ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Wednesday, November 20, 2013

ဒီတစ်ခါနွေဦးးးလေရူးမလာ

ဒီတစ်ခါနွေဦးးးလေရူးမလာ
***************

နွေကန္တာအလယ်မှာ
ငါမားမားမတ်မတ် ရပ်တည်ရင်းး
နှောင်းအတိတ်ဆီက
လေပြေရေ မင်းကို ငါလွမ်းမိပါတယ်

ဒီတစ်ခါ ငါရပ်နေတဲ့ နွေဦးမှာ


လေရူးတွေမလာကြတော့ဘူးဟ

သူတို့တွေက
ငါနဲ့နင့်ကို သစ္စာပျက်ကုန်ကြပြီ ထင်ပါရဲ့ဟာ

ယမန်နှစ် ဒီအချိန်မှာ ငါ့ကို သူတို့ကပြောသွားကြတယ်

ငါပြန်လာမယ်တဲ့လေ . . . . .

ငယ်ငယ်ကတည်းက
ငါက ပုံပြင်ငတ်နေသူဆိုတော့
သူတို့ပြောသမျှ ယုံတမ်းတွေကို နှစ်သက်မိတာပေါ့

ဖြစ်သမျှနဲ့ပျက်သမျှက
ငါ့အပြစ်တွေပါဟာ

သူတို့တွေက မယုံရပေမယ့်
ချစ်စရာ မုသားတွေတော့ သုံးတက်သားဟ

ငါလေ တကယ်တမ်း ဝန်ခံရရင်
လေရူးတွေ နဲ့ပါလာမယ့်
နင်ရဲ့ကိုယ်သင်းရနံကို တမ်းတတာပါဟာ

သူတို့မလာလေတော့
ငါ မရခဲ့ဘူးးးပေါ့ဟာ

လောကရဲ့ နိယာမအလွဲတွေနဲ့
ဘဝရဲ့ သီအိုရီ အမှားတွေကြားမှာ
နင်နဲ့ငါတွက်ချက်မှုပုံစံတွေ အံမဝင်ခဲ့တာပါဟာ

မတရားလိုက်တာဟာ

ငါရင်နာတယ်ဟာ
တခါတခါ
ဘဝထင်ထားတဲ့ ဖြစ်တည်မှုတွေ
ပျက်သုန်းချိန်မှာ ပေါ့

နေပါစေတော့ဟာ

ငါ မရနိုင်တဲ့ အရာတွေတမ်းတနေမယ့်အစား
နင်နဲ့ငါသွားခဲ့ဘူးတဲ့
လမ်းရိုးအတိုင်း လှမ်းရင်းးးးးးးးးးးး
ငါ့ရင်ဝကိုငါ ပိုမိုစူးနစ်စေမယ့် လှံရှည်ကို စွဲသွင်းလိုက်တော့မယ်

ဒါဏ်ရာhttps://www.facebook.com/golden.fish.98837399/posts/467162863403541

No comments:

Post a Comment