တစ်ပတ်တာကံကြမ္မာ(ဇွန်၂ ရက်မှာဇွန် ၈ ရက်အတွင်း)
တနင်္ဂနွေ
ကြိုစားအားထုတ်ရမယ့်အချိန်ရောက်နေပါပြီ။
တခြားလူတွေကို အားကိုနေတာထက် ကိုယ်ကိုတိုင် တက်တက်ကြွကြွလုပ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
ညီအစ်ကိုမောင်နှတွေက ၀ိုင်းဝန်းကြပါလိမ့်မယ်။ သူတို့ရဲ့အကြံဉာဏ်ကိုအလေးထားပါ။ လိပ်ပြာပုံပါတဲ့
အ၀တ်အစားပစ္စည်းတစ်ခု အသုံးပြုဝတ်ဆင်ပါ။
ယတြာ-စေတီတော်ရင်ပြင်ကိုသွားပြီး သန့်ရှင်းရေးကုသိုလ်လုပ်ပါ။
တနင်္လာ
သိက္ခာရှိရှိ
တည်တည်တံ့တံ့
နေထိုင်ပါ။ အဲဒီလိုနေထိုင်ခြင်းကလည်း သင့်လိုလားချက်တွေရရှိအောင် ဖြည့်ဆည်းပေးလိမ့်မယ်။
ခရီးတိုလေးတွေမကြာခဏထွက်ပေးခြင်းဖြင့် အခွင့်အလမ်းပွင့်လာလိမ့်မယ်။ ကျောက် မျက်ရောင်းမှား၊၀ယ်မှားဖြစ်တတ်တယ်။
မျက်စိထဲ ဖုန်သဲမ၀င်အောင်ဂရုစိုက်ပါ။ အစိမ်းရောင် ပစ္စည်းတစ်ခုခုဆောင်းသွားပါ။
ယတြာ-အိမ်နီးနားချင်းကလေးတွေမုန့်ဝေပါ။
အင်္ဂါ
ကျန်းမာရေးဂရုစိုက်ပါ
။ငွေကြေးနဲ့ပတ်သက်ရင် ရှင်းရှင်းလင်းလင်းရှိပါစေ။ အများပိုင်ငွေသိမ်းထားမ ပေးပါနဲ့။
မိသားစုကိုရော လုပ်ငန်းခွင်မှာပါစိတ်တိုင်းမကျတာတွေရှိပေမယ့်ချစ်သူရဲ့ဖြေသိမ့်မှုနဲ့
အမောပြေရ ပါလိမ့်မယ်။အနက်ရောင်ရင့်ရင့် ပစ္စည်း၊အ၀တ်အစားကစန်းပွင့်စေနိုင်တယ်။
ယတြာ-ဘုရားသောက်တော်ရေကပ်လှူပါ ။အလှူလုပ်ပါ။
ဗုဒ္ဓဟူး
ဂုဏ်သိက္ခာရှိတဲ့
ဆောင်ရွက်မှုနဲ့နာမည်ကျော်လာလိမ့်မယ်။ အိမ်အလုပ်တွေ၊ပြင်ပလုပ်ငန်းတွေ မနားမ နေလုပ်ေနရမယ်။စိတ်ကိုတော့ရှင်းရှင်းအေးအေးထားပါ။
သူငယ်ချင်းတွေနဲ့သီးသန့်အချိန်ပေးပြီးတော့ ဆွေးနွေးတိုင်ပင်ပါ။ အချစ်ရေးခဏမေ့ထားပေါ့။
အနီရောင်တောက်တောက်ပစ္စည်းတစ်ခုသုံးစွဲပါ။
ယတြာ-ကျောင်းသုံးပစ္စည်းတစ်ခု ကုသိုလ်ပြုပါ။
ကြာသပတေး
ငွေဝင်ကြမ်းနေမယ်။
အဖိုးတန်ပစ္စည်းတွေဝင်လာမယ်။ မိသားစုနဲ့ရောချစ်သူနဲ့ပါ ငြင်းခုံစရာတွေပေါ် လာနိုင်ပေမယ့်ကိုယ့်ဘက်ကတိတ်တိတ်လေးပဲနေပေးလိုက်ပါ။
ကိုယ်တစ်ယောက်တည်းစိတ်ြ ငိမ်တဲ့နေရာလေးမှာ အနားယူအားဖြည့်ပေးပါ။ အဖြူရောင်အ၀တ်အစားက
စိတ်လှုပ်ရှားစရာဖြစ်ပါလိမ့်မယ်။
ယတြာ-အလုပ်အဆင်မပြေတဲ့သူငယ်ချင်းကို တစ်ခုခုသွားကျွေးပါ။
သောကြာ
အပြိုင်အဆိုင်
မနာလိုသူတွေဝိုင်းဝိုင်းလည်နေတတ်ပါတယ်။ အချိန်တန်တော့ သူ့ဘာသာပြေလည် သွားမှာပါ။ဘာမဆိုစေတနာပါပါနဲ့လုပ်ကိုင်ပေးပါ။
သူငယ်ချင်းရဲ့အကြံဉာဏ်နားယောင်ပြီးတော့ ချစ်သူကို အကြပ်မကိုင်သင့်ဘူး။ အ၀ါရောင် အသုံးအဆောင်
ကစန်းပွင့်စေပါတယ်။
ယတြာ-အိမ်ကဘုရားစင်မှာ ကံ့ကော်ပန်းတွေ ဝေဆာပါစေ။
စနေ
ကျန်းမာရေး
နည်းနည်းချူချာနေလိမ့်မယ်။ အများနဲ့ဆိုင်တဲ့ အကျိုးပြုလုပ်ငန်းတွေ လုပ်ဆောင်ခွင့်ရ
မယ်။အထက်လူကြီးနဲ့မိဘများရဲ့သြ၀ါဒကိုဂရုတစိုက် မှတ်သားလိုက်နာပါ။ကြည်ပြာရောင်ကို ရွေးချယ်
ဝတ်ဆင်ပါ။
ယတြာ-တန်ခိုးကြီးဘုရားမှာ နှင်းဆီနီနီ ရဲရဲတစ်စည်းကပ်လှူပါ။9
No comments:
Post a Comment