ချစ်သူများနေ့ဖြစ်ပေါ်လာရခြင်းအကြောင်းမှာ
ဘုန်းတော်ကြီးတစ်ပါးဖြစ်သောစိန့်ဗယ်
လင်တိုင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။ စိန့်ဗယ်လ င်တိုင်းသည် အေဒီ(၃)ရာစုအတွင်း ရောမမြို့တွင်နေထိုင်
ခဲ့သည်။ အဲဒီကာလကရောမအင်ပါယာကို
ဧကရာဇ် ကလောဒီးယပ်(စ်) အုပ်ချုပ်နေချိန်ဖြစ်သည်။လင်တိုင်းမှ အစပြုခဲ့ခြင်းဖြစ်သည်။ စိန့်ဗယ်လ င်တိုင်းသည် အေဒီ(၃)ရာစုအတွင်း ရောမမြို့တွင်နေထိုင်
ခဲ့သည်။ အဲဒီကာလကရောမအင်ပါယာကို
ကလော့ဒီးယပ်(စ်)ဟာ ကြီးမားတဲ့စစ်တပ်ကြီးတစ်ခုကို အလိုရှိနေပြီး ထိုစစ်တပ်ထဲသို့ လူငယ်များဝင်
ရောက်လာဖို့လိုလားနေပါသည်။ လူတွေဟာမိသားစု ၊ဇနီးသားသမီးတွေရှိကြတဲ့အတွက် စစ်တိုက်ဖို့
အတွက်စိတ်မရှိကြပါဘူး။ ဒါဟာကလောဒီးယပ်(စ်)၏ အကြံအစည်အတွက်ကြီးမားတဲ့ အဟန့်အတား
တစ်ခုဖြစ်စေခဲ့ပါတယ်။
ဒါကြောင့် ကလောဒီးယပ်(စ်)ဟာ ရူးသွပ်မိုက်မဲတဲ့ ဥပဒေတစ်ခုချမှတ်လိုက်ပါတယ်။
ဒါကတော့ ယောင်္ကျားတွေလက်ထပ် ထိမ်းမြားခြင်းမပြုရဘူးဆိုတဲ့ဥပဒေသပဲဖြစ်ပါတယ်။ လူအများက
ဒါကိုလက်မခံချင်ကြပါဘူး။ အထူးသဖြင့် ချစ်ခြင်းမေတ္တာတရားကို တန်ဖိုးထားတဲ့လူတွေအတွက်
ဒီဥပဒေဟာ အကြင်နာကင်းမဲ့ပြီး ညှာတာထောက်ထားမှုကင်းမဲ့တဲ့ ဥပဒေသပဲဖြစ်စေပါတယ်။
ဒီလိုလက်မခံကြတဲ့အထဲမှာ ဘုန်းတော်ကြီးဗယ်လင်တိုင်းလည်း တစ်ဦးအပါအ၀င်ပေါ့။
ဒါကြောင့် ဘုန်းတော်ကြီးဗယ်လင်တိုင်းဟာ လက်ထပ်ထိမ်းမြားလိုကြတဲ့လူငယ်စုံတွဲလေးတွေကို တိတ်
တခိုး လက်ထပ်ထိမ်းမြားခြင်းအမှုကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒီအပြုအမူဟာ ကလောဒီယပ်(စ်)ရဲ့ ဥပဒေ
နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ကြုံလာရမယ့်အရာတွေအတွက် ဘယ်သူမှမသိနိုင်ပါဘူး။ ဖယောင်း
တိုင်မီးမှိန်မှိန်လေးသာရှိတဲ့ အခန်းကျဉ်းကျဉ်းလေးထဲမှာ စစ်သားတွေရဲ့ခြေသံကို နားစွင့်နေရင်း
မင်္ဂလာပွဲလေးကျင်းပရတာ တကယ်ကိုရင်ခုန်စရာကောင်းလှပါတယ်။ ချစ်သူလူငယ်စုံတွဲတွေ အတွက်
မှီခိုအားထားရာနေရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်။
တစ်ညမှာတော့ ထိတ်လန့်ဖွယ်ခြေသံ ကိုကြားလိုက်ရပါတယ်။ မင်္ဂလာဇနီးမောင်နှံက
လွတ်မြောက်သွားပေမဲ့ ဘုန်းတော်ကြီးဗယ်လင်တိုင်းမှာ ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ ထိုနောက်
ထောင်တွင်းအကျဉ်းချထားခြင်းကိုခံခဲ့ရပြီး နောက်ဆုံးသေဒဏ်ပေးရန်စီရင်ချက် ရခဲ့ပါတယ်။ အဲဒီလို
ဘုန်းတော်ကြီးဗယ်လင်တိုင်း ထောင်တွင်းအကျဉ်းကျခံနေရပြီး သေဒဏ်စီရင်ချက် ခံရကြောင်း
ကြားသိရသောအခါ အံ့သြဖွယ်အဖြစ်အပျက်တွေ တွေ့မြင်လာရပါတယ်။
များစွာသောလူငယ်တွေဟာ ဘုန်းတော်ကြီးဗယ်လင်တိုင်း အကျဉ်းကျရာသို့ရောက်လာ
ကြပြီး အားပေးစကားပြောကြပါတယ်။ ပန်းစည်းတွေနဲ့အတူ ရေးသားထားသော စာတိုလေးတွေကို
ပစ်တင်ကြဲဖြန့်ကြပါတယ်။ သူတို့လည်းမေတ္တာတရားကို ခံယူယုံကြည်တဲ့အကြောင်း သက်သေပြ
ကြပါတယ်။ အဲဒီလူငယ်အထဲမှာ တစ်ဦးကတော့ အကျဉ်းထောင်းကိုစောင့်ရှောက်နေတဲ့ ၀န်ထမ်း
တစ်ဦးရဲ့သမီးဖြစ်ပြီး ဖခင်ထံခွင့်တောင်းပြီး စိန့်ဗယ်လင်တိုင်းထံလာခဲ့ပါတယ်။ သူတို့နှစ်ယောက်
နာရီပေါင်းအတော်ကြာ စကားပြောဖြစ်ခဲ့ကြတယ်။ ဒီလိုသေဒဏ် မစီရင်မီ ရက်ပေါင်းများစွာအတွင်း
သူမ အကြိမ်ကြိမ်လာရောက် အားပေးနှစ်သိမ့်ခဲ့ပါတယ်။ ဒါကြောင့် သေဒဏ်ပေးခံရမည့်နေ့မှာ
သူမအတွက် စာတိုလေးတစ်ခုကို ဘုန်းတော်ကြီးဗယ်လင်တိုင်းရေးပေးခဲ့ပါတယ်။ “ မင်းရဲ့ Valentine
ကနေ အချစ်ကို အစပြုပါ” တဲ့။
ဒီလိုနဲ့ (၁၄-၂- အေဒီ၂၆၉) ခုနှစ်မှာ ဘုန်းတော်ကြီးဗယ်လင်တိုင်းကို ကွပ်မျက်ခဲ့ပါတယ်။ နှစ်စဉ်
နှစ်တိုင်း ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားတဲ့ လူငယ်တွေဟာ ဒီနေ့ကိုရောက်တိုင်း ချစ်ခြင်းမေတ္တာနဲ့
ခင်မင်မှုကို ပြသတဲ့အနေနဲ့ တစ်ဦးနဲ့တစ်ဦးအပြန်အလှန် လက်ဆောင်တွေပေးကြတယ်။ စာတိုလေး
တွေပေးကြတယ်။ ရင်ထဲကခံစားချက်တွေကို ထုတ်ဖော်ရေးသားကြတယ်။ ကလောဒီးယပ်ဟာ
လူတစ်ယောက်ကို အသေသတ်နိုင်ပေမဲ့ ချစ်ခြင်းမေတ္တာတရားကို ဘယ်လိုမှ ရိုက်ချိုးဖျက်စီးလို့မရ
နိုင်ဘူးဆိုတာ တွေ့မြင်နိုင်ပါတယ်။
ဘလော့တစ်ခုမှကူးယူလာခြင်းဖြစ်သည်။
No comments:
Post a Comment