ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, May 25, 2014

"ပန်းတစ်ပွင့်ရဲ့ ပန်းကြွေသံ "


အကြည့်တွေ ဖောက်စားနေလိုက်တာ
အပ်တစ်ချောင်သာဆို အသားစ မကျန်အောင် ချောင်းမြောင်းကြည့်နေ။
ရမ္မက်ခိုးဝေမျက်ဝန်းတွေနဲ့ ဇောချွေပြန်စိတ်
ကျွန်မပြေးစရာ စိတ်တောင် အလွတ်မပေး
မီးဖိုချောင်ထဲကြောင်အိမ်ကို ဖွင့်


စားစရာ အကြော်အလှော်ရမယ့်ပုံစံမျိုး။
တစ်ကယ်တော့ သူက ကြွက်ကို မစားခင်ဆော့ကစားသလို။
ဟန်မူရာတွေက အရောင်တလက်လက်နဲ့ လက်သည်းတွေ အရောင်တလဲ့လဲ့။
ဒီအခန်းက ကျွန်မအတွက် လှောင်အိမ်
မျိုးရိုးလိုက် ထွန်ယက်ခံ ယာမြေကို
သီးညှပ် သီးထပ် စိုက်ပျိုးဖို့ ရေသွင်းမြောင်းဖောက်လို့
ကျွန်မမိဘ တွေဆီပေါ့။
မှတ်မိသေးတယ်။
အပြုံးတွေဝေလို့ မာယာမဲ့မျက်နှာ စကားသုံးလုံးပြည့်အောင်မပြော။
အိမ်အလာလည်တောင် ကြည့်မျက်ဝန်းက အခုလိုမဟုတ်
သူတော်စင်တစ်ယောက် မျက်လွှာချလို့ တစ်လှမ်းထက်ပို့မကြည့်တဲ့ ဣနြေ္ဒနဲ့
ကလေးတစ်ယောက်လို အပစ်ကင်းနေခဲ့တယ်။
ချော့မြူခဲ့တဲ့ ချစ်ခြင်းတရားမှာ အမှန်တွေထင်။
အရာရာယုံစား ။
ဒီအကြောင်းတရားက အခု အကျိုးတရားတွေဖြစ်ခဲ့
သာယာခဲ့တဲ့ ကျွန်မမှာလဲ တာဝန်မကင်းပါဘူး။
သွေးဆာနေတဲ့ မြေခွေးတစ်ကောင်လို
မှန်ထဲမှာ ပင်ကိုယ်သဘာဝ မြင်ခဲ့ရ။
သူအလွှာတွေ အကုန်ချွတ်ပြခဲ့တဲ့ ညပေါ့။
ကုပ်ခြစ်ကိုက်ဖဲ့ ဒဏ်ရာတွေ အနာတရ
အကြောက်တရားရဲ့ ညမှာ အရာရာချပေးခဲ့ တယ်။
ကျွန်မရဲ့ သဘာဝ ဝဋ်ကြွေးတွေ အတွက် ကြေပါစေသဘောနဲ့
(ဆပ်စရာမရှိလို့ လယ်မြေအသိမ်းခံရတဲ့ တောင်သူတွေ လို)
တကယ်တော့ ……
ကျွန်မပါ အလိုတူအလိုပါဖြစ်ခဲ့။
ဒီအခန်းက ကျွန်မထွက်ပြေးချင်ခဲ့တယ်။
အလုပ်များနေတဲ့ သူ့ လက်တွေက ရုန်းထွက်မရ။
လှုပ်လေမြုပ်လေနဲ့ နွံ့ထဲ ကျနေတဲ့ သူလို
လှုပ်ရှားသမျှ ကျွန်မသာ ပြုတ်ကျလာခဲ့ရ နေ့ရက်များ။
ဘယ်လိုမှ ပြန်ပြီး ထိုးစစ်ဆင်လို့မရတဲ့ စစ်
မြို့သိမ်းခံ ညမှာ ငေးကြည့်နေတဲ့ နီရိုးဘုရင်လို
အဖတ်ပြန်ဆယ်လို့မရ အဆုံး
ဒီမီးပုံမှာ သူနဲ့အတူ ကျွန်မကိုယ်ကျွန်မ လောင်ကျွမ်းပြစ်လိုက်တယ်။
သိင်္ဂါလှိုင်(ကဗျာမြေသား)
24022014

No comments:

Post a Comment