ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, October 13, 2013

ပေးဆပ်မျက်ရည်


တဖက်လူ(ကျွန်မ)ကျရှုံးဖို့

သူ့(ကျွန်မ)နှလုံးသားကို

ထိုးစစ်ဆင်ခဲ့တယ်ဆို

ခုချိန် သူတယောက်တော့

ဆုလာဘ်တို့ချီးမြင့်ခံရလိမ့်မယ်


အရာရာကိုဆုံးရှုံးစေဖို့ဦးတည်ချက်နဲ့ဆို

ခုချိန် သူတယောက်တော့

ပြုံးပျော်နေလိမ့်

. . . . .
ကျွန်မကို ဥပေက္ခာပြုခြင်းက

သူ့အပြုံးတပွင့်ဖန်ဆင်းပေးနိုင်တယ်ဆို

ရင်းနှီးရတာတန်ပါတယ်

ရတယ် ကျွန်မကိုမေ့ထား

ရှင့်အပြုံးတပွင့်တော့ခူးပါရစေ

. . . . .

ကျွန်မကို လျစ်လျူရှုခြင်းအားဖြင့်

သူတယောက်ပျော်ရွှင်မယ်ဆို

ရတယ် ဆက်မေ့ထားလိုက်ပါ

ရှင့်ရဲ့မကျန်းမာခြင်းတွေတော့ယူသွားပါရစေ

. . . . .
ကျွန်မ ကိုဝမ်းနည်းစေသောအားဖြင့်

သူတယောက်

ဆက်လျှောက်မယ့်ခရီး

သာယာဖြောင့်ဖြူးမယ်ဆို

ရတယ် ထပ်မေ့ထားလိုက်

ရှင့်ရဲ့ဝမ်းနည်းခြင်းတွေ

ကျွန်မ ပိုင်ဆိုင်ခွင့်ရှိပါရစေ

. . . . .

ဒီဘဝအတွက်

နှလုံးသားနှင့်ပတ်သက်သော

တောင်းဆုတခု

မသေဆုံးခင်ပြည့်ပါရစေ

. . . . .
ကျွန်မမျက်ရည်တွေနဲ့

သူ ပျော်ပါစေ

*အမြတ်တနိုး*

No comments:

Post a Comment