ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, October 13, 2013

တမ်းတခြင်း

ဘာရယ်မဟုတ်ပါဘူး…..
ကိုယ်ကြည်နူးဝမ်းသာတဲ့ အခါ ပြောပြချင်ရုံလေးပါ

ဘာရယ်မဟုတ်ပါဘူး….
စားကောင်းသောက်ဖွယ်လေးတွေ ချက်ပြုတ်တဲ့ အခါ
သူ့ ကို ကျွေးချင်ရုံလေးပါ

ဘာရယ်မဟုတ်ပါဘူး….
ဝမ်းနည်းနာကြင် ရင်မှာခံစားရသမျှ
သူ့ ပုခုံးလေးမှီ ရင်ဖွင့် ချင်ရုံလေးပါ

ဘာရယ်မဟုတ်ပါဘူး….
သူမောပန်းနေတဲ့ အခါ
ဖေးမနှစ်သိမ့်ချင်ရုံလေးပါ

ဘာရယ်မဟုတ်ပါဘူး….
ထမင်းရည်ချောင်းစီး မောင်းတီးပြီး
သူနဲ့ အတူတူ လှူမိချင်ရုံလေးပါ

ဘာရယ်မဟုတ်ပါဘူး….
ကောင်းကင်ပြင်မှာ လမင်းကြီးသာရင်
သူ့ ကို ရည်စူးတမ်း တတိုင်တည်မိရုံလေးပါ
ဘာရယ်မဟုတ်ပါဘူး…..

နှလုံးသားမှ ကြင်နာချစ်ခြင်း ပွင့် ပွင့် လင်းလင်း
သူ့ ကို ပြောပြခွင့် ရချင်ရုံလေးပါ…….။
                                                

No comments:

Post a Comment