ဘာရည်ရွယ်ချက်နဲ့ အင်တာနက်သုံးတာလဲ
ညီမလေးရေ…
ခေတ်ကာလကြီးကအရမ်းတိုးတက်မှုပြန်ဆန်လာတော့
ယနေ့လူငယ်တွေ ခေတ်နောက်ကိုလိုက်ရင်း အပျက်အပျက်နဲ့နှာခေါင်းသွေးထွက်ဖြစ်လာကြတယ်။ ဒါကြောင့်ခေတ်ရဲ့ဝါးမျိုမှုတွေထဲကမှ
ညီမလေးတို့လို အရွယ်လေးတွေအတွက် အန္တရာယ်များလှတဲ့ အရာတစ်ခုအကြောင်းကိုပြောပြပေးချင်တယ်။
အဲဒါကတော့လူငယ်တိုင်းအသည်းစွဲဖြစ်နေကြတဲ့
အင်တာနက်ပေါ့ညီမလေးရယ်။ အင်တာနက်သုံးစွဲမှု ဟာ ကိုယ်တို့နိုင်ငံမှာ အရင်နဲ့မတူအောင်တိုးတက်များပြားလွန်းနေပြီ။
ဆယ်ကျော်သက်လေးတွေ အချိန်ရှိသ ရွေ့တကျက်ကျက်တချက်ချက်နဲ့ အင်တာနက်ကိုပဲ သဲကြီးမဲကြီး
သုံးနေကြတာ အလုပ်ပျက် အကိုင်ပျက် ကျောင်းပျက် အစားအသောက်ပျက်ပါပဲလားကွယ်။
အဲလိုအင်တာနက်ရောဂါစွဲနေသူတွေထဲမှာ ကိုယ့်ညီမလေးလည်းပါနေမယ်ဆိုတာ
ပင်လယ်ထဲရေရှိတာ ကမှလွဲချင် လွဲလိမ့်ဦးမယ်။ ဒီတော့ပေါ့ညီမလေးရယ် ကိုက အင်တာနက်မသုံးရလို့
မပြောလိုပါဘူး ။ ဒါကပြော လို့လည်း မရသလို တားမြစ်ပိတ်ပင်တဲ့ ဥပဒေသလည်း ထုတ်လို့မရပါဘူး။
ဒါပေမယ့် တစ်ခုလေးတော့ဖြင့် မေးပါရစေ၊ အာရည်ရွယ်ချက်နဲ့
အင်တာနက်သုံးတာလဲလို့ ။ ဒီမေးခွန်း ဖြေဖို့ အဖြေရှာမရဖြစ်နေမှာဟာ ညီမလေးတင်မကပါဘူး
လူငယ်တိုင်းနီးပါးဖြစ်နေလိမ့်မယ်။ ကို့ညီမလေးသေ သေချာချာစဉ်းစားကြည့်စမ်းပါ ။ငါဘာရည်ရွယ်ချက်နဲ့
အင်တာနက်သုံးနေတာလဲလို့။
များသောအားဖြင့် လူငယ်တွေဟာ တစ်ယောက်နဲ့တစ်ယောက်ချက်ခန်းကြီးပဲဝင်နေကြတဲ့
ခေတ်သစ် ကိုချက်ကြီးတို့ မချက်ကြီးတို့ဖြစ်နေကြတာ။ ဒါဟာဘ၀တိုးတက်ရေးနဲ့ နိုင်ငံတိုးတက်ရေးပါ
အရမ်းနစ်နာစေတဲ့ အချက်တွေပဲ။ ခုဆိုလူငယ်တိုင်းအင်တာနက် သုံးစွဲလာနိုင်တဲ့အခွင့်အရေးဟာ
ထမင်းစားရေသောက်ထက်ကို ပိုလွယ်လာတယ်။ အရင်က အင်တာနက်ဆိုတာမြို့ပြလူနည်းစုလောက်သာ အင်တာနက်ကဖီးတွေမှာသွားသုံး
ကြရတာ။ ခုတော့တန်ဖိုးနည်းဖုန်းတွေချပေးလာလို့ တောရောမြို့မှာပါ ကို့ဖုန်းနဲ့အင်တာနက်ချိတ်
သုံးလာနိုင် ကြပြီး၊ အချို့ ခြောက်တန်း ခုနှစ်တန်း ကျောင်းသားကျောင်းသူတွေတောင် ပါရဲ့။
တောရောမြို့ပါ အရွယ်မရွေးသုံးလာနိုင်ကြတာဟ
ပွင့်လင်းမြင်သာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီလို့ ပြောလို့ရပေမယ့် ကိုချက်ကြီးမချက်ကြီးလောက်သာလုပ်နေကြရင်တော့
ခေတ်သည် ဖွတ်မျိုးဆုတ်ပျက်လာပြီ လို့ ပြောရတော့မယ်။ ဒါကြောင့် ညီမလေးကို ကိုယ်ထပ်မေးမယ်
အာရည်ရွယ်ချက်နဲ့ အင်တာနက်သုံးတာလဲ။
ကိုမှတ်သားဖူးတဲ့ စကားလေးရှိတယ်။ ဘယ်အရာမဆို
မစမိစေနဲပ မတမိစေနဲ့ မအမိစေနဲ့တဲ့ လူဆိုတာ အပျော်အပျက်သိပ်ကြိုက်ကြတာ။ ဒါပေမယ့် အပျော်အပျက်ဆိုတဲ့အတိုင်း
အပျော်ရဲ့ နောက်မှာ အပျက်ဆိုတာ ရှိတယ်ညီမလေး ၊အပျော်ကြူးရင် အပျက်မှာ လူးခံရလိမ့်မယ်။
လူငယ်တွေအင်တာနက်သုံးလာတာဟာ လက်ရှိအနေအထားအပျက်ဘက်ကို
ဦးတည်နေကြတယ်။ ဘာလို့လဲဆိုတော့ စိတ်ရဲ့အပျော် ကိုသာ ဦးစားပေးနေကြလို့ပါ။ မစမိစေနဲ့ဆိုတာ
အဲလိုအပျော်ကနေအပျက် ရောက်ရမဲ့ အလုပ်မျိုးမစမိစေဖို့ ပြောတာ။
ဘာလို့အပျက်လို့ခဏတိုင်းပြောနေရတာလဲဆို ရည်ရွယ်ချက်လွဲမှားစွာအင်တာနက်သုံးနေကြလို့ပါ။အင်
တာနက်ကတစ်ဆင့်ဘာသာစကားအသီးအသီးသင်ယူနိုင်တယ်။ နည်းပညာပိုင်းဆိုင်ရာ၊ အနုပညာဆိုင်ရာ၊
ပညာရေးဆိုင်ရာ စတဲ့စတဲ့သင်ယူလေ့လာစရာတွေအများကြီးရှိတဲ့အပြင် စာအုပ်များစွာဖတ်တယ်။
သတင်း ပေါင်းစုံသိနိုင်တယ်။ ကိုယ်တိုင်လည်း ရေးတင်လို့ရနိုင်တယ်။
သို့သော် ဆယ်ကျော်သက်အများစုက အင်တာနက်ထိုင်လိုက်ပြီဆိုတာနဲ့
ဟိုင်း နေကောင်းလားသယ် ရင်း၊ နာမည်ဘယ်လိုခေါ်လဲ၊ ဘယ်မှာနေလဲနဲ့စပြော နောက်တော့ သတိရနေတာ
သိပ်ခင်တာပဲ ဖုန်းနံပါတ် လေးပေးပါလား နင့်ကိုသိပ်ချစ်တယ်ဟာ ´´နဲ့ပဲပြောရင်းအချိန်ကုန်နေကြတယ်။
ဘယ်အချိန် ဘယ်လိုလူနဲ့ ပြောပြော ဒီစကားတွေပဲ ထပ်နေကြတယ်။ ဒါနဲ့ပဲအချိန်တွေကုန် ဖုန်းနံပါတ်တွေကတစ်ဆင့်ဖုန်း
ဆက်ကြရင်း အပြင်မှာချိန်းတွေ့ကြ မိမသိ ဖမသိ လွတ်လပ်ချင်တိုင်းလွတ်လပ်နေကြတယ်။
ထွန်းကားလိုက်တဲ့နည်းပညာကလဲ တစ်ဦးတစ်ယောက်နဲ့
အင်ဗွိက်လုပ်ဖို့ ချက်တင်ဝင်နိုင်ဖို့တီထွင် ထားတဲ့ appk ဆော့ဝဲတွေကလဲများမှများပဲ
အရင်က face book ၊ galk၊ vzo ၊ yahoo တို့လောက်သာ
ရှိပေမယ့် ခုနောက်မှာ ning ဆိုက်များ တွတ်တာများ Skype ၊ go chat ၊ we chat ၊
tango၊ viber ၊ Aire Talk စတာတွေနဲ့ စာ၊ အသံ ၊ ရုပ်ချက်လို့ရနေတယ်။
ယောက်ျားလေးတွေက တစ်ဘက်က မအာရုံကိုစွဲမက်၊
မိန်းကလေးတွေက တစ်ဘက်ကဖိုလ်အာရုံကိုစွဲ မက်ပြီးချက်နေကြတာ ခဏအပျင်းပြေရုံသုံးတာပါဆိုပြီး
အစွဲကြီးစွဲမသုံးရမနေနိုင်အောင်ဖြစ်နေကြတာ။ စာတစ် ပုဒ်ကိုဖတ်ဖို့ပျင်းတဲ့သူတွေက အွန်လိုင်းမှာ
၁၀နာရီဆက်တိုက်ထိုင်ချက်တဲ့ လူမျိုးတွေများစွာတွေ့ခဲ့ဖူးတယ်။ ဒါကြောင့် မစ မိစေနဲ့လို့ပြောတာ။
ဒီလိုနေ့တိုင်းစွဲမြဲစွာသုံးနေရင် ငွေကုန်မယ်
တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးရမယ် မျက်စိနဲ့ အညောင်း ကိုက်ရောဂါတွေခံစားလာရမယ်။
ပညာရေးနောက်နှေးသွားမယ်။ ကိုယ်ကျင့်တရားတွေ ဆုတ်ယုတ်လာလိမ့် မယ်။ လူငယ်တွေကဒီလိုဖြစ်နေရင်
လူငယ်မှသည်အရည်ချင်းမှီတဲ့လူကြီးများအဖြစ်သို့ စောင့်မျှော်နေတဲ့တိုင်း ပြည်ကြီးကဘယ်မှာ
သွားတိုင်းတက်နိုင်တော့မလဲညီမလေးရယ်။
အွန်လိုင်းမှာ သူငယ်ချင်းမထားရဘူးမဆိုလိုပါဘူး။
ဒါပေမယ့် နေကောင်းလား၊ စားပြီးလား၊ သတိရနေ တာ၊ အရမ်းချစ်တယ်ဆိုတာမျိုးတွေ တစ်ယောက်ပြီးတစ်ယောက်ပြောနေတာထက်
သူငယ်ချင်းရဲ့ပညာရေး၊ စီး ပွားရေး၊ အနာဂါတ်ရည်ရွယ်ချက်တွေ မေးကြဆွေးနွေးကြ ပညာချင်း
ဖလှယ်သင်ယူကြရင်မကောင်းဘူးလား။ ကိုဆို နည်းပညာပိုင်းဆိုင်ရာအတော်ရနေပြီ အဲဒါအွန်လိုင်းပေါ်ကသူငယ်ချင်းတွေဆီက
ဟိုကနဲနဲ ဒီကနဲနဲသင် ယူထားလို့ပါ၊ ကိုသိတာလည်းသူတို့ကိုပြန်သင်ပေးတယ်။
ဒါကြောင့်ကိုယ့်အတွက်ကျန်အောင် သုံးပါ၊ အင်တာနက်ချက်တင်ဝင်လို့
ကုန်လွန်သွားတဲ့အချိန်တွေ ငွေတွေနဲ့ကာမိအောင် ပညာဗဟုသုတ တွေပြန်ရအောင်လုပ်စမ်းပါ။ နေ့စဉ်ရက်ဆက်
ချက်ခန်းကမတက်ရင် တော့ ကိုယ့်ဘ၀ပါတစ်နေ့ပေးလိုက်ရမယ်ဆိုတာ စိတ်ထဲထည့်ထားပါ။ အင်တာနက်သုံး
လူတိုင်းကို ဟေးလား ၀ါးလားပြော ဖုန်းနံပါတ်တောင်း ချစ်တယ်ပြော၊ အပြင်မှာချိန်းတွေ့တဲ့အများစုဟာ
ရာခိုင်နှုန်း ၁၀၀%ပြည့်ရည်း စားရသလောက်ထားသူဖြစ်တယ်။ ၉၀%ရာခိုင်နှုန်းကိုယ်ကျင့်တရားပျက်စီးကြသူတွေဖြစ်တယ်။
ကိုယ်တော့ ဒီလိုလေးလေ့လာသိထားတယ်။
ပြီးခဲ့တဲ့၂၀၁၃ နိုဝင်ဘာလလောက်တုန်းက တရုတ်နိုင်ငံက
အသက်၆၀ အရွယ်အဖွားကြီးတစ်ယောက် ဟာသူ့ဘ၀လက်ကျန်အချိန်တွေကို တစ်ယောက်ထဲမဖြတ်သန်းလိုတဲ့အတွက်
ဖူးစာရှာဝက်ဆိုက်ကနေပြီး ချစ်သူရှာရာကနေတွေ့တဲ့ စစ်ဗိုလ်အယောင်ဆောင်ထားတဲ့တစ်ဘက်က ချစ်သူကိုယုံကြည့်ပြီး
ငွေပေါင်းများ စွာအညာခံလိုက်ရတယ်ဆိုတာရယ် ၊ နောက်နိုင်ငံတစ်ခုမှာ ယောက်ျားကရက်ရှည်ခရီးသွားနေတုန်း
အခြားတစ် ယောက်နဲ့ဖောက်ပြားလိုတဲ့အတွက် အင်တာနက်ကလူကို တည်းခိုခန်းမှာချိန်းလိုက်ပြီး
သွားခဲ့ရာက တည်းခိုခန်း ဘိုကင်လုပ်ထားရာအခန်းထဲကိုရောက်မှ ချိန်းထားသူဟာ အိမ်မှာအတူနေနေတဲ့
ယောက်ဖထီးကြီးဖြစ်နေ တယ်။ ဖြစ်ချင်တော့ ခရီးကပြန်လာတဲ့ယောက်ျားကမိန်းမသွားရာကိုခြေရာခံလိုက်လာတာမို့ပိုပြီး
အရှက်တကွဲ ဖြစ်ခဲ့ရတဲ့အကြောင်းတွေ ညီမလေးလည်းဖတ်ပြီးဖြစ်ပါလိမ့်မယ်။ ကိုတို့နိုင်ငံမှာလဲ
ဒီလိုမျိုးအကျင့်ဖောက်ပြား လိမ်ညာမှုတွေများစွာရှိနေတယ်ဆိုတာ ခါတိုင်းလည်းကိုခဏတိုင်းရေးနေလို့
ညီမလေးကိုထူးပြောနေဖို့လို မယ်မထင်တော့ပါဘူး။
ညီမလေးရေ အင်တာနက်ချက်ခန်းဝင်တော့မယ်ဆို
အိမ်မှာ ရှိတဲ့ မိဘကိုငဲ့စမ်းပါ။ မိဘသွေးချွေးနဲ့ ရှာ ထားတဲ့ငွေကို ကိုယ်ကအလဟဿကုန်အောင်
သုံးနေတော့မှားလား။ ဒါကြောင့်လူငယ်သဘာဝအပျော်ကြိုက် ဖိုလ် မ အာရုံစိတ်ကစားတာကို ဦးစားပေးပြီး
တဟိုင်း ဟိုင်း နက်သုံးနေကြမဲ့အစား ကိုယ့်အတွက် အသိပညာ အတတ်ပညာ ဗဟုသုတများရဖို့ အင်တာနက်သုံးရင်
မကောင်းပေဘူးလား။ ဒီတော့ဘယ်ကမှန်းမသိ၊ ဘာမှန်း မသိတဲ့ လူကို ချက်နေတာမျိုးမစမိအောင်
ဆင်ခြင်ပါ။
မတမိစေနဲ့ဆိုတာက နောင်တကိုပြောတာ နောင်တဆိုတဲ့သဘောက
၁။ မလုပ်သင့်တာကိုလုပ်မိရင် နောင်တရတယ်။ ၂။ လုပ်သင့်တာကိုမလုပ်မိရင်လည်းနောင်တရတယ်
တဲ့ ခုလိုငယ်ရွယ်စဉ် အင်တာနက်ချက် ရွန်းမှာနစ်မွန်းနေရင် အချိန်တွေငွေတွေအကျိုးမဲ့စေတယ်။
ဘ၀တိုးတက်သင့်သလောက်မတိုးတက်ဘူးဒီတော့ နောင်မှာနောင်တရလိမ့်မယ်။နစ်မွန်းပြီး chat ကောင်းနေတုန်းအချိန်မှာ
ဒီလိုမြင်မိမှာမဟုတ်ဘူး နောင်ပြန်တွေး မှဘာမဟုတ် အဓိပ္ပါယ်မဲ့တဲ့အလုပ်ဆိုတာသိလိမ့်မယ်
။အမြင်မှန်ရလိမ့်မယ်။နောင်မှဆိုတာ အချိန်တွေနှောင်းပြီ ဆိုတာသတိပြုရလိမ့်မယ်။
ကိုလည်းအင်တာနက် စသုံးစဉ် (၈)လလောက်ထိ ချက်ရွန်းမှာ
နစ်မွန်းခဲ့မိပါတယ်။ နစ်မွန်းလိုက်တာမှ မသုံးရမနေနိုင် ကိုယ့်ငွေမရှိသူများချေးတယ်။
ချိန်းထားတဲ့အချိန်တိုင်း ချက်ရွန်းရောက်ဖို့ဆိုင်ကိုပြေးရတယ်။ ပြောမိပြီဆိုရင်လည်း
စားသောက်ဖို့မေ့တယ်။ အလုပ်ခဏတိုင်းပျက်တယ်။ အုတ်တံတိုင်းပေါ်ခဏတိုင်းကျော် တက်ခဲ့ဖူးတယ်။
ဒီလိုနဲ့ငွေကုန် အအိပ်ပျက် ၊အစားပျက် အားပျက်ပါများလာမှ
ကိုယ်လုပ်နေတာမဟုတ်မှန်းသိလာခဲ့ တယ်။ နောင်တတွေရခဲ့တယ်။ ဒါပေမယ့် ဘယ်ကောင်မလေးကိုမှအပြင်မှာချိန်းမတွေ့ခဲ့ဖူးဘူး။
နောက်မှငါလုပ် နေတာလူကိုအကျိုးမဲ့ဖြစ်စေတယ်ဆိုတာနားလည်လာပြီး ချက်ရွန်းထက် ပညာရပ်ဆိုင်ရာ
သတင်းဆိုင်ရာတွေ ဘက်ပြောင်းသုံးခဲ့တယ်။ဒီတော့မှ အွန်လိုင်းရဲ့တန်ဖိုးကိုသိခဲ့ရတယ်။
အွန်လိုင်းမှာ ၀င်ငွေရအောင်လုပ်ယူနည်း တွေများစွာတွေ့ရတယ်။ ကိုယ်က အစစ်အမှန်ပညာ နဲ့ဘ၀တိုးတက်ရေးကိုသာ
ဦးတည်သုံးတဲ့အတွက် ကိုယ်နဲ့ တွေ့တဲ့သူတွေက လည်း တကယ့်သူငယ်ချင်းအစစ်အမှန်တွေတွေ့ခဲ့ရတယ်။
အပြင်မှာလည်းအခွင့်လန်းများစွာ ရလာတယ်။ နောက်အွန်လိုင်းကတစ်ဆင့် ပရဟိတအသင်းတွေတည်ထောင်ပြီး
အလှူတွေလုပ်ဖြစ်ခဲ့တယ်။စအ သုံးပြုကတည်းက ဒီလိုဖြစ်သင့်တယ်ဆိုတာ ပြန်တွေးပြီး ကုန်လွန်ခဲ့တဲ့အချိန်တွေကို
နှမျှောတသစွာနောင်တရ မိတယ်။ကို့ညီိမလေးလည်းအချိန်မှီပါသေးတယ်။ နောင်မှတတဲ့နောင်တတရားများမရခင်ရည်ရွယ်ချက်ပြောင်းပြီး
အင်တာနက်အသုံးပြုစေချင်တယ်။
မအမိစေနဲ့ဆိုတာ ဘာမဆို သူများလုပ်တာအဟုတ်ထင်
အားနာပြီးမအမိစေနဲ့ပြောတာ၊ လူတိုင်း International ဖြစ်တဲ့ Internet ကိုသုံးနေကြပေမယ့်
အ နေကြတဲ့သူတွေကများစွာပါပဲ။ဖတ်သင့်တာမဖတ် တော့အ ၊နည်းပညာတွေမဖတ်တော့အ၊ အဆိုးဆုံးကတော့
ဘာအကြောင်းပြချက်မှခိုင်လုံအောင်မသိရတဲ့ ချက် ရွန်းကတစ်ဘက်လူရဲ့အပြောကောင်းမှုမှာ ယုံကြည်စွဲလန်းစွာအညာခံနေရတာပါပဲ။
အ လွန်းလို့အင်တာနက် ကလူကိုအပြင်မှာတွေ့ ဘ၀နဲ့ဥစ္စာတွေပေးလိုက်ရသူတွေများနေတာပေါ့။
ကဲကိုပြောတာများသွားပြီ အင်တာနက်နဲ့ပတ်သက်ပြီး
ပြောချင်တာတွေအများကြီးရှိသေးတယ်။အခွင့် သင့်မှကိုထပ်ပြောပြဦးမယ်။ကို့ညီမလေး မစမိအောင်
၊ မတမိအောင်၊ မအမိအောင် အရာရာရှောင်ရှားပြီးလမ်း မှန်ပေါ်မှာ ရည်ရွယ်ချက်ကောင်းစွာလျှောက်လှမ်းနိုင်ပါစေ။
``အင်တာနက်ကို သူငယ်တန်းကလေးတစ်ယောက်လိုမသုံးပါနဲ့
စီးပွားရှာသူတစ်ယောက်လိုသုံးပါ´´
``အချိန်နှင့်ငွေကိုအကျိုးမဲ့သုံးသူသည် ကိုယ့်ဘ၀ကို
ရိုက်ချိုးသူမည်၏´´
``အကျိုးမဲ့၌မွေ့လျော်နေလျှင် အကျိုးစီးပွားတို့သည်
မိမိထံမှ စွန့်ခွာသွားမြဲဖြစ်သည်။´´
``အပျော်ကြူးလျှင် အပျက်ဆူးတို့စူးလိမ့်မည်´´
ညီမလေးပုံ့ရဲ့
ချစ်သောအစ်ကို
ပီတိ(ပေကြီး)
No comments:
Post a Comment