ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Sunday, October 13, 2013

ချစ်ခြင်းတရား


ချစ်ခြင်းတရားရဲ့ရင်ခုန်ခြင်းတွေထဲ

မနက်ဖြန်တွေမိုးသောက်ခဲ့

တောက်ပတဲ့နေမင်းရဲ့အလင်းရောင်နဲ့
. . .

မျှော်လင့်ခြင်းမဲ့ အကြင်နာတရားတွေထဲ

သန်းခေါင်ယံတွေ လင်းလက်ခဲ့

မှောင်မိုက်ဆဲ မဟူရာရဲ့အလင်းရောင်နဲ့
. . .

ချစ်ခြင်းနဲ့မုန်းခြင်းတရား လွန်ဆွဲပွဲမှာ

မမျှတတဲ့အင်အားတို့နဲ့

မနိုင်မှန်းသိသိရက်နဲ့

တစွန်းတစသောမျှော်လင့်ချက်တခုအတွက်

ရူးမိုက်စွာနဲ့ ခေါင်းမာနေမိ

ကျွန်မကိုချစ်လေမလား မုန်းနေမလား!
. . .

အနိုင်မယူလိုသူရဲ့အရှုံးပန်းတပွင့်

ပျော်ရွှင်စွာခူးဆွတ်ပါ

နင်းခြေဖို့ရည်ရွယ်ခဲ့လည်း

ကြေမွခြင်းမရောက်ခင်

' သူ့ 'လက်ထဲတော့ကြွေဆင်းရမှာမို့

ကျွန်မ

အရာရာကိုကျေနပ်တယ်




*အမြတ်တနိုး*

No comments:

Post a Comment