ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Friday, March 14, 2014

ချစ်တယ်ဆိုတဲ့စကားကိုပြောမိဖို့ တစ်စက္ကန့်အလို

ဒီစာလေးကို ဖတ်ကြည့်ပါဗျ စိတ်သဘောထားတိုက်ဆိုင်ချင်မှ တိုက်ဆိုင်မယ် ဒါပေမဲ့ သေချာမှုတွေတော့ရှိနေပါတယ်.....
  ပထမဆုံး ကောင်လေး က  ကောင်မလေးကို “ ချစ်တယ်” လို့  ပြောခြင်း ဟာ  ကောင်မလေးရဲ့ ဘ၀ ကိုအလုံးစုံ ပိုင်ဆိုင်လိုခြင်းပဲ   ဖုန်း ဆက်မယ်  မက်ဆေ့ တွေ ပို့ မယ်  မော်နင်း ပါ  ဂွတ်နိုက်ပါ  စသဖြင့် မက်ဆေ့ လေးတွေ ပို့ မယ်  ကိုယ့်ဆီပြန်ဝင်လာတဲ့ 
မက်ဆေ့ တွေ ကောလော့တွေ မှတ်ထားမယ် ပေါ့ စသဖြင့်ပေါ့   ဒါကောင်မလေးဆီက အဖြေပြန်မရသေးတဲ့ အချိန်ပေါ့..
  ကောင်မလေးအနေနဲ့ လဲ အဖြေပြန်မပေးသေးခင်အချိန်အထိတော့ အထက်ကြေးပေါက်တာပဲ သူပြောသမျှကို  ကောင်လေးက လိုက်လျှောဖို့ အားလုံး ရယ်ဒီပဲ  ဒါကိုသိတော့ အညှာကိုင်လို့ ကောင်းတယ် ကိုယ်ပြောသမျှဖြစ်နေတော့ ဘယ်သူ မပျော်ရှိပါ့မလဲ  .... ဒီတော့ “ ချစ်တယ်” ဆိုတဲ့အဖြေကိုလွယ်လွယ်များပေးလိုက်မလား..?
  ချစ်သူဖြစ်သွားရင် ဆိုပါစို့ ဗျာ .... အခြေအနေကပြောင်းပြန်ဖြစ်သွားပြီဗျ  ကောင်မလေးက  ပြန်လိုက်ပြီး ကောင်လေးက ပြေးတဲံသူပြန်ဖြစ်သွားပြီ  ချစ်သူသက်တမ်းလေးရင့်လာရင်  ကောင်မလေးနဲ့ ဆိုင်တစ်ခုခုမှာ အတူတူ ထိုင်ပြီ ဆိုရင် ကောင်လေးက တခြားဝိုင်းက ကောင်မလေးတွေကိုမျက်စိကစားမယ် ဆိုရင် ကောင်မလေး ခမြှာပထမ စိတ်တိုရပြီ ဒုတိယ စိတ်ကောက်ပြမယ်  ပိုဆိုးရင်တော့ ဘောက်ချာဖြတ် ပါမယ်  .......
  ဒီနေရာမှာ ယောင်္ကျားတို့ အကြောင်းနည်းနည်း ပြောပြချင်ပါတယ်  ဒီလိုလုပ်တာက ကောင်မလေးကိုမချစ်လို့ တော့မဟုတ်ဘူး  ချစ်နေဆဲပါ ဒါပေမဲ့  စတိုး ဆိုင်အရောင်းပြခန်းထဲက ရှိုးကေ့စ်ထဲက  ပစ္စည်းတွေလိုပေါ့ဗျာ မ၀ယ်ရသေးခင်  သူအားလုံးကိုအားရအောင်အရင်ကြည့် တယ် ပြီးတော့မျက်လုံးထဲအတိုးဆုံး  ဆိုတာကိုသူရွေးတယ် ပြီးတော့ဆုံးဖြတ်လိုက်တယ်ဗျ သူဒါကိုပဲယူတော့မယ်ပေါ့ဗျာ .....
 အချိန်တော်တော်ကြာလာတော့ အဲ့ဒီဆိုင်ရှေ့ ကပြန်ဖြတ်မိတဲ့အခါ တခြားအဆန်းအပြားလေးတွေ တွေ့ တော့ ကိုယ့်ရှိတာထက်ဒါလေးတွေက ပိုလှသလို ရှိနေတတ်ပြန်ရောဗျ......  အချိန်ကြာလာတော့ ကိုယ့်မှာရှိတဲ့အရာနဲ့ ယှဉ်ဖို့ မရှိသေးခင်တော့ ကိုယ်ပိုင်တာက အကောင်းဆုံးလို့ ထင်နေတတ်တာပါ နောက်မှပေါ်လာတော့  သူ  ရွေးတာ ဟုတ်မှ ဟုတ်ရဲ့လားလို့ တွေဝေမိတာပါ  ဒါကိုကောင်မလေး  ကပါးနပ်ဖို့  လိုပါတယ်  သူ့ ငေးမိတဲ့  အဆင်မျိုး ဖန်တီးယူပါ ........
  နောက်တစ်ခု ကောင်လေးတွေအနေနဲ့ ကိုယ့်ချစ်သူကောင်မလေးကို ကိုယ့်အကောင့် pw ကို ဘယ်တော့မှမပြောပြမိစေပါနဲ့   ပြောမိတာနဲ့ ပြတ်ဖို့ က ၇၅%  သေချာနေပြီ  သူမ  ဖွင့်တဲ့နေ့ ကတော့ရန်ဖြစ်ရဖို့  ၁၀၀% ကျိန်သေပါပဲ.....
 ပြတ်သွားတော့မှ ဖုန်းထဲက မက်ဆေ့တွေ  ကောလော့တွေ deleteတွေ လုပ်လို့ လုပ်  ဖေ့စ်ပေါ်မှာအသဲတွေကွဲလို့  ကွဲ ဖြစ်တတ်တာလေးပါ  .......
   ဒါကြောင့် “ ချစ်တယ်” လို့ ပြောတော့မဲ့ နောက်ဆုံး တစ်စက္ကန့် အထိ သေချာစဉ်းစားစေချင်ပါတယ်ဗျာ.....

No comments:

Post a Comment