စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊
ကန့်ဘလူမြို့နယ်၊ပေကြီးကျေးရွာလေးသည် ကျွန်တော်၏မွေးဖွားရာဇာတိဖြစ်သည်။ ယခင်က အိမ်ခြေ
၃၅၀၀ ကျော်ရှိသော်လည်း ယခုအခါ ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် လယ်ယာမြေများအသိမ်း ခံ၍ အလုပ်လက်မဲ့ဖြစ်ကုန်ခါ
ရေကြည်ရာမြတ်နုရာကိုရှာရင်း အိမ်များရွေ့ပြောင်းသွားရာ ယခုအခါ အိမ်ခြေ ၂၀၀ကျော်မျှသာ
ကျန်ရှိပါတော့သည်။
ကျွန်တော်တို့ရွာသူရွာသားများသည် တောသူတောင်းသားများပီပီအလွန်ရိုးသားကြပါသည်။
ပညာ တတ်ရှားပါးပြီး။ တောင်သူအလုပ်တစ်ခုသာရှိသောကြောင့် စီးပွားရေးခေါင်းပါးလှပါသည်။
မိုးရေကိုသာစောင့် မျှော်၍ သီးနှံစိုက်ကြရသည်ဖြစ်သောကြောင့် မိုးခေါင်သောနှစ်များတွင်
အလွန်အခက်အခဲပေါင်းများစွာနှင့်ကြုံ
တွေ့ရပါသည်။
ကျွန်တော်သည် ၂၀၀၅ ခုနှစ်မှစ၍ မြို့ပြပေါ်သို့
ပညာရှာမြီးရန်တက်လာရင်း ကျွန်တော်တို့ ရွာလေး၏ ဆင်းရဲရခြင်းအကြောင်းရင်းနှင့် နိုင်ထက်စီးနင်းလယ်ယာမြေများသိမ်းခံရ၍
ရွာဖရိုဖရဲဖြစ်ရခြင်းသည် ရွာနေလူ များပညာတတ်နည်းပါးပြီး ရိုးလွန်းအလွန်း အကြောက်တရားကြီးလွန်းခြင်းများကြောင့်ဖြစ်သည်ဟူသောအ
ကြောင်းရင်းကိုသိရှိလာပါသည်။
ထို့ကြောင့်ကျေးရွာအားဘယ်လိုအကျိုးပြုရပါမည်နည်းဟုစဉ်းစားရာ
စာပေသည်သာ အရာရာကိုကျော် ဖြတ်နိုင်သည့်အောင်မြင်ကြီးပွားရာလမ်းကြောင်းဖြစ်သောကြောင့်
ကျေးရွာတွင် စာကြည့်တိုက် ဆောက်လုပ်ပေး ရန်လုံ့လပြုခဲ့ပါသည်။ သို့သော် ကျွန်တော်အပါအ၀င်ကျွန်တော်တို့မိသားစုသည်ချမ်းသာသူ
များမဟုတ်သောကြောင့် လုပ်အားမှပို၍ အဆောက်အဦးဖြစ်မြောက်အောင်ဆောက်လုပ်လှူနိုင်စွမ်းမရှိပေ။
ထို့ကြောင့် နီးစပ်ရာရွာနေလူများကို တိုင်ပင်ကြည့်သောအခါ အသိတရားခေါင်းပါးသူများဖြစ်သူပီပီ
``ကိုယ့် အလုပ်နဲ့ကိုဒီလောက်ရုန်းကန်နေရတာ ဘယ်သူက စာဖတ်နိုင်မလဲ စာကြည့်တိုက်ဆောက်ထားပြီး
အလကား ပိုက်ဆံကုန်တယ်´´ ဟူသော လူများကသာများနေသည်။
ရှေ့ရေးကိုမျှော်ကြည့်တတ်ကြသော လူကြီးပိုင်းအချို့ကအားပေးသော်လည်း
အဆောက်အဦးဖြစ် မြောက်ရန်အလွန်အကြပ်တွေ့နေခဲ့ပါသည်။ ရွာလူကြီးနှင့်တိုင်ပင်သောအခါ ရွာအတွက်
စာသင်ကျောင်းက အရေးကြီးကျောင်း အလယ်တန်းရရှိရေး ရွာမှငွေစုခွဲကြိုးစားရဦးမည်ဖြစ်သောကြောင့်အထမမြောက်ပြန်ပေ။
ပိုဆိုသည်က လူငယ်ပိုင်းများက စာကြည့်တိုက်အတွက်အားထက်သန်သူ မရှိခြင်းပင်ဖြစ်သည်။ ကျွန်တော်နှင့်
အတူ လက်တွဲမည့် လူငယ်ဆယ်ယောက်မျှလောက်ရှိလျှင် တိုင်ပင်ခါ တက်ညီလက်ညီရေရှည်စီမံကိန်းချလုပ်
၍ဖြစ်နိုင်သော်လည်း လူငယ်များပါမလာသောအခါ ကြိုးစားသမျှအရာမထင်ဖြစ်ခဲ့ရပါသည်။
ထိုအချိန်မှစတင်ခါ ကျွန်တော်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှမတိုင်ပင်တော့ပဲ
ကျွန်တော့်တွင် ရှိသောမုန့်ဖိုးများထဲမှ အမြဲချွေတာ၍ စာအုပ်များဝယ်စုလာခဲ့ပါသည်။ ယခုလေးငါးနှစ်ကြာလာသည့်အခါ
ကျွန်တော်စုထားသော စာအုပ်ပေါင်း (၈၀၀)ခန့်မျှ ရှိနေပြီဖြစ်သည်။ စာကြည့်တိုက်ဖွင့်မည်ဆိုပါက
ကျွန်တော် နှင့်ကျွမ်းဝင်ရင်းနှီးသော စာရေးဆရာများ မဂ္ဂဇင်းအယ်ဒီတာများထံစာအုပ်များထပ်မံအလှူခံက
စာကြည့်တိုက် တစ်လုံးစာအတော်ဖူလုံမည်ဖြစ်ပါသည်။
အားတက်စရာကောင်းလာသည်မှ ကျွန်တော်စာအုပ်များစွာစုမိလာသကဲ့သို့
ရွာအလယ်တန်းကျောင်း ရပြီးအထက်များကျောင်းများမြို့တက်သင်သော ကျောင်းသားများ များလာရာ
လူငယ်များရွာ၏အားနည်းချက် ကို သိမျက်စိနားများပွင့်လာပြီဖြစ်ရာ စုပေါင်းတိုင်ပင်၍ လမ်းပြကြယ်ဟုသော
စာကြည့်အသင်းလေးတည် ထောင်လိုက်ပါသည်။ ကျွန်တော်က ရန်ကုန်တွင်နေသောကြောင့်အရာရာမကူညီနိုင်ခဲ့ပါ။
လိုအပ်သောအကြံဉာဏ်နှင့် စာအုပ်အချို့ကိုသာလှမ်းပို့နိုင်ခဲ့ပါသည်။ ကျွန်တော်စုထားသော
စာအုပ်ရေ (၈၀၀) ကိုမပို့ပေးခဲ့ပါ။
မပို့ရခြင်းအကြောင်းမှာ
အမြင်မှန်ရခါ စာကြည့်အသင်းစလုပ်သည်ဖြစ်သော်လည်း ဖြစ်ဖြစ်မြောက်မြောက် ကြီးမဟုတ်ပါ။
အဆောက်အဦးမရှိသည့်အတွက် အိမ်တစ်အိမ်တွင် စာအုပ်များ ထားပြီးညနေပိုင်းလေး ခဏစာအုပ်များငှားပေးခြင်းလောက်သာဖြစ်သောကြောင့် စာအုပ်များစနစ်တကျမစီမံနိုင်ဖြစ်ရာ ပျက်စီး ဆုံးရှုံးမည်ဖြစ်သောကြောင့်
အနှစ်နှစ်စုဆောင်းခဲ့သည်များကို လွယ်လွယ်ဖြင့်မပေးသေးခြင်းသာဖြစ်ပါသည်။
လယ်ယာမြေအချို့ရွာမှပြန်လည်ရလာသောကြောင့်
စီးပွားရေးပြေလည်စပြုလာပါသော်လည်း လက်တလောအရေးတကြီးလိုအပ်နေသော ကျေးရွာဆေးပေးခန်းဖွင့်နိုင်ရန်
သိန်းပေါင်းများစွာ ငွေစုခွဲထား ပြီးစီမံကိန်းလုပ်နေရသည်ဖြစ်ရာ ဆေးခန်းဖြစ်ဖို့ပင်
နှစ်အနည်းငယ် အားယူရမည်မို့ စာကြည့်တိုက် အဆောက် အဦးဖြစ်မြောက်ရန်မသက်မသာဖြစ်နေရပြန်ပါသည်။
ထို့ကြောင့် အမြဲတမ်းဒီလိုဖြစ်နေပါလျှင်
ကျေးရွာစာကြည့်တိုက်သည် အကောင်အထည်မဖော်ဆောင် နိုင်ဖြစ်ခါ ရွာသူရွာသားများ အရာရာဗဟုသုတနည်းပါးနေမည်ဖြစ်သောကြောင့်
ထိုသို့မဖြစ်စေရန် ပညာပါရမီ စီးပူးလိုသူပါရမီရှင်များအား နိုးဆော်ခါ ၀ိုင်းဝန်းကူညီပေးစေလိုကြောင်းဖြင့်
ဤစာစုလေးကိုရေးခါ တိုက်တွန်း ရခြင်းဖြစ်ပါသည်။
ကျွန်တော်နှင့်ရင်းနှီးရာမိတ်ဆွေများနှင့်
အွန်လိုင်းများစေတနာရှင်များထံမှ အလှူငွေများကို ကောက်ခံ ခါ တင့်သင့်မျှတသည့် ငွေအမောက်
ရလျှင် အလှူရှင်များနှင့်အတူ ကျေးရွာသို့ကိုယ်တိုင်သွားရောက်ခါ စာကြည့်တိုက်အဆောက်အဦးဖြစ်မြောက်ရေး
ကြိုးစားအားထုတ်ကြမည်ဖြစ်ပါသည်။စာကြည့်တိုက် အဆောက် အဦးနှင့် မြေနေရာအတွက် (၂၅)သိန်းအနည်းဆုံးကုန်ကြမည်ဟု
တွက်ချက်ထားပါသည်။
ထို့ကြောင့်
လှူဒါန်းလိုသူစေတနာရှင်များအနေဖြင့် ငါးရာ တစ်ထောင် ဖြစ်စေ နည်းများမဟူ ပါဝင်လှူ နိုင်ပါကြောင်း
နိုးဆော်အပ်ပါသည် ။ အလှူရှင်များအား အမြဲစာရင်းပြုခါ
အွန်လိုင်းစာမျက်နှာနှင့် ဂျာနယ် များမှ ကြေငြာပေးသွားပါမည်။
လှူဒါန်းလိုသော
စေတနာရှင်များအနေဖြင့်
၁။ ဦးသောဘနသီရိ(ကန့်ဘလူ)ကျောက်ကုန်းတောရမေဒီနီစာသင်တိုက်၊
ဓမ္မာသနကျောင်းဆောင် ၊အမှတ်(၁၄)ရပ်ကွက် ၊ရန်ကင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။
၂။ပီတိ(ပေကြီး) လိပ်စာတူ ။ ဖုန်း-၀၉၄၀၂၅၀၅၀၂၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
နယ်မှလှူဒါန်းလိုသူများ
ဘဏ်မှဖြစ်စေ ။စာရင်းပေး၍ဖြစ်စေ လှူဒါန်းနိုင်ပါသည်။
လေးစားစွာဖြင့် ပီတိ(ပေကြီး)
လတ်တလော လှူဒါန်းထားပြီးသူစေတနာရှင်များ
၁။ အိစံစံ
(ခေတ္တ-စင်္ကာပူ)
၁၀၀၀၀၀/တစ်သိန်းကျပ်။
၂။မျိုးဝင်းထွန်း
(ရန်ကုန်ရောက်ပေကြီးသား) ၁၀၀၀၀၀/တစ်သိန်းကျပ်။
No comments:
Post a Comment