ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Thursday, January 23, 2014

ဥပေက္ခာပြုခံရတာတွေများလာတဲ့အခါ

ဥပေက္ခာပြုခံရတာတွေများလာတဲ့အခါ
တစ်ယောက်ထဲ နေသားကျအောင် ကြိုးစား
တတ်လာတယ်

အလေးအနက်ထားပေးခြင်းမခံရတာတွေ
များလာတဲ့အခါ…ကိုယ်ဖြစ်ချင်တဲ့အရာတွေကို
ဖွင့်မပြောဖြစ်ပဲမြိုသိပ်တတ်လာတယ်

ဒီလိုပါပဲ…ပိုင်ဆိုင်ခွင့်မရှိတော့ဘူးဆိုတာ
သေချာနေတဲ့အခါ နင် ပျော်ရွှင်ဖို့တစ်ခုထဲအတွက်
ငါ စွန့်လွှတ်ပေးဖို့ ဆုံးဖြတ်တတ်လာတယ်

No comments:

Post a Comment