ချစ်သူတို့ဆုံရာမြေတွင်အချစ်အမေးအဖြေကဏ္ဍနှင့် အချစ်ရင်ဖွင့်သံများကဏ္ဍတွင် မိမိတို့၏အချစ်ရင်ဖွင့်သံများနှင့်အချစ်မေးခွန်းများဖော်ပြပေးစေလိုက loversoneyarblogspot@gmail.com သို့လိပ်မူ၍ရင်ဖွင့်သံများလွတ်လပ်စွာပေးပို့နိုင်ပါသည်။ အမေးအဖြေကဏ္ဍအတွက် တစ်ပတ်အတွင်းအဖြေကိုပြန်လည်ဖော်ပြပေးပါမည်။ အားလုံးကိုချစ်ခင်လေးစားလျှက်......


Saturday, July 13, 2013

တမ်းတ နေပါတယ် ခမ်း

တမ်းတ နေပါတယ် ခမ်း

ချစ်သောခမ်းရေ....
မနှစ်က ဒီအချိန်များ
ခရီးတွေ အတူသွားခဲ့တယ်။
အပူများတဲ့အခါ
ဖြေစရာ စကားလုံးတွေနဲ့
ဝေဒနာပွား အမုန်းတွေကို

ရေပမာ ထားသုံးစေခဲ့တယ်
စေတနာ အထားဆုံးတွေပါ ခမ်း....။

တိုင်ပင်နှီးနှော
တွေးတော စဉ်းစား
သုံးသပ်စရာများကို
ဆုံးဖြတ်ပေးခဲ့တာလည်း
ခမ်း ပါပဲ ခမ်း...။

အေးအတူ ပူအမျှ
တူတကွ ပူမျှ ခံစား
အားတွေ မွေးပေးခဲ့တာလည်း
ခမ်း ပဲပေါ့ ခမ်း...။

တစ်ခါတစ်လေမှာ
မျက်ရည် ဝေဒနာတွေ ဖြာဖြာကျ
ဘယ်တော့မှ မေ့မရ
ရင်ဘတ်တွေ ရင်းနှီးခဲ့ကြတယ် နော် ခမ်း...။

အခုတော့ တစ်ယောက်တည်းလွမ်း
တမ်းတရုံကလွဲလို့
မှန်းဆမိတဲ့ ရက်တွေသာ ကဗျာတွေဖြစ်
အရင်လိုနေ့ရက်တွေကို
ပြန်လိုချင်မိတယ် ခမ်း ရယ်.....။

မဲခေါင်
၂၈-၀၆-၂၀၁၃

No comments:

Post a Comment