ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, February 9, 2014

အရွယ်စုံပျော်နေတဲ့ ချစ်သူများနေ့

အရွယ်စုံပျော်နေတဲ့ ချစ်သူများနေ့

February 10, 2014at 10:29am
ရန်ကုန်မြို့၏ ၂၀၁၂ ဖေဖော်ဝါရီ ၁၄မနက်ခင်းသည် ပုံမှန်ရက်များထက် ထူးခြားနေသည်။
    ရန်ကုန်မြို့၏ နေရာတိုင်းလိုလို တွင် အင်္ကျီဆင်တူ၊ ဘောင်း ဘီဆင်တူ ဆယ်ကျော်သက်ယောက်ျားလေးနှင့် မိန်းကလေးများကိုတွေ့မြင်ရသည်။
    မနက်စောစောပိုင်းတွင် ရွှေတိဂုံ စေတီရင်ပြင်ပေါ်တွင် သက်ကြီးရွယ် အိုများထက် ဆယ်ကျော်သက်အရွယ် စုံတွဲများနှင့် သက်လတ်ပိုင်းစုံတွဲများကိုသာပိုမိုတွေ့မြင်ရသည်။
    မြို့တွင်း ပြေးဆွဲနေသည့် အငှား ယာဉ်မောင်းများမှာ ချစ်သူများနေ့ကြောင့် ပုံ
မှန်ထက်ပိုပြီး အလုပ်ကောင်းနေကြသည်။
    ဆယ်ကျော်သက်စုံတွဲများတွင် အချို့မှာ ကြီးမားလှသည့်ဝက်ဝံရုပ် ကြီးများကို မနိုင့်တနိုင် မချီကာ ပြုံး
ပျော်နေကြသည့်စုံတွဲများရှိသလို၊ အချို့မှာလည်း လှလှပပ၀တ်စားဆင် ယင်ထားကြပြီး ၄င်းတို့လက်ထဲတွင် ပန်းစည်းများ၊ အသည်းပုံသဏ္ဍာန်ပစ္စည်းများကို ကိုင်ဆောင်ထားကြ သည်။
    ပန်းခြံများတွင်လည်း ယခင် ရုံးဖွင့်ရက်များကထက် ပိုစည်ကား နေသည်။  ရန်ကုန်မြို့လယ်ခေါင်ရုပ် ရှင်ရုံ များတွင်လည်း အင်္ဂါနေ့ ကြားရက်ဖြစ် သော်လည်း စုံတွဲများကြောင့် ရုံပြည့်ရုံ လျှံဖြစ်ခဲ့သည်။  စူပါမားကက်များ၊ ဈေးဝယ်စင် တာများတွင် ဖေဖော်ဝါရီ ၁၃ ရက်က
တည်းကပင် ဆယ်ကျော်သက်ဈေး ၀ယ်သူများနေခဲ့သည်။   ဈေးဝယ်စင်တာများတွင် ဗယ် လင်တိုင်းဒေးနှင့်ပတ်သက်ပြီး အများ ဆုံးရောင်းရသည့် ပစ္စည်းများမှာ အသည်းပုံ စုံတွဲခေါင်းအုံး၊ ကျပ်တစ်သောင်းကျော်တန် မွှေးပွ ၀က်ဝံရုပ် ကြီးများ၊ ပန်းစည်းများ၊ ဆင်တူစုံတွဲ အင်္ကျီများ၊ စုံတွဲအရုပ်များဖြစ်သည်။ လမ်းမခွဲကြေး ကတိစာချုပ်ဟုအမည်ရသည့် ဗယ်လင်တိုင်းဒေး အမှတ် တရပစ္စည်းတစ်မျိုးသည် ယခုနှစ်ချစ် သူများနေ့တွင် အရောင်းရဆုံးပစ္စည်း တစ်မျိုးဖြစ်နေသည်။
    မျက်နှာဖုံးနှင့် ကျောဖုံးအပါအ ၀င် စာမျက်နှာလေးမျက်နှာပါရှိသည့် အဆိုပါ အမှတ်တရလက်ဆောင် ကတ်ပြား၏  မျက်နှာချင်းဆိုင် အလယ်စာမျက်နှာနှစ်ဖက်တွင် ကတိစာချုပ်များအတိုင်း ယောက်ျားလေး နှင့် မိန်းကလေးတို့၏ ကတိများကို စာသားများဖြင့်ရေးသားထားကာ အပြန်အလှန် လက်မှတ်ရေးထိုးရပြီး၊ ၀ယ်သူအများစုမှာ မိန်းကလေးများ ဖြစ်သည်။
    ယခုနှစ်ချစ်သူများနေ့ကာလ တွင်ကတ်ပေါင်း ၁၂၀ ကျော် ရောင်းထားရပြီးရောင်းအား အကောင်း ဆုံးဖြစ်ခဲ့သည့် အဆိုပါ လမ်းမခွဲ ကြေး  ကတိစာချုပ်သည်ရောင်းဈေး ကျပ်ငါးရာဖြစ်ကြောင်း တော်ဝင်စင် တာရှိ Tab Book စင်တာမှ တာဝန် ရှိသူကပြောသည်။
    ''၁၃ ရက်နေ့ကတည်းက ရောင်းနေရတာ။ အခုဆို ချစ်သူများနေ့ ပစ္စည်းတွေက အကုန်လုံးလိုလို ရောင်း
အားပြတ်ကုန်ပြီ။ ပုံမှန်လတွေမှာဆို ကြားကာလဖြစ်တဲ့အတွက် အရောင်းအ၀ယ်ပါးတယ်။ အခုတော့ တော်တော် လေးကို အရောင်းအ၀ယ်ဖြစ်တယ်'' ဟု စိန်ဂေဟာ(ပါရမီ) ဈေးဝယ်စင်
တာမှ တာဝန်ရှိသူတစ်ဦးကလည်း ဗယ်လင်တိုင်းဒေးဈေးကွက်အနေ အထားနှင့် ပတ်သက်ပြီးဆိုလာသည်။
    ဈေးဝယ်စင်တာအများစုတွင် ဗယ်လင်တိုင်းဒေးအမှတ် တရရှိုးပွဲ များ၊ စုံတွဲသီချင်းဆိုပြိုင်ပွဲများ၊ ချစ်
ရေးဆိုပြိုင်ပွဲများ အစရှိသည့် ဖေဖော်ဝါရီ ၁၄ နှင့် သက်ဆိုင်သည့် ပွဲများကို လည်း ကျင်းပပြုလုပ်ကြသည်။
    ပြည်တွင်းရုပ်မြင်သံကြားလိုင်း အချို့နှင့် အက်ဖ်အမ်ရေဒီယိုလိုင်း များတွင်လည်း ဖေဖော်ဝါရီ ၁၄ နှင့်ပတ်သက်သည့် တေးသီချင်းများ ထုတ်လွှင့်မှုကဏ္ဍများကို သီးသန့် ထုတ်လွှင့်ပေးခြင်းများကို ပြုလုပ် ပေးကြသည်။
    ဗယ်လင်တိုင်းဒေးကို အလုပ် ကောင်းခဲ့ကြသည့် စီးပွားရေးလုပ်ငန်း များတွင် ရန်ကုန်၊ မန္တလေးမြို့နှင့် မြို့ကြီးများပေါ်ရှိအအေးခန်းတည်း ခိုရိပ်သာများပင်ဖြစ်သည်။
    ပုံမှန်ရက်များထက် ယနေ့တွင် အထက်ပါမြို့ကြီးများ၏ အအေး ခန်းတည်းခိုရိပ်သာများအားလုံးနီး ပါးတွင် လာရောက်တည်းခိုသူ စုံတွဲ
များက ယခင်ရက်များထက်ပိုမိုများ ပြားနေကြောင်း ဟိုတယ်၊ တည်းခိုခန်း များမှ တာဝန်ရှိသူများကပြောသည်။
    ထိုအထဲတွင် ဆယ်ကျော်သက် နှင့် အသက်နှစ်ဆယ်ကျော် လူငယ်စုံ
တွဲများ၏ တည်းခိုမှုများက အများဆုံး ဖြစ်နေသည်။
    ပုံမှန်ထက်အလုပ် ဖြစ်နေကြ သည့် အထက်ပါ တည်းခိုခန်းဖွင့် လှစ်ကြသည့် စီးပွားရေးလုပ်ငန်းများ တွင် အချို့မှာ နေ့လယ်ပိုင်းအချိန် မရောက်မီတွင်ပင် အခန်းများပြည့် သွားသည်အထိ ဖြစ်ခဲ့သည်။
    တည်းခိုခန်းအချို့မှာမူ  တစ် ဖက်မှ ဖုန်းဆက်လာသည်နှင့် အခန်းပြည့်သွားပါပြီဆိုသည့် အဖြေများကို သာ ပြန်လည်ဖြေဆိုနေကြသည်။
    မြို့တွင်းတည်းခိုရိပ်သာများ တွင် အထက်ပါအတိုင်း တည်းခိုသူ စုံတွဲများ များပြားနေသည်ဟု ဆို သော်လည်း ပြင်ပရှိ လိင်ဆက်ဆံရာ တွင် အသုံးပြုသည့် အကာအကွယ် သားဆက်ခြားပစ္စည်းများ၏ ရောင်းအားများမှာမူ  ပုံမှန်အတိုင်းသာရှိ ကြောင်းလည်းစုံ စမ်းသိရှိရသည်။
    အချို့သောစုံတွဲများမှာမူ ထို
နေ့(ယနေ့)ကိုပင်အမှတ်တရ ဖြစ်စေ ရန်    မင်္ဂလာအခမ်းအနားများကို ကျင်းပပြုလုပ်ကြသည်။
    ၁၇ နှစ်အရွယ်ရှိ အမျိုးသား ငယ်တစ်ဦးက
''ပျော်တာပေါ့။ အခြားနေ့တွေလည်း သူနဲ့တွေ့ရပေမယ့် ချစ်သူများနေ့လို့  သတ်မှတ်ထား ကြတဲ့ ဒီလိုနေ့မျိုးမှာ နှစ်ဦးတွေ့ရ တာ ကြည်နူးရပါတယ်။ မနက်ကတော့ သူ့ကိုကျောင်းမှာ သွားကြိုခဲ့တယ်။ အခုထိဘယ်မှမသွားရသေး ဘူး။ ညနေကျရင်တော့ ရှိုးပွဲတစ်ပွဲ
ပွဲကို အတူတူသွား ကြည့်ဖို့ရှိတယ်။ဒါပါပဲ'' ဟု ၄င်းတို့၏ ဗယ်လင်တိုင်း အစီအစဉ်ကို ပြောပြသည်။
    မည်သည့်ချစ်သူစုံတွဲချစ်သူ များအတွက်မှ ရည်ရွယ်ဖြစ်ထွန်း လာခြင်းမရှိသည့် ဖေဖော်ဝါ ရီ ၁၄ ၏ နောက်ကွယ်တွင် မိမိတို့၏သားသမီး များအတွက်စိတ်ပူပန်နေကြရသည့် မိဘများကလည်း မနည်းမနောပင်.....။
လမ်းမခွဲကြေး ကတိစာချုပ်ဟု
အမည်ရသည့် ကျပ်၅၀၀တန် ဗယ်လင်တိုင်းဒေး အမှတ် တရပစ္စည်းတစ်မျိုးသည် ယခုနှစ်ချစ်သူများနေ့တွင် အရောင်းရဆုံးပစ္စည်း တစ်မျိုးဖြစ်နေသည် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
လမ်းမခွဲကြေး ကတိစာချုပ်ဟု အမည်ရသည့် ကျပ်၅၀၀တန် ဗယ်လင်တိုင်းဒေး အမှတ် တရပစ္စည်းတစ်မျိုးသည် ယခုနှစ်ချစ်သူများနေ့တွင် အရောင်းရဆုံးပစ္စည်း တစ်မျိုးဖြစ်နေသည် (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
ဗယ်လင်တိုင်းဒေးအမှတ် တရရှိုးပွဲသို့သွားရောက်နေကြသူများ
ဗယ်လင်တိုင်းဒေးအမှတ် တရရှိုးပွဲသို့သွားရောက်နေကြသူများ
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
အမှတ်တရအရုပ်ဝယ်ယူနေကြသူများ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
အမှတ်တရအရုပ်ဝယ်ယူနေကြသူများ (ဓာတ်ပုံ-ဂျေမောင်မောင်(အမရပူရ)
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
ဖေဖော်ဝါရီ၁၄ရက်နေ့မြင်ကွင်းတချို့
  • 19 people like this.
  • Pohpoh Khin အော် ပျော်နိုင်တဲ့သူတွေ ပျော်ကြပါဗျာ .. .
  • Myat Mon ~~ မြို့တွင်းတည်းခိုရိပ်သာများ တွင် အထက်ပါအတိုင်း တည်းခိုသူ စုံတွဲများ များပြားနေသည်ဟု ဆို သော်လည်း ပြင်ပရှိ လိင်ဆက်ဆံရာ တွင် အသုံးပြုသည့် အကာအကွယ် သားဆက်ခြားပစ္စည်းများ၏ ရောင်းအားများမှာမူ ပုံမှန်အတိုင်းသာရှိ ကြောင်းလည်းစုံ စမ်းသိရှိရသည်။~~ စာပေစိစစ်ရေးမပြုတ်တာ အားရစရာပါ...။
  • MyoMinn Oo အလွှာပါးပေမယ့် ကမ္ဘာခြားနေသလို ခံစားရလို့နေမှာပေါ့.....
  • Yvonne Ygn လုံးဝကန့်ကွက်တယ်......မုန်းတယ်.........................
  • Caution Point 7 day news journal တိုက် ရေ Vol.10, No.48.february 16 2012 အချက်ပို D မှာ ပါလာတဲ့ သတင်းလေး ပါ သံတွဲ ဈေးကြီးမီးလောင် ကျပ်သိန်း ၆,၅ဝဝ ဆုူံးရှံး ပါသည်တဲ့ ဆိုင်းခန်းတခန်းတန်ဘိုးကို အနိမ့် ဆုံး သိန်း ၅ဝ ထားပီးတော့ တွက်ကြည့် လိုပ်ပါဗျာ သိန်း ၆,၅ဝဝ ဆိုတာ တေ...See More
  • Sai Sannwinbo ဟုတ်တယ်.. ဘက်မလိုက်.. ထင်ကြေးနဲ့ မရေးပါနဲ့.. ပြည်သူတွေအမှန်တိုင်းပဲမြင်ချင်တယ်... ကျန်တဲ့.. ပါတီအကြောင်းလည်းထည့်ရေးပါဦးဗျာ.. ဖတ်ချင်လို့....
  • 7Day News Journal Caution Point ။ ကျပ်သိန်း၆၅၀၀ဆုံးရှုံးတယ်ဆိုတာ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးမင်းထွန်းရဲ့ အတည်ပြုပြောစကားကို ရေးထားတာပါ။ သတင်းထဲမှ စာသားကိုသေချာဖတ်ပေးစေချင်ပါတယ်။ 7Day Newsမှ ဆုံးရှုံးမှုတွက်ချက်ထားသော စာရင်းကိန်းဂဏန်းမဟုတ်ပါ။
  • Yvonne Ygn ဟော...ဖြစ်ကုန်ပြီ ဖြစ်ကုန်ပြီ.......
  • TeZa Hlaing စိုင်းစံဝင်းဘိုရေ မနေ့ ကအကိုသူငယ်ချင်း သတင်းထောက်တယောက်ရေးထားတာလေးဖတ်ကြည့် ပါ မီဒီယာတွေက
    ဘက်မလိုက်နိုင်အောင်ကြိုးစားနေပါတယ်။"မီဒီယာသမားပဲဗျာ...... ဘယ်ပါတီမှ တစ်ဖက်စောင်းတော့ ဘယ်ရေးချင်မလည်း ... ဘယ်ပါတီမဆို ကောင်းရင် ကောင်းတယ်... မကောင်းရင် မကောင်းဘူးေ
    ...See More
  • Sai Sannwinbo ဟုတ်လား.. အဲလို လူတွေခြင်္သေ့ထဲမှာရှိနေတာ လုံးဝမကောင်းဘူး.. ရေးသာရေးပစ်လိုက်.. သန့်ရှင်းသောခြင်္သေ့များဖြစ်ပါစေလို့..
  • Ko Diver Gyi ဒီခေတ်ကြီးမှာ အပျိုစစ်စစ်ဘယ်လိုရှာရမလဲ...ရည်းစားဘ၀မှာခိုးစား-ပြီးတော့
    အကြောင်းအမျိုးမျိုးကြောင့် မယူဖြစ်။ တားဆေးစား... အချိန်တန်အိမ်ကပေးစားတော့အခြားတယောက်ယူ။
    ယူမိသူအမျိုးသားက ဘယ်သိမလဲ..........ဟူး..ကြောက်စရာကြီး
    ...See More
  • Moe Monsoon ဒီခေတ်ကြီးမှာ အပျိုစစ်စစ်ဘယ်လိုရှာရမလဲ.. စကားကိုသိမ်းကျုံးပြီးအကုန်မပြောပါနဲ့ ဒါမြန်မာပြည်ပါ တန်ဖိုးရှိတဲ့မိန်းကလေးတွေအများကြီးရှိပါသေးတယ်...။
  • Ko Diver Gyi အားလုံးကိုမဆိုလိုပါ.....တောင်းပန်ပါတယ်။
  • Ko Diver Gyi ပြန်ရုတ်သိမ်းပါတယ်
  • Khun Min Myat Myat အလကားဟာတွေ အဲဒီစုံတွဲတွေကိုမေးကြည့် ဖေဖော်ဝါရီ 13 ရက်က ဘယ်သူ့မွေးနေ့လဲဆိုတာ 95 ရာခိုင်နှုန်းလောက် သိမှာမဟုတ်ဘူး
  • Ka Gyi Moe Monsoon ဒီခေတ်ကြီးမှာ အပျိုစစ်စစ်ဘယ်လိုရှာရမလဲ.. စကားကိုသိမ်းကျုံးပြီးအကုန်မပြောပါနဲ့ ဒါမြန်မာပြည်ပါ တန်ဖိုးရှိတဲ့မိန်းကလေးတွေအများကြီးရှိပါသေးတယ်...။
  • Zaw Min Htun မှန်တယ်
  • Yaw Lay မှန်ပါတယ်
  • Myo Khaing ချစ်သူများနေ့မှာတော့ အမှတ်တရတွေဘာတွေလုပ်လို

No comments:

Post a Comment