလွယ်တတ်တဲ့ သူ့ကို မေ့ပါ
ဒါပေမယ့်
အခု သူဟာ သူမရဲ့
ဘ၀တစ်လျှောက်လုံး……စောင့်ရှောက်ကာကွယ်နေပြီဖြစ်ကြောင်း သင်
သတိရပါ…။
နောက်ဆုံး….
သူ့ရဲ့ မျက်ဝန်းတွေကို မေ့ပါ
သင့် နောက်ကျောက သိုင်းဖက် ဆံနွယ်တွေကို ခပ်ဖွဖွနမ်းတတ်တဲ့ သူ့ကို မေ့ပါ
သူနဲ့ ပတ်သက်သမျှအရာရာဟာ တစ်နေ့နေ့….ရောက်ခဲ့ရင် ဆိုတဲ့
တစ်ကြိမ်ပြန်ရှုံးနိမ့်လိုခြင်းကို မေ့ပါ….။
ဒါပေမယ့်
အကြီးမားဆုံးမမေ့သင့်တဲ့အချက်
သူ သင့်ကို မချစ်တော့ဘူးဆိုတာကိုတော့ သင် အမြဲ သတိရပါ….။ ။
အလွမ်းကေသရီ
Women's World Journal
အလွမ်းကေသရီ

No comments:

Post a Comment